Slideshow Image 2
Showing posts with label Laika Ngau. Show all posts
Showing posts with label Laika Ngau. Show all posts

NAW MAU NGA NA KUN WUNPAWNG

Dai ni na ten Myen tai hpyen ni gaw Wunpawng Mungdan jut shara shagu de Myu Wunpawng Sha ni hpe SHAMYIT MASING hte majan maja hpaw gasat wa nga sai hpe Myu Sha ni yawng tatut mu chye lu nga saga ai.
Hpa majaw
Wunpawng Mungdan hpe
Wunpawng Myusha ni hpe, ndai zawn laja lana n-gun laba hte htim gasat wa ai? Ndai lam ni hpe mung Myusha ni yawng chye chyalu rai nga ya ai.

Wunpawng Mungdan hpe madu la mayu ai. Wunpawng Mungdan kata na nhprang sut rai ni hpe shanhte chyu madu la mayu ai. Wunpawng Myusha ni hpe n ra sharawng ai. Wunpawng Myusha ni hpe shamat shamyit kau mayu ai.

Wunpawng Mungdan Shanglawt Asuya hpe nra sharawng ai lam sha n rai sai hpe mu mada lu ai. Wunpawng Mungdan Shanglawt Asuya hpe sha gasat taw ai lam mung nrai sai. Wunpawng Myusha ni yawng hpe nan shamat shamyit masing hte gasat taw nga sai hpe asan sha mu lu nga sai. Wunpawng Mungdan Shanglawt Asuya hpe n-gun jaw, madi shadaw taw ai gaw Wunpawng Myusha ni re hpe myen hpyen ni chye ai majaw Wunpawng Myusha ni hpe madung da gasat shamyit wa ai lam re hpe mung asan sha mu lu sai.

Myusha ni shanu nga ai Mare Kahtawng ni de laknak kaba ni hte gap bun ai, nbungli ni hte bawm jahkrat ai, wan nat jahten sharun ai. Myusha ni Mare Kahtawng hkan n mai nga hkra, galaw lu galaw sha nmai hkra masing jahkrat let galaw sa wa ai. Dai zawn galaw wa ai lam ni a majaw, daini na ten anhte a Myusha ni tinang a Mare Buga, Yi Sun Hkauna, U Wa Yam nga ni hpe gabai tawn da kau nna, matsan mayen, jam jau jam hkau rai hprawng hkawm ra ai prat de du mat sai. Ma kaji ni hte asak kaba sai dinggai dingla ni, ma hkum ali ahti hte Kanu num ni shingbyi shara nmu, kamhpa shana kata ru yak jam jau law law hte hprawng yen hkawm ra ai. Myusha ni chyu shanu nga ai Mare Kahtawng ni yawng ngu na ram hpe jahten sharun kau ya ma wa sai. Myusha ni a galaw lu gala sha lam mahkra hpe jahten shaza kau ya ma wa sai.

Kanu Mungdan kata na Wunpawng Ramma ni-
Tinang hkum tinang Wunpawng ngu naw hkam la da ai rai yang dai ni NANG, NGAI a aten rai sai. Tinang a sai daw sai chyen, tinang a Myusha ni ya na zawn ru yak jam jau hkam sha nga ai hpe dai hku sha yu shalai kau sana kun? Ra mi hkam sha taw mu ga ngu yu shalai kau na kun? Na a n-gun atsam hpaji ni hpe Na a Myusha ni hpe hkye la ai lam hta nlu jai lang ai kun? Na a n-gun atsam, Na a hpaji machye machyang ni hpe akyu jashawn jai lang na gaw ya aten nan rai sai hpe dum ga. Tinang chye ai hpaji machye machyang, n-gun atsaw ni hte Myu hkye, Mung hkye ai hta akyu jashawn jai lang saga ngu ga-saw dat nngai.

Maigan Mungdan ni de chyambra nga Wunpawng ni-
Tinang a Kanu Mungdan, tinang Myusha ni machyi hkrat sum wa nga ai hpe “akyu hpyi garum ya na” ngu ai hte sha shangut kau sana ya ai kun? Akyu mung hpyi ya ra ai zawn tatut shang lawm na mung grai a hkyak nga ai. Dai ni na ten Maigan Mungdan ni de chyambra nga Wunpawng Myusha ni sen lam she rai wa sai hpe chye lu ai. Na a Mungdan hte, Na a Myusha ni hpe hkye ai lam na shanglawm na hpe naw a-gam taw ai kun? naw ma-ji taw na kun? Anhte Maigan du Myusha ni kawn law law pi nra ai, shata mi marai langai $1 sha mi Mung hkye, Myu hkye masing hta shang lawm ai rai yang grai tang du masan sa wa na re. N-gup a ga hte sha Myu tsaw, Mung tsaw ai lam hpe tawn kau nna tatut Mung tsaw, Myu Tsaw ai ni shakut sa wa ga ngu saw lajin dat nngai.

Anhte Myusha ni hkum Ngau shagu, tinang chye chyang ai hpaji, n-gun atsam hte Mung hkye, Myu hkye masing hta lahkrip ra ra shang lawm ai rai yang anhte ra sharawng ai Awng Padang hpe madu la lu na re.

N mau nga saga, n ung ang nga saga Wunpawng Myusha ni e,

AJi Bawk


MATUT HTI NA »

ရှုံးမဲမဲပြီး ရှက်ရမ်းရမ်းနေတဲ့ မင်းအောင်လှိုင်

မင်းအောင်လှိုင်ဟာ ဖေဖော်ဝါရီ ၉-၁၀-၁၁-၁၂ ရက်တွေတုံးက သူ့တပ်တွေအထိနာသွားခဲ့တဲ့ ကိုးကန့်ဒေသမှာ တပ်ရင်း ၃၀ ကျော်ထပ်ဖြည့်သုံးနေပေမဲ့ ဖေဖော်ဝါရီ ၂၇-၂၈-မတ် ၁ ရက်နေ့ သုံးရက်အတွင်း တိုက်ပွဲတွေမှာ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၁၁ နဲ့ ခမရ ၁၂၀ က အရာရှိ ၂ ယောက်အပါဝင် ၆၈ ယောက်ကျခဲ့တယ်။ မတ်လထဲမှာဘဲ ခမရ ၁၁၉ ကို လေတပ်ကမှားဗုံးကြဲလို့ ၈ ယောက်လောက်ကျသွားသေးတယ်။

ဗမာစစ်တပ်တွေ စုတ်ပြတ်သတ်အောင်ခံလိုက်ရတဲ့အတွက် မင်းအောင်လှိုင်ဟာ အခဲမကြေနိုင်ဘဲ ကိုးကန့်တပ်တွေကို အပြုတ်တိုက်မယ် အမြစ်ပြတ်ချေမှုန်းမယ် ကြွေးကြော်ပြီး ခြေလျင်တပ်မ တစ်မ ထပ်ပေးမယ်၊ လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူ လိုသလောက်ပေးမယ်လို့ တပ်မမှူး ကစထမှူးတွေကို ကတိပေးပြီး ကတိကိုဖြည့်ဆီးပေးနိုင်ဖို့ အသည်းအသန်ကြိုးစားနေရရှာတယ်။

လောလောဆယ် ကချင်ပြည်မှာ တပ်မ ၉၉ နဲ့ တပ်မ ၁၀၁ ကိုထည့်ထားပြီး တပ်မ ၁၀၁ က ၂ ရင်းကို လောက်ကိုင် ပို့ထားရတယ်။ ဖားကန့်-ကာမိုင်းဘက်မှာတော့ ဖယ်ခုံက စကခ ၇ ကိုထည့်ထားတယ်။ တပ်မ ၇၇ နဲ့ တပ်မ ၈၈ က တော့ ပလောင်အဖွဲ့ TNLA ကို ဆိုင်ထားတယ်။ ဒီကြားထဲက တပ်မ ၈၈ နှစ်ရင်းကို လောက်ကိုင်ဘက် စစ်ကူသွား ခိုင်းပြီး တပ်မ ၉၉ ကတချို့ကိုလဲ ကွတ်ခိုင်လုံခြုံရေးနဲ့ ကိုးကန့်အနောက်ဘက် သံလွင်ကူးတို့ဆိပ်တွေ ပိတ်ဆို့ရေး လုပ်ခိုင်းထားရတယ်။

တပ်မ ၃၃ မှာ ၆ ရင်းဘဲ ကိုးကန့်တပ်တွေကို တိုက်နေရတယ်။ ဒါပေမဲ့ အနောက်မြောက်တိုင်း (နမခ) လက်အောက်ခံ ၂ ရင်းကို တပ်မ ၃၃ အောက်ထည့်ထားပေးလို့ ၈ ရင်းဖြစ်နေတယ်။ တောင်ဘက် ဝ နယ်စပ်ကို ထိန်းထားတဲ့ တပ်မ ၁၁ ဆီက ၃ ရင်းကို လောက်ကိုင်ဘက်ပို့ပြီး အားဖြည့်ပေးရတယ်။ သိန္နီ စကခ ၁၆ က ၆ ရင်းပို့ခဲ့တာ ခမရ ၅၂၂ ကတော့ တရင်းလုံးပြုတ်သွားလို့ ၅ ရင်းဘဲကျန်နေတယ်။ ဒါကြောင့် ကျောက်မဲ စကခ ၁ က ၃ ရင်း ထပ်ပို့ရတယ်။ မူလရှိနေတဲ့ ဒကစ(လောက်ကိုင်) လက်အောက်ခံ ၅ ရင်းမှာ ခလရ ၁၂၅ နဲ့ ၁၂၉ ရင်းလိုက်ပြုတ်သွားလို့ ၃ ရင်းဘဲကျန်တဲ့အတွက် အရှေ့မြောက်တိုင်း (ရမခ) တပ် ၂ ရင်း ဖြည့်ပေးထားရတယ်။

