Slideshow Image 2

နိုင်ငံတော်သမ္မတ ကချင်ပြည်နယ်သို့ပထမဆုံးအကြိမ် ရောက်ရှိ

ပထမဆုံးအကြိမ် ခရီးစဉ် အဖြစ် နိုင်ငံတော်သမ္မတသည် ယနေ့ ၂၀၁၄ မတ်လ ၁၆ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အတူ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုဝန်ကြီးများနှင့် အတူ မြစ်ကြီးနားသို့ ရောက်ရှိခဲ့ကြသည်။ 

ကချင်ပြည်နယ်အစိုးရနှင့် ဒေသခံရပ်မိရပ်ဖများသည် နိုင်ငံတော်သမ္မတကြီးအား မြစ်ကြီးနား လေယာဉ်ကွင်းမှ မြို့တော်ခန်းမထိ လမ်းတစ်လျှောက် နှင့် မြို့တော်ခန်းမဆောင်တွင် နံနက် ၇ နာရီကျော်မှ စောင့်နေခဲ့ကြသည်။ နိုင်ငံတော် သမ္မတလည်း နံနက် ၁၁ နာရီထိုးခါနီးတွင် မြစ်ကြီးနာမြို့သို့ ရောက်ရှိခဲ့သည်။

ကချင်ပြည်နယ်ရှိ မြို့မိ မြို့မများနှင့် မြို့တော်ခန်းမတွင် တွေ့ဆုံခဲ့ပြီး ၀န်းသိုကျောင်းတိုက်တွင် ဆရာတော်များနှင့် တွေ့ဆုံခဲ့သည်။ ထိုနောက် ကချင်ပြည်နယ်ရှိ ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံပြီး မြစ်ကြီးနား တက္ကသိုလ်၊ ဆေးရုံကြီးတို့တွင်လည်း သွားရောက်ခဲ့သည်။ 

ယခုအချိန်သည် အစိုးရသည် ပြည်တွင်းငြိမ်းချမ်းရေးအား အလေးထားဆောင်ရွက်လျှက်ရှိရာမှ တပ်မတော်သည်လည်း အစိုးရနှင့် တစ်ထပ်တည်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတမှဆိုသည်။ 

တာဝန်ထမ်းဆောင်ခဲ့သည့် (၃) နှစ်အတွင်း သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ ရခဲ့သကဲ့သို့မမျော်လင့်တဲ့ ခက်ခဲမှု အကြပ်အတည်းတွေ စိန်ခေါ်မှုတွေ တွေ့ဆုံခဲ့ရသော်လည်း နိုင်ငံသားအားလုံးရဲ့ စည်းလုံးညီညွတ်မှု ဘာသာရေးခေါင်းဆောင်သူအားလုံးရဲ့ အမျော်အမြင်ကြီးမှု ပြည်သူလူထုရဲ့ ထောက်ခံမှုတွေနဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ကြောင်းလည်းဆိုသည်။

ဘာသာရေးခေါင်းဆောင်းများမှလည်းတိုင်းရင်းသားများအလုံးမျော်လင့်နေသည့် စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စုကြီး အမြန်ပေါ်ပေါက်လာစေရန် သမ္မတကြီးအား တင်ပြခဲ့ကြသည်။

ကာကွယ်ရေးဦးစီးချုပ်သည် ပါဝင်လိုက်ပါခဲ့သော်လည်း မည်သည့်မိန့်ခွန်းမှ ပြောကြားခြင်းမရှိခဲ့ပါ။

နိုင်ငံတော်သမ္မတသည် မတ်လ ၁၇ ရက်နေ့တွင် ပူတာအိုမြို့သို့ ခရီးဆက်မည်ဖြစ်သည်။
Kachinwaves


MATUT HTI NA »

၂၆ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်


MATUT HTI NA »

ကောင်းခါးပြည်သူလူထုများ၏မှောင်မိုက်သောနေ့ရက်များ

၁။ သက်ဆိုင်ရာပုဂ္ဂိုလ်များ၊ပြည်သူလူထုကောင်းကျိုးအတွက် တာဝန်သိစိတ်ဖြင့် အလုပ်လုပ်နေသော သတင်းဋ္ဌာနများ၊ နိုင်ငံရေးပါတီများနှင့် လူထုအခြေပြုလူမူအဖွဲ့အစည်းများသိရ၍ ထိရောက်စွာအရေးယူ ဆောင်ရွက်ပေးပါရန် ကောင်းခါးပြည်သူလူထုများမှ လေးစားစွာဖြင့် မေတ္ထာရပ်ခံခြင်း ဖြစ်ပါသည်။

၂။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးမြို့သစ် တိုက်နယ်ဆေးရုံတွင် တာဝန်
ထမ်းဆောင်နေသော ဒေါက်တာစိုင်းအိုက်လွတ်သည် ပြည်သူလူထုအပေါ် ဆေးကုသရာတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်းမရှိပါ။

