Slideshow Image 2

ယ​နေ့တိုက်​ပွဲများ သတင်းစု

Hka Kamai
ယ​နေ့မနက်​ပိုင်း တနိုင်း​လမ်း​ကြောင်း ခွမ်​စိုင်​ဇွတ်​တွင်​ အစိုးရတပ်​စစ်​​ကြောင်းနှင့်​ တိုက်​ပွဲဖြစ်​ပွားရာ ၅ ဦးထက်​မနည်းထိခိုက်​၊
တနိုင်း​ဒေသ ဂျာထူဇွတ်​ တွင်​လည်း မ​နေ့က​နေ ယ​နေ့ည အချိန်​ထိ တိုက်​ပွဲဖြစ်​ပွား​နေသလို အစိုးရတပ်​အကူ မန်​ပန်​ စခန်းက​နေ​ပေး​နေတယ်​လို့သိရှိရ၊
ယ​နေ့ည ၈ နာရီ နန္မတီး ကံလှရွာထဲ အစိုးရ စကခ ၃ ​တွေ အင်​အား ၁၀၀ ခန့်​ ဖြင့်​ တပ်​လှန့်​ထား​ကြောင်း ​​ဒေသခံ ရှမ်း​တွေ သတင်း​ပေးချက်အရသိရှိရ၊

ရှမ်း​မြောက်​ဘက်​ Kachin Sub-state အ​ရှေ့အရပ်​က မွမ်​ဂို ​ဖောင်းဆိုင်​ဘက်​ အစိုးရတပ်​မ ၉၉ ထိုးစစ်​ဆင်​လာရာ KIA တပ်​မဟာ ၆ တပ်​ရင်း ၃၆ ​ရှေ့တန်း ကင်းစခန်းကို အစိုးရတပ်​က ယ​နေ့ည​နေ ၃း၁၅ ထိုးစစ်​ဆင်​သဖြင့်​ ခုခံတိုက်​ခိုက်​ရာ အစိုးရတပ်​က လက်​နက်​ကြီးများ အဆက်​မပြတ်​ ပစ်​ခတ်​၊
အစိုးရတပ်​က ပွဲချင်းပြီး ၄ ဦး​သေ ၁၀ ဦးအထက်​ ထိခိုက်​နိုင်​​ကြောင်း သိရှိရ၊

ဖားကန့်​ လမ်း​ကြောင်း​ပေါအစိုးရတပ်​ အင်​အား ၂၀၀ ​ကျော်​ ​နေရာယူထား​နေပါတယ်​ ​ကျေးရွာများတွင်​ ပြည်​သူများကို အကာအကွယ်​ လူသား တံတိုင်းအဖြစ်​အသုံးပြု​နေပြီး ရွာဝန်းကျင်​ လက်​နက်​ကြီး ပစ်​ခတ်​မှု့များ​ကြောင့်​ ပြည်​သူများ လယ်​ယာမဆင်းနိုင်​သလို ကျွဲနွားများ လက်​နက်​ကြီးထိမှန်​​သေဆုံး​နေကြောင်းသိရှိရပါသည်။

0 comments:

Post a Comment