လက်ကျန်တပ်မတွေထဲမှာ တပ်မ ၅၅ က ကရင်နီပြည်မှာ ထိန်းထားရတယ်။ နောက်တန်းစောင့် ၂ ရင်းကျန်တဲ့ထဲက ခမရ ၁၈ ကို အရှေ့အလယ်ပိုင်းတိုင်းက တပ်အသစ် ၂ ရင်းနဲ့ပေါင်းပြီး ကိုးကန့်ဒေသကို ပို့ခိုင်းလိုက်ရတယ်။ KNU နဲ့ ဘယ်လောက် အဆင်ပြေတယ်ပြောပြော ကရင်ပြည်၊ မွန်ပြည်တွေမှာ အခြေစိုက်တဲ့ တပ်မ ၂၂ နဲ့ တပ်မ ၄၄ တို့ကိုလဲ အဲ့ဒီပြည်နယ်တွေကနေ အဝေးကို မသွားခိုင်းရဲ ဖြစ်နေတယ်။ ဒါကြောင့် ကရင်ပြည်က BGF တွေနဲ့ DKBA KNU တို့က ကိုးကန့်မှာ မင်းအောင်လှိုင်ဘက်ကသွားတိုက်မယ်လို့ စစ်လော်ဘီတွေ သတင်းလွှင့်တော့ တပ်မ ၂၂ နဲ့ ၄၄ အခြေ အနေကိုသိထားသူတွေအဖို့ ရယ်စရာဖြစ်နေတယ်။
ရှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်း၊ မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်းတို့က နယ်မြေခံ စကခ တွေကလဲ ဒေသထဲက SSA-မြောက်ပိုင်း၊ SSA-တောင်ပိုင်း၊ KNU DKBA တို့ကိုထိန်းဖို့ ထားနေရတယ်။ ကကကြည်းအရံထားတဲ့ တပ်မတွေမှာ ရခိုင်ပြည်ဘက်က စကခ တွေကတော့ ကရင်ပြည်နယ်ဘက်ပို့ဖို့ ဖယ်ထားရတယ်။ ရန်ကုန်တိုင်းက စကခ ၄ ကို တောင် ကရင်ပြည် ပို့ထားရသေးတယ်။


ဒါကြောင့် ကချင်ပြည်မှာ တနှစ်ကျော် ရှေ့တန်းတာဝန်ထမ်းခဲ့ရပြီး နောက်တန်းပြန်ရောက်တာ ၁၅ ရက်ကျော်ကျော်ဘဲ ရှိသေးတဲ့ တပ်မ ၆၆ တခုလုံးကို ကိုးကန့်နယ်ကိုပို့ပြီး တိုက်ပွဲပြန်ဝင်ခိုင်းလာရတယ်။ ၇ ရင်းကို ရဟတ်ယာဉ်တွေနဲ့ လောက်ကိုင်ပို့ခဲ့တယ်။ ဒါဟာ ဗမာပြည်စစ်သမိုင်းမှာ လေကြောင်းချီစစ်ကူပို့မှု အများဆုံးအရေအတွက် ဖြစ်နိုင်တယ်။ ကွတ်ခိုင်ကနေသံလွင်ကို ကုန်းလမ်းသွားခိုင်းတဲ့ ၃ ရင်းကတော့ သံလွင်အနောက်ဖက်မှာတင် ဖြတ်အတိုက်ခံရလို့ ၃ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရသေးတယ်။

တပ်မ ၆၆ ဟာ ဖားကန့်မှာ စကခ ၇ နဲ့လဲပြီး နောက်တန်းပြန်ဖို့ကို တခါတည်းတန်းမပြန်ရဘဲ မေမြို့မှာ လက်နက်ခဲ ယမ်းတွေ ထပ်ဖြည့်ပြီး လောက်ကိုင်လွှတ်ဖို့ အသင့်စုဖွဲ့နေခဲ့ရသေးတယ်။ ဒါပေမဲ့ ရှေ့တန်းစစ်ဆင်ရေးထွက်တာ တနှစ် ကျော်ခဲ့ပြီး အထိလည်းနာခဲ့ပြီး အခုမှနောက်တန်းပြန်နားဖို့ ဆင်းလာတဲ့တပ်ကို နောက်တန်းပေးမပြန်ဘဲ လောက်ကိုင် တန်းလွှတ်လိုက်ရင် ပြဿနာတက်မှာစိုးလို့ ဖေဖော်ဝါရီ ၂၂ ရက်ကျမှ အင်းမ ပြန်လွှတ်လိုက်တယ်။ အဲဒီတော့ နောက်တန်းမှာ တလပြည့်အောင် မနေရဘဲ မတ်လ ၁၁ ရက်မှာ လောက်ကိုင်ကို တက်လာရတာကိုကြည့်ရင် မင်းအောင်လှိုင်ဟာ သူ့ဂုဏ်သိက္ခာအတွက် ရဲဘော်တွေကို ချနင်းဖို့စဉ်းစားတာ အင်မတန်သိသာနေတယ်။

ချင်းပြည်နယ်အစပ်က ကလေးအခြေစိုက် စကခ ၁၀ ကိုလဲ ကိုးကန့်ကိုပို့ဖို့ ပြင်ဆင်နေတယ်။ စုစုပေါင်းလိုက်ရင်တော့ ကိုးကန့်ဒေသမှာ တပ်ရင်း ၅၀ ကျော်သွားနိုင်တယ်။ ဒါဟာ ဟိုတချိန်က ဗမာပြည်မှာ အကြီးဆုံးစစ်ဆင်ရေးတွေ ဖြစ်တဲ့ မင်းရန်အောင်ထိုးစစ်၊ စီစီဝန်စစ်ဆင်ရေး၊ မယ်သဝေါစစ်ဆင်ရေး၊ မာနယ်ပလောစစ်ဆင်ရေးတို့ထက် အများကြီးသာ သွားပြီဖြစ်တယ်။ ဒါပေမဲ့ အခု တပ်ရင်းတရင်းဆိုတာကလဲ လူ ၁၀၀ ဝန်းကျင်ဘဲရှိလို့ နံပတ်အရသာများပြီး တကယ့် အင်အားအရ သနားစရာပါ။ ဟိုးအရင် ၇၀ ခုနှစ် ၈၀ ခုနှစ်တွေတုံးကဆိုရင် တပ်မ ၇၇ တပ်မ ၈၈ တပ်မ ၉၉ တို့ တပ်မတစ်မထဲမှာဘဲ ရှေ့တန်းထွက် တိုက်ခိုက်ရေးအင်အား ၅၀၀၀ လောက် ရှိခဲ့ကြတယ်။ အခု အင်အား ၅၀၀၀ ကတော့ ကွပ်ကဲမှုမျိုးစုံ ခေါင်းမျိုးစုံနဲ့ ရှုပ်ထွေးနေတယ်။
ဒါ့အပြင် ကိုးကန့်ဒေသမှာ တရားဝင်အားဖြင့် အမြင့်ဆုံးတပ်မှူးဖြစ်နေတဲ့ စစ်အုပ်ချုပ်ရေးမှူး-ဒကစမှူး ဗိုလ်မှူးကြီး စောမြင့်ဦး (ငယ်နာမည် ပေါက်ကျိုင်း) ဟာ ကိုးကန့်ထဲစစ်ဆင်ရေးဝင်နေတဲ့ တပ်မ ၆၆ နဲ့ စကခ ၁၆ တပ်မမှူးတွေ ထက် ဂျူနီယာကျနေတော့ ဘယ်လိုကွပ်ကဲနေလဲ မပြောတတ်။ တပ်ရင်းတပ်ဖွဲ့တိုင်းဆွဲရတဲ့ စီမံချက်လေးမျိုး (ဌာနချုပ် လုံခြုံရေး၊ နယ်မြေလုံခြုံရေး၊ နယ်မြေစိုးမိုးရေး၊ နယ်မြေစည်းရုံးရေး) နဲ့ သာမန်အချိန်၊ အရေးကြီးအချိန်၊ အရေးပေါ် အချိန်ဆိုင်ရာအစီအမံတွေဟာ ကိုးကန့်ဒေသအတွက် ဘာမှအလုပ်မဖြစ်တာ ဖေဖော်ဝါရီ ၉ ရက်မှာ ပွင့်ကျသွားခဲ့လို့ အရေးယူခံရမှာ သေချာနေတဲ့ ဒကစမှူးဟာ ရှေ့ဆက်လက်ပြီး ဘယ်လို စစ်နိုင်အောင် ကွပ်ကဲနိုင်မှာလဲ။

ရှမ်းပြည်မြောက်ပိုင်းမှာ ပလောင်တပ်နဲ့ ကချင်တပ်တွေကို စစ်ဆင်ရေးဝင်နေရတဲ့ တပ်မ ၇၇၊ တပ်မ ၈၈၊ တပ်မ ၁၁ တို့ဟာလဲ ရှေ့တန်းစစ်ဆင်ရေးကာလ တနှစ်ကျော်ပြီဖြစ်လို့ လုပ်ထုံးလုပ်နည်း စည်းကမ်းအတိုင်းဆိုရင် တပ်လဲပေးရ တော့မှာ ဖြစ်တယ်။ ဒါပေမဲ့ လဲစရာအရံတပ်မ မရှိ။ နောက်တန်းမပြန်ရဘဲ ဒါလောက်အကြာကြီး ရှေ့တန်းမှာ နေရတာ ကြောင့် စစ်သားတွေမှာ နာကျည်းစိတ်တွေမြင့်ပြီး တပ်ပြေးမှု၊ လုယက်မှု၊ မုဒိန်းမှု၊ လူသတ်မှုတွေ ပိုပေါက်ကွဲလာ တယ်။ ဒါကြောင့် ဗမာစစ်တပ်အဖို့၊ တနည်းအားဖြင့် ကာချုပ် မင်းအောင်လှိုင်အဖို့ အကျပ်အတည်းကြီးနေပြီဖြစ်တယ်။ အကယ်၍သာ ၈ လေးလုံးတုံးကလို မြို့တွေပေါ်မှာ လူထုလှုပ်ရှားမှုတွေ အကြီးအကျယ်ဖြစ်လာရင် ပတ်တုတ်မရတဲ့ အခြေအနေ ဖြစ်သွားနိုင်တယ်။
နောက်တခါ တိုက်ပွဲအနေအထားကြည့်ရင် ကိုးကန့်တပ်တွေဟာ ဗကပ လက်ထွက်တွေပီပီ ဘဇူကာ လို့ခေါ်တဲ့ RPG တွေကို တပ်စိတ်လက်နက်အဖြစ် ဖောဖောသီသီသုံးနေတော့ ဗမာစစ်တပ်မှာ ထိခိုက်ကျဆုံးကများနေတယ်။ လွန်ရော ကျွံရော အင်အား ၁၀၀ လောက်ဘဲရှိတဲ့ တပ်ရင်းတရင်းမှာ ကျဆုံးဒဏ်ရာ ၅၀ လောက်ဖြစ်လာပြီဆိုရင် ဒီတပ်ရင်းဟာ ဘာမှဆက်လုပ်လို့ရတော့မှာ မဟုတ်ပါ။