၃။ ဤကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာဋ္ဌာနများမှ စုံစမ်းစစ်ဆေးပြီး ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးပါရန် ဒေသခံပြည်သူလူထုမှ (၂) ကြိမ်တိုင် စာဖြင့်တိုင်ကြားခဲ့ပါသညါ။

၎။ သက်ဆိုင်ရာဋ္ဌာနများမှ (၃) ကြိမ်လာရောက်စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးခဲ့ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ပေးပါမည်ဟု ပြည်သူလူထုအားကတိပေးခဲ့ပါသည်။

၅။ ကောင်းခါးလူမှုကူညီရေးအသင်း၊ ကချင်လူငယ်များဖွံ့ဖြိုးရေးအဖွဲ့ (KDYA)၊ ကချင်စာပေနှင့်ယျဉ်ကျေးမှု အဖွဲ့လူငယ်ဋ္ဌာန (ကောင်းခါး) နှင့်ဘာသာရေးအဖွဲ့ကိုယ်စားလှယ်များမှ လုပ်ငန်းကူညီ ပံ့ပိုးဆောင်ရွက်ခြင်းနှင့် အသိသက်သေများအဖြစ် ပါဝင်ကူညီခဲ့ကြပါသည်။

၆။ သို့သော်လည်း ဤကိစ္စနှင့်ပတ်သက်၍ ယနေ့တိုင်စာမလာ၊ အကြောင်းမကြား၊ ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်း မရှိသေးပါသဖြင့် ကောင်းခါးပြည်သူလူထုများအတွက် မေတ္တာ၊ စေတနာ အမှန်ဖြင့် ထိရောက်စွာစုံစမ်းစစ်ဆေး၊ အရေးယူ၊ တာဝန်ယူဆောင်ရွက်ပေးပါရန် စစ်မှန်ပြီး တရားမျှတသော ဒီမိုကရေစီနည်းလမ်းဖြင့် အားလုံးပါဝင်ကူညီဆောင်ရွက်ပေးကြပါရန် ကောင်းခါး ဒေသခံပြည်သူလူထု ကိုယ်စား လေးစားစွာဖြင့် အကူအညီမေတ္တာရပ်ခံအပ်ပါသည်။

ဆက်သွယ်မေးမြန်းရန်

ဒေါ်နန်ထု
အမျိုးသမီးတာဝန်ခံ (ကောင်းခါး)
ကချင်စာပေနှင့်ယျဉ်ကျေးမှုအဖွဲ့ (ရှမ်းပြည်)
ဖုန်း- ၀၈၂- ၆၈၁၀၄

ဒေါ်ဂျာရော်
ဒေသခံအမျိုးသမီး (ကောင်းခါး)
ဖုန်း- ၀၉- ၇၃၅၀၂၁၈၆


MATUT HTI NA »

ဗမာစစ်တပ်မှ ရွာသားများကို ဖမ်းဆီး ရိုက်နက်

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အုပ်ချုပ်နယ်မြေ ရှမ်းပြည်မြောက်ပိုင်း၊ ကေအိုင်အေ တပ်မဟာ (၄) လက်အောက်ရှိ Hpai Kawng, Kawng Yau ကျေးရွာများသို့ မတ်လ (၁၀) ရက်မနက် စောစောအချိန်တွင် ဗမာစစ်တပ်များရောက်ရှိလာပြီး ရွာသားများကို ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း သတင်းရရှိပါသည်။ မနက်စောစော အချိန်ဖြစ်၍ အိပ်ပျော်နေသာ ရွာသားများမှာ ထွက်ပြေးနိုင်ခြင်းမရှိသည့်အတွက် ဗမာစစ်သားများ၏ ဖမ်းဆီး ရိုက်နက်ခြင်းများကို ခံရကြောင်း၊ တရုတ်အမျိုးသား တစ်ဦးကို သေမတတ် ရိုက်နက် စစ်ဆေးနေကြောင်းလည်း သတင်းရရှိပါသည်။ ဗမာစစ်သားများမှ ခရစ်ယာန်ဘာသာရေး ဆရာများကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရပါသည်။ ရွာမှ ထွက်ပြေးလွှတ်မြောက်သွားသော ရွာသူ၊ ရွာသားများသည် ယခုအခါ အစာရေစာ များမရရှိသည့် အတွက် ဒုက္ခရောက်နေကြောင်းလည်း ကြားသိရပါသည်။


MATUT HTI NA »

၂၀၁၄ သန်းခေါင်စာရင်းနှင့်ပတ်သက်၍ ကချင်အဖွဲ့အစည်းများ၏ ရပ်တည်ချက်

 


MATUT HTI NA »