ကိုးကန့်စစ်ပွဲ ပြန်ဖြစ်ခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်ကနေ မတ်လ ၉ ရက်အထိ တစ်လစာရင်းချုပ်လိုက်ရင် ဗမာအစိုးရ စစ်တပ်ဘက်က တပ်ရင်းမှူး ၃ ယောက်အပါ အရာရှိ ၃၂ ယောက်ကျဆုံးပြီး တပ်ရင်းမှူး/ဒုရင်းမှူး ၉ ယောက်အပါ အရာရှိ ၅၇ ယောက်ကျဆုံးခဲ့တယ်။ အခြားအဆင့်တွေပါ ပေါင်းလိုက်ရင် စုစုပေါင်းကျဆုံးဒဏ်ရာ ၇၀၀ နီးပါးရှိနေပြီ ဖြစ်တယ်။ ဒါပေမဲ့ တိုင်းရင်းသားတပ်တွေဘက်မှာတော့ ကျဆုံးတာ ၂၀ နီးပါး၊ ဒဏ်ရာက ၄၀ ကျော်-၅၀ လောက် ဘဲရှိတာတွေ့ရတယ်။ မယုံနိုင်စရာကောင်းပေမဲ့ လက်တွေ့အဖြစ်မှန်က အဲသလိုဘဲဖြစ်နေတယ်။ ဒါကြောင့်လဲ မင်းအောင်လှိုင်ဟာ ဒါလောက်အထိ ရှုံးမဲမဲနေတာ ဖြစ်တယ်။
တပ်တွေထဲမှာလဲ တချို့တပ်တွေက အသေခံတိုက်နေချိန်မှာ တချို့တပ်တွေက ရန်သူဝေးတဲ့ရွာတွေထဲ ပစ္စည်းတွေ ဝင်လုနေကြတာလဲရှိတယ်။ တပ်ကို လူမျိုးရေးနဲ့ မှိုင်းတိုက်ပြီး ခိုင်းစားနေတယ်။

တိုင်းရင်းသားဘက်မှာတော့ ပလောင်တပ်နဲ့ ရခိုင်တပ်က အကျအဆုံးမရှိသေးဘဲ ဒဏ်ရာရတာဘဲ ရှိသေးတယ်။ ဒါပေမဲ့ ကိုးကန့်ဒေသထဲက ကိုးကန့်ရွာသားတွေနဲ့ ပလောင်ရွာသားတွေက တော်လှန်ရေးထဲ အစုပြုံလိုက်ဝင်လာ ကြလို့ အင်အားတွေ ရာဂဏန်းတိုးလာခဲ့တယ်။
စစ်သည်အင်အားဖြုန်းတီးမှုအပြင် ဘဏ္ဍာရေးဘက်ကကြည့်ရင်လဲ ပြည်သူတွေရဲ့ အခွန်ငွေတွေကို အချည်းနှီး ဖြုန်းတီးနေတာ ဖြစ်နေတယ်။ ၁၀၅မမ အမြောက်နဲ့ ၁၂၀မမ မော်တာကို တရက် အလုံး ၂၀၀ ကျော်အထိပစ်နေတော့ ငွေဘယ်လောက်ကုန်မလဲ စဉ်းစားကြည့်နိုင်ပါတယ်။ အမြောက်လက်နက်ကြီးကျည်တွေ၊ လေယာဉ် ရဟတ်ယာဉ်တွေ ကပစ်တဲ့ ရော့ကက်နဲ့ဗုံးတွေဟာ တန်ဖိုးကြီးရုံတင်မက လေယာဉ်နဲ့ ရဟတ်ယာဉ်တွေပျံဖို့ လေယာဉ်ဆီကလဲ ရွှေနဲ့စက် ဝယ်ရတာ ဖြစ်တယ်။ ဗီယက်နမ်စစ်မှာ လေယာဉ် ရဟတ်ယာဉ်တွေ ဖောဖောသီသီ ကာလရှည်သုံးခဲ့တဲ့ အမေရိကန် နိုင်ငံဟာ နောက်ဆုံးမှာ ဒေါ်လာကို ရွှေနဲ့ကျောထောက်နောက်ခံပြုတဲ့စနစ် ဖျက်သိမ်းလိုက်ရပြီး ၁၉၇၃-၇၄ ကမ္ဘာ့ရေနံ ဈေးမြှင့်ချိန်မှာ စီးပွားရေးကပ်ဆိုက်သွားခဲ့ရတယ်။ လက်ရှိကိုးကန့်စစ်ပွဲဟာ ဗမာပြည် ပြည်တွင်းစစ်သမိုင်းမှာ လေ ကြောင်းပစ်ကူ အသုံးဆုံးစစ်ပွဲဖြစ်နေတယ်။

တပ်မတော်နေ့စစ်ရေးပြပွဲ၊ မိတ္ထီလာ စစ်လေ့ကျင့်ခန်း၊ ကျောက်ဆည် တင့်စွမ်းရည်ပြပွဲ တို့မှာ ထုတ်ကြွားခဲ့တဲ့ တင့်ကား တွေ၊ သံချပ်ကားတွေကလဲ ကိုးကန့် ပလောင် ကချင်တို့နဲ့ တောတွင်းစစ်ပွဲ တောင်ပေါ်စစ်ပွဲတွေမှာ သုံးစားမရဖြစ်နေ တယ်။ ယူကရိန်းနိုင်ငံဆီက အစီးတထောင်ထုတ်ခွင့်လိုင်စင်ရထားတဲ့ BTR-3U စစ်သည်တင်သံချပ်ကားတွေကို လမ်း လုံခြုံရေးစိတ်မချရတဲ့ ကိုးကန့်ဒေသမှာ ဗမာစစ်သားတွေအသက်ဘေးလုံခြုံမှုအတွက် လမ်းကြောသုံးဖို့ တိုက်တွန်းနေ ကြပေမဲ့ ဆီစားနှုန်းမြင့်တဲ့ အဲဒီယာဉ်တွေအတွက် အထူးလောင်စာဆီ စုပုံထားတာလည်းမရှိ၊ သံချပ်ကားတွေရဲ့ဝန်ကို ခံနိုင်ရည်ရှိတဲ့တံတားတွေလည်းမရှိတော့ သုံးမရတဲ့အခြေအနေဖြစ်နေတယ်။ အညိုရောင်ဒေသတွေမှာ လောင်စာဆီ အများကြီးစုပုံရင်လည်း ကိုယ့်သေတွင်းကိုယ်တူးတာဖြစ်မှာမို့လို့ ဈေးကြီးပေးဝယ်ထားရတဲ့ တင့်ကား သံချပ်ကားတွေ ဟာ တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ်တွေတည်ရှိရာ မြို့ကြီးပြကြီးတွေနဲ့မလှမ်းမကမ်း ယာဉ်ပေါ်ပါဆီတိုင်ကီဆန့် သလောက်အကွာအဝေး ဒါမှမဟုတ် လောင်စာဆီစုပုံနိုင်တဲ့ အဖြူရောင်နယ်မြေတွေမှာဘဲ လှုပ်ရှားစစ်ကစားနိုင်တာ ဖြစ်နေတယ်။

ဒီတော့ ဒီလို ဗမာ့တပ်မတော်အတွက် အဓိပ္ပယ်မရှိတဲ့စစ်ပွဲကို မင်းအောင်လှိုင်က ဘယ်လိုစဉ်းစားပြီး ဇွတ်တိုက်နေတာ လဲ။ နိုင်ငံရေးအရကြည့်ရင် ဖုံကျားရှင်းဟာ ၈၈ အရေးအခင်းအပြီး စစ်အုပ်စုအတွက် အကျပ်အတည်းကြီးနေချိန်မှာ အသက်ကယ်ပေးခဲ့သူ၊ ၁၉၈၉ ခုကနေ ၂၀၀၉ ခုနှစ်အထိ ငြိမ်းအဖွဲ့ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရသူ၊ ညောင်နှစ်ပင် ညီလာခံကို ကိုယ်စားလှယ်လွှတ်ခဲ့သူဖြစ်တာ ဘယ်လိုမှ ငြင်းမရပါဘူး။ တဖက်မှာ ဘိန်းလုပ်ငန်း၊ မူးယစ်ဆေးလုပ်ငန်း၊ လက်နက်မှောင်ခိုလုပ်ငန်းလုပ်တယ်ဆိုတာ ဖုံးကျားရှင်းနောက်ပိုင်းတက်လာတဲ့ အစိုးရအသိအမှတ်ပြုကိုးကန့်ခေါင်း ဆောင်တွေ၊ တခြားတခြားသော အပစ်ရပ်-ငြိမ်းခေါင်းဆောင်တွေ၊ အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ် BGF တွေ နဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေ၊ ဘယ်သူမှမကင်းတာ ပြည်သူတွေသိကြပါတယ်၊ မင်းအောင်လှိုင်တို့ကိုယ်တိုင်လဲ သိသလို မင်းအောင်လှိုင်တပ်က တပ်မှူးတွေကိုယ်တိုင် ဝင်ပါနေတာ အများသိကြပါတယ်။

မူဆယ်-လားရှိုးလမ်းမှာ မကြာခင်ကဖမ်းမိတဲ့ ကား ၁၇ စီးတိုက် ဒေါ်လာ ၃ သန်းဖိုး တရားမဝင်ဖောက်ခွဲရေးပစ္စည်း အမှုကိုဘဲကြည့်ကြည့်၊ ၂၀၁၄ တုံးက ကော့သောင်းပင်လယ်ပြင်နဲ့ မော်လမြိုင်မုပွန်ဆိပ်မှာဖမ်းမိတဲ့ ဒေါ်လာသန်း ၅၀ ဖိုး အဆင့်မြင့် Ecstasy မူးယစ်ဆေးပြား ၄.၂ သန်းအမှုကိုဘဲကြည့်ကြည့် ဗမာစစ်တပ်နဲ့ စစ်တပ်သြဇာခံလက်နက်ကိုင် အဖွဲ့တွေ ပတ်သက်မှုကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ တကယ်တော့ ဒါတွေဟာ ဆယ်ခါခိုး တခါမိတဲ့အမှုတွေပါ။
၂၀၀၈ အခြေခံဥပဒေအရ တည်ထောင်ထားတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဆိုတဲ့ စစ်အုပ်စုရုပ်သေး ကိုးကန့်အစိုးရအဖွဲ့ဝင်တွေဟာ ကိုးကန့်နယ်ထဲမှာ တယောက်မှမကျန်တော့ဘဲ ထွက်ပြေးသွားခဲ့ပြီဖြစ်တယ်။ ဘယ် အစိုးရဘက်သားမှ ကိုးကန့်လူထုဘက်က မားမားမတ်မတ်ရပ်တည်ပေးတာ မရှိတော့ပါဘူး။ ဗမာစစ်တပ်က ရိက္ခာ လစာပေးပြီး ဖွဲ့ပေးထားတဲ့ ကိုးကန့် BGF တွေလဲ အားလုံးတောခိုပြီး ကိုးကန့်သူပုန်နဲ့ သွားပေါင်းလိုက်ပါပြီ။ ဗမာ စစ်တပ်တွေကလဲ ကိုးကန့်ဒေသလူထုကို မြို့ရောတောပါ တအားသတ် တအားလု လုပ်နေတော့ လူထုနဲ့ လုံးဝကင်း ကွာသွားပြီ။ တနည်းအားဖြင့် ပြောရရင် ဗမာအစိုးရဟာ ကိုးကန့်ဒေသမှာ နိုင်ငံရေးအရအရှုံးကြီးရှုံးသွားခဲ့ပြီ။

ကိုးကန့်စစ်တပ် ထောင်ဂဏန်းကိုတိုက်တာတောင် ဒါလောက်အကျအဆုံးများနေမှတော့ တကယ်တန်းပြည်ပရန်ကို ကာကွယ်ဖို့ ဘယ်လိုတိုက်မှာလဲ။ ဗမာပြည်ရဲ့ပြည်တွင်းစစ်တွေကို နိုင်ငံရေးနည်းအရအဖြေရှာ၊ တိုင်းရင်းသားပြ ဿနာပြေလည်ဖို့ ဖက်ဒရယ်စနစ်ကျင့်သုံးပြီး စစ်တပ်ကို professional စစ်တပ်ဖြစ်အောင် နိုင်ငံရေးနယ်ထဲက ထွက် ခွာပြီးလုပ်ဖို့ အထူးအရေးတကြီးလိုအပ်ချိန် ရောက်နေပါပြီ။

ဒါကြောင့် ကိုးကန့်စစ်ပွဲဟာ မင်းအောင်လှိုင် သမတရာထူးအတွက် စစ်သည်တွေရဲ့ အသက်သွေးချွေးတွေ ပေးဆပ်နေ ရတာဘဲဖြစ်တယ်။ မင်းအောင်လှိုင် သိက္ခာဆည်ဖို့အတွက် တိုင်းပြည်ရဲ့ဘဏ္ဍာငွေကိုလည်း အလဟသဖြုံးတီးပစ်နေ တာဖြစ်တယ်။ နိုင်ငံရေးအရ အကျိုးအမြတ်မရှိဘဲ စစ်ရေးအရ ဘဏ္ဍာရေးအရ ဆုံးရှုံးမှုကြီးလှတဲ့စစ်ပွဲကို ဘာကြောင့် ဆက်ပြီးလုပ်နေသလဲ။ ကိုဂါမဏိရေးခဲ့သလို အာဏာနီတည်ဆောက်နေတာလား။ ရှုံးမဲမဲပြီး ရှက်ရမ်းရမ်းနေတာကို အမြန်ဆုံးရပ်သင့်ပါပြီ။ စစ်သားတွေရဲ့အသက်တွေ၊ တိုင်းရင်းသားတွေရဲ့အသက်တွေ၊ တိုင်းပြည်ရဲ့ လူသားရင်းမြစ်၊ စီးပွားရင်းမြစ်တွေ အဆုံးရှုံးမခံသင့်တော့ပါဘူး။ ဗမာစစ်တပ်နဲ့ တိုင်းရင်းသားတွေကြား အမုန်းတရားတွေ၊ လူမျိုးငယ် တွေရဲ့ သံသယစိတ်တွေ ထပ်ပွားလာအောင်၊ ကြီးထွားလာအောင် မလုပ်ပါနဲ့တော့။

အောင်သဇင်


MATUT HTI NA »

ငြိမ်းချမ်းရေးဆွေးနွေးပွဲလား၊ မျောက်ပြဆန်တောင်းပွဲလား

မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်ဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတာ ဟုတ်၊ မဟုတ်ဆိုတာ အားလုံးသဘောပေါက်ပြီထင်ပါတယ်။ နှိပ်ကွပ်လို့ မီးခဲပြာဖုံး ငြိမ၀်ပ်နေတာနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းသာယာမှုကို မခွဲတတ်လောက်အောင်တော့ တိုင်းရင်းသားတွေ၊ ပြည်သူလူထုတွေ မအလောက်ပါဘူး။ စစ်တပ်ကလိုလားတာ ငြိမ်းချမ်းရေး မဟုတ်ပါဘူး။ ကုန်းဘောင်မင်းဆက်တွေလက်ထက်မှာ ပဲခူး၊ ဒဂုံ၊ မြောင်းမြ၊ သန်လျင်စတဲ့ မွန်ပိုင်နက်တွေကို ၀င်ရောက်ကျူးကျော်သိမ်းပိုက်ပြီး၊ မူလပိုငရှ်င် မွန်လူမျိုးတွေကို အစွန်အဖျားဘက် တွန်းပို့ခဲ့တဲ့ နည်းဗျူဟာအတိုင်းပဲ၊ လက်ရှိစစ်တပ်ဟာလဲ တိုင်းရင်းသားဒေသတွေကို ကျူးကျော်ပြီး၊ မြန်မာ့ပိုင်နက်အဖြစ် သိမ်းသွင်းနိုင်ရေး လုပ်နေတာပါ။ အမျိုးမျိုး ရန်စပြီး တိုက်ခိုက်ပါလိမ့်မယ်။ စခန်းတစ်ခုပြီး တစ်ခုသိမ်းပါလိမမ့်ယ်။ အပြောတစ်မျိုး အလုပ်တစ်မျိုး၊ ကမ္ဘာကို တစ်မျိုးပြော လက်တွေ့မှာ တစ်မျိုးလုပ်နဲ့ ကလိမ်ကျပါလိမ့်မယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို အမြစ်ပြတ်ချေမှုန်းဖို့ ကြိုးပမ်းပါလိမ့်မယ်။ ဒါကို မသိဘဲ (မသိချင်ယောင်ဆောင်တာပဲဖြစ်ဖြစ်)၊ ကားပါမစ်တွေရရုံ၊ စီးပွားရေးလုပက်ွက်တွေရရုံ၊ နေပြည်တော်မှာ အရက်ခေါ်တိုက်ရုံနဲ့ ကျေနပ်ပြီး၊ သွေးနားထင်ရောက်နေရင်တော့ ဇာတ်သိမ်းလှဖို့ မရှိဘူးဗျို့။

ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာလေး "အယောင်ပြ" ကျင်းပလိုက်၊ သူများတပ်စခန်းကို "မတော်တဆ" ၀င်ပစ်လိုက်၊ ကမ္ဘာပတ်ပြီး "မျောက်ပြဆန်တောင်း"လုပ်လိုက်၊ သဘောတူထားပြီးသား အချက်တွေကို "ဘွားတေး"ခတ်ပြီး ပြန်ပြင်လိုက်နဲ့ မှုန့်လုံးစက္ကူကပ်နေတာ ကြာပြီမဟုတ်လား။ တိုင်းရင်းသားတွေ လုံးပါးပါးသွားအောင် ဖင်လှည့်ခေါင်းလှည့်နဲ့ အချိန်ဆွဲပြီး၊ ပိတ်လေးပိတ်နဲ့ ချောင်ကိုပို့နေတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ တရားမျှတမှုကို ဘယ်တောမှ့ မကောင်းဆိုးဝါးတွေဆီမှာ မရှာနဲ့။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ နိုင်ငံရေးအဖြေရှာမှုဆိုတာကို ဘယ်တော့မှ မြန်မာ့တပ်မတော်ဆီက မမျှော်လင့်နဲ့။ ဒါဆို ဘာလုပ်ရမှာလဲ။

မပေးရင်(မလုပ်ရင်) မဖြစ်တော့တဲ့ အခြေနေ၊ ကျဉ်းထဲကျပ်ထဲကိုမှ မရောက်ရင် စစ်တပ်ဆီက ဘာမှမထွက်ဘူး။ စိတ်ကောင်း၊ စေတနာကောင်းနဲ့ အသိရှိရှိ လုပ်ဆောင်မှု ဘာမှမရှိဘူး။ ၁၉၉၃ ကစခဲ့တဲ့ အမျိုးသားညီလာခံနဲ့ အခြေခံဥပဒေ၊ သောင်တင်ရေမကျနဲ့ အချိန်ဆွဲထားတာ၊ ဘယ်လိုမှ မျက်နှာပြောင်ဆက်တိုက်လို့ မရတော့တဲ့ အကျပ်အတည်းထဲရောက်မှ ဟန်ဆောင်ပန်ဆောင်၊ ၀တ်စုံထလဲလိုက်တာ မဟုတ်လား။

ဒါကြောင့် တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့ မြန်မာအစိုးရ(စစ်တပ်)ကို မလုပ်ရင်မဖြစ်တော့တဲ့ အနေအထားထဲရောက်အောင် တွန်းပို့နိုင်ဖို့လိုပါတယ်။ ဗမာပြည် ဗြိတိသျှဆီက လွတ်လပ်ရေးရတာဟာ ဘီအိုင်အေက စစ်တိုက်တော်လို့မှ မဟုတ်ပဲ။ အင်္ဂလိမ်အခက်၊ ဗမာ့အချက်ဆိုပြီး အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်လို့ပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် တိုင်းရင်းသားတပ်တွေ မြန်မာစစ်တပ်ကို ဘယ်လိုမှ ယှဉ်မတိုက်နိုင်ဘူး၊ အနှေးနဲ့အမြန်ဆုတ်ခွာရမှာပဲ။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၊ တပ်အင်အားတွေဟာ နိုင်ငံရေးအဖြေရှာမှုမှာ တိုင်းရင်းသားလူထုအတွက် Symbolic Icon ပုံစသာံရှိပါတယ်။ ဒါကြောင့် လက်နက်ကိုင်တိုက်ခိုက်ရေးလမ်းစဉ်အစား နိုင်ငံရေးလမ်းကြောင်းဘက်ကနေ ချဉ်းကပ်တတ်ဖို့လိုပါတယ်။ ဗမာအပါအ၀င် တိုင်းရင်းသားအားလုံးရဲ့ လူထုအင်အား၊ တိုင်းရင်းသားအဖွဲ့အစည်း(တပ်)တွေရဲ့ စည်းလုံးမှု၊ နိုင်ငံတကာကို ဆက်သွယ်စည်းရုံးနိုင်မှု စတာတွေနဲ့ မြန်မာအစိုးရကို ဖိအားပေး၊ ချောင်ပိတ်မိအောင် လုပ်မှရမယ့်အခြေအနေဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မှန်မှန်တက်၊ သူများနဖားကြိုးထိုးပြီး ဆွဲခေါ်ရာအတိုင်းလိုက်ပြီး ကြိးဆွဲရာက၊ လက်ချင်းတွဲပြီး ဓာတ်ပုံရိုက်ပြ၊ ဒါတွေနဲ့တင် မြန်မာအစိုးရနာမည်ကောင်း ရသွားတယ်၊ Sanction တွေကနေ ကင်းလွတ်ခွင့် ရသွားတယ်။ တိုင်းရင်းသားတွေအတွက် လက်တွေ့မှာ ဘာအကျိုးမှ ထူးမလာဘူး။ နိုင်ငံရေးအဖြေရှာမှုမှာလဲ ဘာရလာဒ်မှ မထွက်ဘူး။

စစ်တပ်ဆီက ငြိမ်းချမ်းရေးဘက်ဦးတည်တဲ့ အရိပ်လက္ခဏာတစ်စုံတစ်ခုမှ မတွေ့ရရင်တော့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆက်လုပ်နေဖို့ အကြောင်းမရှိတော့ပါဘူး။ သေနတ်နဲ့ချိန်ပြီး စကားပြောတာဟာ ငြိမ်းချမ်းရေးအတွက်ဆွေးနွေးတာမဟုတ်ဘူး။ ဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးအတွက်မဟုတ်ဘဲ၊ အသက်သာဆုံး ဒူးထောက်အရှုံးပေးနိုင်ရေးအတွက်ပဲ။ ဒါကြောင့် ဒီလို ဆွေးနွေးပွဲမျိုး ဆက်ဆွေးနွေးမယ့်အစား ကားပါမစ်ယူပြီး၊ နေပြည်တော်မှာ သက်သက်သာသာ ၀င်ရောက် ခစားလိုက်ကြပေတော့။

ဒါကြောင့်...၊ မြန်မာ့တပ်မတော်က ငြိမ်းချမ်းရေးလိုလားပါတယ်ဆိုတဲ့ လက္ခဏာပြပါမှ ငြိမ်းချမ်းရေးဆက်ဆွေးနွေးဖို့ တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံး သဘောထားထုတ်ပြန်ဖို့ လိုပါတယ်။ စိတ်ဓာတ်ဖြူစင်ရင်၊ စေတနာမှန်ရင် ငြိမ်းချမ်းရေးက နီးနီးလေးပါ။ နဂိုကတည်းကရှိတဲ့ နယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေကလွဲလို့၊ စစ်ဆင်ရေးရည်ရွယ်ချက် နယ်မြေစိုးမိုး (သိမ်းပိုက်)ရေး ရည်ရွယ်ချက်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာ ရောက်ရှိနေတဲ့ အောက်ပြည်အခြေစိုက် တပ်အင်အားတွေ ပြန်ဆုတ်သွားရင် အခြေအနေက ကောင်းတဲ့အပြင် ဟိုဘက်တောင် လွန်နေပါဦးမယ်။ ဒါလေးတစ်ခုမှ မလိုက်လျောနိုင်ရင်တော့၊ “မပြေးသော်လည်း ကန်ရာရှိ” ဘကြီးပြောင် ပြောတဲ့ ငြိမ်းချမ်းရေးဆိုတာ ရေပေါ်မျောတဲ့ကျောက်ဖျာလို ဗလာနတ္ထိ၊ အချင်းမရှိမှန်း ပေါ်လွင်နေမှာပေါ့။

ကေအိုင်အို ငြိမ်းချမ်းရေးကိုယ်စားလှယ်အားလုံးကို နောက်တစ်ခါထပ်ပြီး တိုကတ်ွန်းပါရစေ၊ ခရာတောင်ကြော တစ်လျှောက်သာမက၊ လိုင်ဇာပတ်ပတ်လည်မှာ ဖြန့်ကျက်တပ်စွဲထားတဲ့ တပ်စခန်းတွေ၊ လက်နက်ကြီးတွေအပါအ၀င်၊ ကချင်ပြည်နယ်အတွင်းမလိုအပ်ဘဲ  ရောက်ရှိတပ်စွဲထားတဲ့   အောက်ပြည်ကတပ်တွေမှ မရုတ်သိမ်းရင် ငြိမ်းချမ်းရေးဆက်ဆွေးနွေးစရာ အကြောင်းမရှိဘူး။ အလားတူ နိုင်ငံအနှံ့ တိုင်းရင်းသားဒေသတွေမှာ ကျူးကျော်တပ်စွဲထားတဲ့ မြန်မာစစ်တပ် ပြန်မဆုတ်ရင်၊ ငြိမ်းချမ်းရေးလိုလားတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆက်မတက်ပါနဲ့။ ကချင်ပြည်သူလူထုတစ်ရပ်လုံး ကေအိုင်အိုနဲ့အတူ ရပ်တည်လျက်ရှိပါတယ်။ ကချင်လူထသုာမက စစ်မှန်တြဲ့ငိမ်းချမ်းရေးနဲ့ တရားမျှတမှုကို မြတ်နိုးတန်ဖိုးထားတဲ့ နိုင်ငံအ၀ှမ်းက တိုင်းရင်းသားအားလုံးကလဲ ကေအိုင်အိုနဲ့အတူ ရပ်တည်ကြမှာပါ။

ဒီလို အမှန်တရားဘက် မားမားမတ်မတ်ရပ်တည်မှုကနေတဆင့် မြန်မာအစိုးရနဲ့ စစ်တပ်ရဲ့ စဉ်းလဲမှုကို နိုင်ငံတကာက ပြတ်ပြတ်ထင်ထင်မြင်လာပြီး စစ်မနှ်တဲ့ငြိမ်းချမ်းရေးအတွက် အရွေ့တွေ ဖြစ်လာမှာပါ။

"သူများယောင်လို့လိုက်ယောင၊် အမောင် တောင်မှန်း၊ မြောက်မှန်းမသိ" ဆိုသလို၊ လက်ခုတ်တီးရင် ဝှေးတက်အောင်ကတဲ့သူတေလို မျောက်ပြဆန်တောင်းအဖြစ်တော့ ကိုယ့်ကချင်ခေါင်းဆောင်တွေအပြင် ဘယ်တိုင်းရင်းသားခေါင်းဆောင်ကိုမှ မရောက်စေချင်ပါဘူး။   ရောက်နေပြီဖြစ်တဲ့ သူတွေကိုလဲ ကိုယ့်အခြေအနေကိုယ် သဘောပေါက်ပြီး အမြန်ဆုံး အမြင်မှန်ရဖို့ ဆုတောင်းပေးလိုက်ပါရဲ့။

Hpunggan Duwa


MATUT HTI NA »

ဒေါက်တာဆိတ်ဖွားပြောတဲ့ ဥပဒေ အထက်က လူတွေကိုတွေ့ပြီ

ဒေါက်တာ ဆိတ်ဖွား ရှာပုံတော်လည်း အိယောင်ဝါး နဲ့ပြီးသွားပါပြီ၊ လွတ်တော်မှာ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်နဲ့ ကော်မရှင် တွေ့ဖွဲ့၊ ချုံပုတ်ထဲက လက်သီးထောင်ပြ ကြတဲ့သူရဲကောင်း တွေလည်း ယုန်နှာစေး နည်းနဲ့ပါစပ်ပိတ်သွားကြပါပြီ၊ ဘယ်သူတွေက ဥပဒေ အထက်ကလူ တွေမှန်း ပေါ်နေပြီပဲ။ ဗိုလ်သိန်းစိန်တို့၊ ဗိုလ်အောင်မင်းတို့အဖွဲ့ပဲပေါ့။

ကြည့်ကြပါကုန်၊ မြစ်ကြီးနား၊ ဂျန်မိုင်ကောင်းစစ်ရှောင်စခန်းမှ ဦးဘရန်ရှောင်ကို KIA ဟုစွပ်စွဲပြီး စ.ရ.ဖနဲ့ ရဲများက ၁၇၊ ၆၊ ၂၀၁၂ နေ့ညမှာ ဖမ်းဆီးသွားတယ်၊ လူစိတ်မရှိတဲ့ စ.ရ.ဖ လုပ်ထုံး လုပ်နည်းအတိုင်း ကြားပင်မကြားဝံ့သော နှိပ်စက်မှုမျိုးစုံနဲ့ ညှင်းပန်းခဲ့တယ်။ နိုင်ငံပိုင်မီဒီယာ ဖြစ်တဲ့ မြ၀တီ ရုပ်မြင်သံကြား၊ မြ၀တီသတင်းစာ (၁၃၊ ၆၊ ၂၀၁၂ နေ့ထုတ်) များမှ လည်းထုတ်လွင့်သွားတာတစ်ခါ လွင့်တာက KIA ဗိုလ်ကြီးတဲ့၊ နောက်တစ်ခါပြန်လွင့်တော့ တပ်ကြပ်ကြီးဖြစ်သွားရော၊ ဘရန်ရှောင်ရဲ့ ကိုယ်ပိုင်နံပါတ် တွေကလည်း ထောင်ဂဏန်းဖြစ်လိုက်၊ ယုတ္တိမရှိတာ သိရပြန်တော့ သောင်းဂဏန်းပြန် ဖြစ်လိုက်နဲ့ အိုးနင်းခွက်နင်း၊ အရူးချေးပန်းနည့်များနဲ့ ဖော်ပြသတင်းလွင့်ခဲ့တာကြားသိကြမှာပါ။

ဦးဘရန်ရှောင်ဟာ KIA မဟုတ်ပဲနဲ့ စွပ်စွခံနှိပ်စက်မှုများကို မခံစားနိုင်လို့ကချင်လူထုရဲ့ ဆန္ဒထုတ်ဖော်မှုလည်း လုပ်ခဲ့တယ်၊ ဦးဘရန်ရှောင်ဟာ KIA မဟုတ်ကြောင်း တိုင်းသိပြည်သိဖြစ်ပါသည်။ KIA တာဝန်ရှိသူများကလည်း ဦးဘရန်ရှောင် KIA မဟုတ်ကြောင်း အစိုးရကို အသိပေးပြီးဖြစ်ပါသည်။ သိန်စိန်းကစလို့၊ ကချင်ပြည်နယ် ၀န်ကြီးချုပ်၊ အခြားဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တရားခွင်များ၊ ဖမ်းတဲ့ စ.ရ.ဖနဲ့ ရဲများပင် ဦးဘရန်ရှောင် KIA မဟုတ်ကြောင်းသိပြီးသားဖြစ်တယ်။

ဘာကြောင့် မလွတ်တာလဲ။ ပြည်သူတွေထဲကအစိုးရ ဆိုရင်တော့ ပြည်သူတွေဒီလောက် တောင်းဆိုနေမှတော့ ပြင်ဆင်တွေးခေါ်သင့်တာပေါ့။ ပြည်သူ့အသံကိုနားပိတ်ပြီးဆက်မိုက်လိုက်ကြတာ၊ တိုင်းရင်းသားတန်းတူညီမျှရေးကို ဖော်ဆောင်တဲ့ အစိုးရဆိုရင် လွတ်ပေးလောက်ပြီ။ လွတ်ဖို့လည်း လွယ်လွယ်လေးပါ။ “ဘရန်ရှောင်ကို လူမှား၊ နာမည်မှားနဲ့ ဖမ်းမိပါတယ်၊  အားလုံးကိုတောင်းပန်းပါတယ်” ဆိုတာနဲ့ပြည်သူတွေရဲ့ ကျေနပ် ထောက်ခံမှုရမှာ ပေါ့။ ကချင်လူမျိုးတွေဆိုပိုပြီးမှတောင် ခွင့်လွတ်တတ်ကြ ပါတယ်။ ဒီအမှုကိစ္စမှာ အစိုးရအာဏာပိုင်များ မှားကိုမှားတယ်ဆိုတာ ပြည်သူတွေ အားလုံးသိတယ်။ မှားတဲ့လူတွေကိုယ်၌ လည်းသိပါတယ်။

ဒီလိုနဲ့ ဦးဘရန်ရှောင်သာမက ပြည်သူတွေ အပေါ်လက်နက်အားကိုးနဲ့ နှိပ်စက်ထားတာ တစ်နှစ်တောင်ကျော်ခဲ့တယ်၊ ရုံးချိန်းဆိုတာ ကလည်း အမှန်တရားထွက်ဆိုခွင့်မသာခဲ့ပါ၊ ဦးဘရန်ရှောင်ရဲ့ ရင်ဘတ်မှာ အသံဖမ်းစက်ခိုးတပ်ထားပြီး ထွက်ဆိုခိုင်းတာ တရားသလား၊ ကျွန်တော်တို့ လက်နက်မဲ့ပြည်သူတွေက စောင့်ကြည့် နေခဲ့တယ်၊ လွတ်ပေးဖို့တောင်း ဆိုတာမဟုတ်ဘူး၊ ဒီအစိုးရ ဘယ်လိုဆက်လုပ်မလဲဆိုတာကို စောင့်ကြည့်နေတုန်း ဥပဒေအထက်က လူတွေရဲ့မျက်နှာပေါ်လာခဲ့တယ်။
မေ ၂၈၊ ၃၁၊ ၂၀၁၃ ဦးအောင်မင်းတို့အဖွဲ့ KIO နဲ့ တွေ့ဆုံဖို့ မြစ်ကြီးနားရောက် ခိုက်မှာ KBC ဆိုတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့နဲ့ သွားရောက်တွေ့ဆုံတုန်းက KBC အတွင်းရေးမှုး ကိုပြော သွားတာ “ဦးဘရန်ရှောင်ကို ၀န်ခံခိုင်းလိုက်ပါ၊ တစ်ပတ်အတွင်းပြန်လွတ်ပေးမယ်”  လို့ပြောခဲ့ကြောင်းလည်း ကြားသိရပါတယ်။ ၃၁၊ ၅၊ ၂၀၁၃ ဂျန်မိုင်ကောင်း စစ်ရှောင်စခန်းမှာက KBC ရုံးမှာ ကျွံခဲ့တဲ့စကား ကိုပြန်ပြင်ပြောခဲ့တာတွေ့ရတယ်။ “ဘရန်ရှောင်ကိုတစ်လအတွင်း လွတ်ပေးမှာ ဖြစ်ကြောင်း၊ စစ်အစိုးရ ဆိုရင်အမိန့်နဲ့ ဒီနေ့လွတ်ဆိုလွတ်လို့ရတယ်၊ အခုကျွန်တော်တို့က စစ်အစိုးရမဟုတ်တဲ့အတွက် တရားစီရင်ပြီးမှ လွတ်ပေးနိုင်မှာ ဖြစ်ကြောင်း” ဖာထေးပြောသွားတာ သိလိုက်ရသည်။

အဲဒီနောက်ရုံးချိန်း (၃) ခါပြန်ချိန်းတယ်၊ ဘာစစ်ဆေးချက်မှ မယူပဲရက်ရွှေ့ချိန်းတာပဲ လုပ်ခဲ့တယ်၊ ၁၈၊ ၇၊ ၂၀၁၃ ရက်နေ့မှာတော့ ဘာလျှောက်လဲချက်မှ နာကြားခြင်းမရှိပဲ၊ ရေးထားပြီးသား စာရွက်ဖတ်ပြခြင်းဖြင့် ထောင် (၂) နှစ်ချလိုက်တယ်လို့သိရသည်။

ဦးအောင်မင်းတို့ နုတ်သီးကျွံထားတဲ့အတိုင်း တစ်ပါတ်အတွင်း (၂၃၊ ၇၊ ၂၀၁၃) ပြန်လွတ်ပေးလိုက်တယ်၊ ဂျန်မိုင်ကောင်းစစ်ရှောင်စခန်း အရောက်ကိုပို့ပေး ပုံကတော့ ကောင်းမှကောင်း၊ VIP ယာဉ်တန်းနဲ့၊ ရှေ့ပြေးပြည်သူမောင်း ဥသြဆွဲသံနဲ့ဘာနဲ့၊ ဗုံမောင်းမပါတာကလွဲလို့၊ သူတို့ကိုယ်တိုင်ထောင်ကြီးကိုသွားထုတ်ပြီး ဂျန်မိုင်ကောင်းအထိပို့ပေးတယ်၊ ကောင်းလိုက်တဲ့ နိုင်ငံတော်ရဲ့စေတနာ။ UN ရုံးက Mariam လဲပါတယ် ဆိုတော့ ဂွေးတက်အောင်ကကြပြီပေါ့။ ဦးဘရန်ရှောင်ခင်ဗျာလည်း သိကြားဘိုးတော် ဦးအောင်မင်းရဲ့ အပ်ချလောင်းနဲ့ VIP ယာဉ်တန်းမှာ (၁၀) မိနစ်လောက်လိုက်ပါလိုက်ရတယ်။ ဦးဘရန်ရှောင်ရဲ့ ဇာတာစန်းထတာများ အကျဉ်းသားဘ၀ကနေ ချက်ချင်း VIP ဖြစ်သွားတာအံ့ဘနန်းပါပဲ။

မလိုပါဘူး၊ ဦးဘရန်ရှောင်ဆိုတာ အညတြလေးပါ၊ စာမတတ်ပါဘူး၊ ဗမာစကား ကောင်းစွာနားမလည်ပါဘူး၊ ဗိုလ်ကြီးအဆင့်ကို သူတို့မို့လို့တင်မြောက်ပေးလိုက်တယ်။ ကျွန်တော်တို့ပြည်သူတွေ ဦးဘရန်ရှောင်ကိုလွတ်ပေးလို့ ၀မ်းမသာပါဘူး။ ဦးဘရန်ရှောင်ကိုလာပို့ရင်း ဦးအောင်မင်း စစ်ရှောင်တွေရဲ့ရှေ့မှာ အောင်ပွဲခံပြောသွား လိုက်တာက “ဦးဘရန်ရှောင်ကို တစ်ပတ်အတွင်း လွတ်မယ်လို့ပြောထားတဲ့ ဂတိမတည်ရင် ကိုယ့်ကိုယ် သတ်သေ ပလိုက်မယ်” ဆိုပဲ။ လေးစားလောက်ပါပေတယ် Above the law ကြီး၊ အာဂတန်ခိုးရှင်ရယ်။ ဒီအချင်းအရာတွေကိုကြည့်ရင် ဥပဒေ အထက်မှာ ဦးသိန်းစိန်တို့၊ ဦးအောင်မင်း တို့ ရှိနေတာထင်ရှားလှပါတယ်။ 

နောက်ပြီး မသိလို့မေးပါရစေ၊ သမ္မတ အမိန့်တစ်ခုတည်းနဲ့  အကျဉ်းသားတွေလွတ်ပေး တယ်ဆိုတာ ဥပဒေ မှာရှိသလား? အမေရိကန်သမ္မတ မြန်မာပြည်လာတုန်းကပြောသွားတယ် “အမေရိကန် သမ္မတနဲ့တစ်ကွ အစိုးရရော၊ စစ်တပ်ရော ပြည်သူတွေခိုင်းတာပဲလုပ်ရတယ်” တဲ့။ မြန်မာ သမ္မတ ဗြိတိန်နဲ့ ပြင်သစ်ရောက်တုန်းကပြောသွားတာက “၂၀၁၃ မကုန်ခင် နိုင်ငံရေးအကျဉ်းသား အကုန်လွတ်ပေးမယ်တဲ့” ဆန့်ကျင်ဘက်ဖြစ်နေတယ်၊ ဒါကသူတစ်ဦးတစ်ယောက်ရဲ့ လက်ထဲမှာ ပဲရှိတယ်၊ ငါလွတ်ဆိုလွတ်၊ ငါဖမ်းဆိုဖမ်း အာဏာရှင်ဖြစ်ကြောင်းထင်ရှားနေပြီ၊ ဒီမိုကရေစီ ဖော်ဆောင်တယ်ဆိုရင်တော့ လွတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီးလွတ်သင့်တာ မလွတ်သင့်တာတွေ ဆွေးနွေးစရာ မလိုဘူးလား? မြစ်ဆုံရေကာတာစီမံကိန်းကို သမ္မတ တစ်ဦးတည်းနဲ့ ရပ်ဆိုင်းလိုက်လို့ရပါသလား၊ ဒီမိုကရေစီဆို၊ By the people, of the people, for the people ဆိုပြီးဝန်ကြီးတွေ ပြောကြပါတယ်၊ တကယ် ဟုတ်သလား? On the people များဖြစ်မနေဘူးလား? မပြောင်းလဲသေး ပါဘူးမြန်မာရေ။ ကျွန်တော်တို့ပြည်သူတွေ ၀မ်းမသာပါဘူး၊ မြည်တမ်းဆဲပါ၊ Above the law ပုဂ္ဂိုလိများ ဘယ်အချိန်ကာလအထိများ စိုးမိုးနိုင်မှာလဲ၊ ဇရာစားလို့နေ၀င်ချိန်နီးလာပြီနော် ရေချိုးရင်မှန်ကြည့်လိုက်ပါ ချိင်းအောက်အရေတွေတွန့်လို့နေပြီလေ။ တရားက၀နာ စီးဖြန်းချိန်မရပဲ မိုးလင်းမိုးချုပ် ပြည်သူတွေကိုအနိဋ္ဌပေး ဖိုးပဲကြံရွယ်နေတော့ အမင်္ဂလာနဲ့ပဲနေရမှာပေါ့၊ သတ္တ၀ါတိုင်းအတွက် အချိန်ဆိုတာစောင့်နေတယ်။ 

ဂုရုကြီး


MATUT HTI NA »

လွတ်လပ်ရေးဖခင်သဖွယ်ထင်ယောင်ထင်မှားဖြစ်ခဲ့သည့်ဗိုလ်ချုပ်အောင်ဆန်း

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခဲ့သော 1945 ခုနှစ်နောက်ပိုင်းမှာ Atlantic Charter အမိန့်ပြန်တမ်းအရ အင်္ဂလိပ် အစိုးရသည် သူ့၏ ကိုလိုနီနိုင်ငံများအားလုံးကို လုံးဝလွတ်လပ်ရေး ပေးဖို့ ဆုံးဖြတ်လိုက်ပြီးဖြစ်သည်။ ထို့ကြောင့် အင်္ဂလိပ်ကိုလိုနီနိုင်ငံများသည် လွတ်လပ်ရေးကို အချိန်တန်ရင် မတောင်းလည်း ရပြီးသားအခြေအနေဖြစ်ခဲ့သည်။ 

ထိုကိစ္စကိုကြိုတင်သိထားသော ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်သို့ အမြန်ဆုံးသွားရောက်ကာ ၀န်ကြီးချုပ်အက်တလီနှင့် အမြန်ဆုံးတွေ့ဆုံကာ လွတ်လပ်ရေးကို တောင်းဆိုခဲ့သည်။ ဒီတော့ ၀န်ကြီးချုပ်အက်တလီက ပြောလိုက်သည်မှာ- (လွတ်လပ်ရေးကို မတောင်းလည်းပေးဖို့အစီအစဉ်ရှိပါတယ်။ 
ဒါပေမယ့် တောင်တန်းဒေသ တိုင်းရင်းသားများကိုတော့ သူ့တို့ရဲ့ ဆန္ဒအတိုင်းပဲဖြစ်စေရမယ်။ ခင်ဗျားတိှု့ဗမာတွေနဲ့ အတူတူယူမယ်ဆိုလည်းရတယ်။ သူတို့ပဲသီးခြားယူမယ်ဆိုလည်းရတယ်။ ခင်ဗျားတို့ဗမာတွေ တိုင်းရင်းသားတွေနဲ့ အတူတူ လွတ်လပ်ရေးယူမယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ ဆန္ဒကိုမေးရမယ်။ သူ့တို့ ခင်ဗျားတို့နဲ့ အတူတူယူမယ်ဆိုရင်တော့ လွတ်လပ်ရေးအတူတူယူမယ်ဆိုတဲ့ သဘောတူညီချက်ကို စာချုပ်ချုပ်ပြီးပြန်လာပြပါ။) လို့ပြောလွှတ်လိုက်သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် အမြန်ဆုံးပြည်တော်ပြန်ပြီး တိုင်းရင်းသားတွေကို ဗမာနဲ့အတူတူလွတ်လပ်ရေးယူဖို့ အမျိုးမျိုးဖြားယောင်းစည်းရုံးခဲ့လေသည်။ 

1946 ခုနှစ်နိုဝင်ဘာလ (28) ရက်နေ့မှာ မြစ်ကြီးနားမြို့သို့ ရောက်လာပြီး နိုဝင်ဘာလ (29) ရက်နေ့မှာ ကချင်ခေါင်းဆောင်များနဲ့ တွေ့ဆုံစဉ်-(ခင်ဗျားတို့ကချင်လူမျိုးတွေ တိုးတက်ချင်ရင် ကျွန်တော်တို့ဗမာတွေနဲ့ အတူလွတ်လပ်ရေးယူရအောင်၊ မတိုးတက်ချင်ရင်တော့ အင်္ဂလိပ်ပြောစကားကိုနားထောင်ကြပါ။ လွတ်လပ်ရေးရပြီးနောက် ခင်ဗျားတို့ ကချင်ပြည်ကို ခင်ဗျားတို့ကချင်တွေသာ အုပ်ချုပ်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဗမာတွေ လာအုပ်ချုပ်မှာမဟုတ်ဘူး။ ခင်ဗျားတို့ဒေသကို ခင်ဗျားတို့စိတ်တိုင်းကျ ကြိုက်သလိုစီမံအုပ်ချုပ်ကြပါ။ ဒါပေမယ့် တစ်ပြည်လုံးနဲ့ဆိုင်တဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေးနှင့် ဘဏ္ဍရေးစသည့် ကိစ္စတွေကိုတော့ ကချင်ဝန်ကြီးများပါဝင်တဲ့ ဗဟိုအစိုးရအဖွဲ့က တိုင်ပင်ဆောင်ရွက်ကြပါလိမ့်မယ်။ ဘာသာရေးနှင့် ပါတ်သက်လို့လည်း ခင်ဗျားတို့ကြိုက်နှစ်သက်တဲ့ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်နိုင်ပါတယ်။ စစ်တပ်နဲ့ပါတ်သက်ရင်လည်း ခင်ဗျားတို့ရဲ့ ကချင်တပ်ကို သီးခြားတပ်ဖွဲ့အနေနဲ့ ဖွဲ့စည်းပေးမယ်၊ တန်းတူညီမျှရေးမှာလည်း ဗမာတစ်ကျပ်၊ ကချင်တစ်ကျပ် အခွင့်အရေးရမယ်။ ခင်ဗျားတို့ ကျွန်တော်တို့ဗမာတွေကို မကောင်းဘူးလို့ထင်ရင် လက်တွေ့ပေါင်းကြည့်ပါ။ အခုခေတ်ဗမာတွေဟာ အရင်ခေတ်ဗမာတွေနဲ့ မတူတော့ဘူးဆိုတာ ခင်ဗျားတို့ယုံပါလို့ပြောချင်ပါတယ်) စသည်ဖြင့် ကချင်တွေကို စည်းရုံးသိမ်းသွင်းခဲ့သည်။ ကချင်တွေကလည်း လက်တွေ့မှာ ဘယ်လိုဖြစ်လာမလဲဆိုတာကို မစဉ်းစားဘဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အပြောမှာ ရေစုန်မျောခဲ့ ကြရပြီ။ တစ်ကယ်ဆိုရင် အချို့သောကချင်အမျိုးသားများဟာ ဗမာတွေနဲ့အတူတူ လွတ်လပ်ရေးရယူမှုကို သဘောမတူခဲ့ကြပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တုန်းက အင်္ဂလိပ်အစိုးရ၏ တောင်တန်းဒေသ အုပ်ချုပ်ရေးမှူး H.N.C Stevenson သည် 1946 ခုနှစ် ဒီဇင်ဘာလ (2-3) ရက်နေ့များတွင် ကချင်ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး -(ခင်ဗျားတို့ကချင်တွေကို သီးခြားကချင်ပြည်သတ်မှတ်ပေးပြီး သီးခြားလွတ်လပ်ရေးပေးဖို့ စီစဉ်နေပါတယ်။ 
ဒါပေမယ့် ဗမာခေါင်းဆောင်တွေက ခင်ဗျားတို့ကချင်တွေဟာ ဗမာတွေနဲ့အတူတူပဲ လွတ်လပ်ရေးယူချင်ကြတယ်။ ဗမာတွေနဲ့ ခွဲမနေချင်ကြဘူးဆိုပြီး ကန့်ကွက်ပြောဆိုနေကြတော့ ကျွန်တော်တို့ အင်္ဂလိပ်အစိုးရလည်း ဆုံးဖြတ်ရခက်နေပါတယ်။ ဒီတော့ ဒီနေ့ ကျွန်တော်နဲ့ အတူရောက်လာတဲ့ ဗြိတိသျှပါလီမန် အထူးကိုယ်စားလှယ်များရဲ့ ရှေ့မှောက်မှာ သီးခြားကချင်ပြည်ကို လိုချင်ပါတယ်။ သီးခြားလွတ်လပ်ရေးကို ရယူချင်ပါတယ်လို့ တစ်သံထဲပြော ကြပါ။ ခင်ဗျားတို့ကချင်တွေ လိုအပ်နေတဲ့ ပညာရပ်တွေအမျိုးမျိုးကိုလည်း သင်ကြားပေးသွားမှာဖြစ်တယ်။ အုပ်ချုပ်ရေးပညာတွေ ဆေးပညာတွေလည်းပါတယ်။ ခင်ဗျားတို့ ဗမာတွေနဲ့အတူတူ လွတ်လပ်ရေးယူသွားရင် ခင်ဗျားတို့ကချင်တွေထက် ပိုမိုတတ်ကျွမ်းတဲ့ လူဦးရေလည်းပိုများတဲ့ ဗမာတွေက ခင်ဗျားတို့ကို တဖြည်းဖြည်းချင်းဝါး မျိုသွားလိမ့်မယ်။ ဗမာနဲ့အတူတူလွတ်လပ်ရေး မယူချင်ကြပါနဲ့လို့ တိုက်တွန်းပြောချင်ပါတယ်) စသည်ဖြင့် အကြံပြုပြောကြားခဲ့တဲ့စကားတွေကို ကချင်လူမျိုးတွေ ဒီနေ့ဒီအချိန်မှာ နားလည်သဘောပေါက်ကြပေမဲ့ နောက်ကျခဲ့ ပြီလေ။ နောက်ကြောင်းပြန်လှည့်သွားလို့မှ မရတော့တာ။ 

အဲဒီလို အင်္ဂလိပ် တောင်တန်းဒေသအုပ်ချုပ်ရေးမှူး စတီဗင်ဆင် ပြောတဲ့စကားကို အဓိကဆန့်ကျင်ကန့်ကွက်ပြောဆိုသူသည် ဆမားဒူဝါဆင်ဝါးနော် ဖြစ်ခဲ့သည်လို့ ပြောကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ဖခင် ဆမားဒူဝါဂွမ်ဆိုင်းလီဟာ အင်္ဂလိပ်တွေကို ဆန့်ကျင်တော်လှန်တိုက်ခိုက်တဲ့ တိုက်ပွဲမှာကျဆုံးသွားခဲ့လို့ အင်္ဂလိပ်တွေ ဘယ်လောက်မှန်တဲ့ စေတနာစကားပဲပြောပြော သူ့နားမှာမ၀င်တော့ပေ။ သူ့ဘက်က စဉ်းစားကြည့်ပေးမယ်ဆိုရင်တော့ သဘာဝကျပါတယ်လေ။ အဲဒီအချိန်တုန်းက ဗမာတွေရော ကချင်တွေပါ အင်္ဂလိပ်အစိုးရရဲ့ ကျွန်သဖွယ်ဖြစ်နေကြတော့ ကျွန်အချင်းချင်းစည်းရုံးတဲ့စကားကိုမှ အဟုတ်ထင်ခဲ့ကြတာ သဘာဝကျပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် ကိုလိုနီနိုင်ငံများကို လွတ်လပ်ရေးပေးဖို့ အင်္ဂလိပ်အစိုးရမှာ အစီအစဉ်ရှိမရှိဆိုတာကို ကချင်ခေါင်းဆောင်တွေမှ ကြိုမသိခဲ့ကြတာ။ သိသူဖော်စား၊ မသိသူကျော်သွားဆိုသလိုပေါ့။ အဲဒီလိုနဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ရှမ်းနဲ့ ချင်းတွေကိုလည်း ကချင်တွေကိုစည်းရုံးသလို စည်းရုံးခဲ့တယ်။ ရှမ်းကိုကျတော့ သူ့ရဲ့တပည့်ကျော် ဦးထွန်းလှဆိုသူကိုစေလွှတ်ပြီး စည်းရုံးခိုင်းခဲ့တယ်။ ဒါပေမယ့် ရှမ်းတွေက ဗမာနဲ့အတူတူ လွတ်လပ်ရေးယူဖို့ကို သဘောမတူခဲ့ကြပါ။ သို့သော် 5.2.1947 ရက်နေ့မှာ ကချင်ခေါင်းဆောင်များသည် ပင်လုံမြို့သို့သွားရောက်ပြီး ဗမာနဲ့အတူတူ လွတ်လပ်ရေးယူရန်၊ လွတ်လပ်ရေးရပြီးနောက် ကချင်နှင့် ရှမ်းသီးခြားပြည်နယ်များပါဝင်သည့် ပြည်ထောင်စုကို ဖွဲ့စည်းသွားဖို့ရန်နှင့် ပြည်ထောင်စုမှခွဲထွက်လိုက ခွဲထွက်သွားကြရန် စည်းရုံးပြောဆိုခဲ့လို့ 6.2.1947 ရက်နေ့မှာ ရှမ်းခေါင်းဆောင်များသည်လည်း ဗမာနဲ့အတူတူ လွတ်လပ်ရေးရယူဖို့ကို သဘောတူခဲ့ကြသည်။ 6.2.1947 ရက်နေ့ညနေပိုင်းတွင် ချင်းခေါင်းဆောင်များလည်း ရောက်ရှိလာပြီး ကချင်နဲ့ ရှမ်း သဘောတူသလို ဗမာတွေနဲ့ လွတ်လပ်ရေးအတူတူရယူဖို့ကို သဘောတူခဲ့ကြသည်။ 

8.2.1947 ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ပင်လုံသို့ရောက်ရှိလာပြီး 9-10-11 သုံးရက်တိုင်တိုင် အကြိတ်အနယ် ဆွေးနွေးတိုင်ပင်ကြပြီး 12.2.1947 ရက်နေ့မှာ ပြည်ထောင်စုမြန်မာနိုင်ငံလို့ခေါ်ဆိုမည့် နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်ပေါ်လာရန်အတွက် သမိုင်းဝင် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ထိုစာချုပ်ကြောင့် အင်္ဂလိပ်အစိုးရသည် တိုင်းရင်းသားများကိုလည်း ဗမာများနှင့်အတူ လွတ်လပ်ရေးကို ပေးခဲ့ရခြင်းဖြစ်သည်။
ထိုဖြစ်ရပ်များကိုကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းကြောင့် လွတ်လပ်ရေးရခဲ့တာမဟုတ်ဘဲ ဗမာများကို လွတ်လပ်ရေးပေးသလို တိုင်းရင်းသားများကိုလည်း သီးခြားလွတ်လပ်ရေးတွေပေးဖို့ အစီအစဉ်ရှိခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ဆိုသူက သူ့ကိုပဲနိုင်ငံရဲ့ ကယ်တင်ရှင်ကြီးသဖွယ် သတ်မှတ်ကြပါစေဆိုတဲ့ သဘောမျိုးနဲ့ လူလည်လုပ်ပြီး မင်းသားလုပ်သွားခဲ့လို့ ဒီနေ့ တိုင်းရင်းသားများခမျာ အဖိနှိပ်ခံဘ၀ဆီသို့ ရောက်နေခဲ့ရတာဖြစ်ကြောင်း၊ ဒါ့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဆိုသူသည် အမှန်တစ်ကယ် လွတ်လပ်ရေးခေါင်းဆောင် ဖခင်ကြီးဖြစ်သည်ဟု အသိအမှတ်ပြုခေါ်ဆိုဖို့ရန် စဉ်းစားစရာဖြစ်နေကြောင်းနှင့် ယခုတင်ပြချက်များသည် ဘယ်သူ့ကိုမှရည်ရွယ်ခြင်းမဟုတ်ဘဲ သမိုင်းဖြစ်ရပ်မှန်ကို ဖော်ထုတ်လိုက်ခြင်းသာလျှင် ဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။

ပြည်သူ့တမန်


MATUT HTI NA »

သူခိုးကလူလိုဟစ်နေပြီ

စစ်တပ်ရဲ့တာဝန်ဟာ ပြည်ပမှကျူးကျော်ဝင်ရောက်လာတဲ့ ရန်သူတွေကို တိုက်ခိုက်ချေမှုန်းပစ်ဖို့၊ စစ်တိုက်ဖို့ တာဝန်သာလျှင် အဓိကတာဝန်ဖြစ်သည်။ ထို့ကြောင့်စစ်ပညာကလွဲပြီး ဘာနိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည့် ပညာရပ်တွေကိုမှသင်ပေးခြင်းမရှိပါ။ စစ်တပ်က ရိုးရိုးစစ်သည်စစ်သားမှ ထိပ်ဆုံးကမှစစ်ဦးစီးချုပ်အထိ စစ်ပညာတွေကို သူ့အဆင့်နှင့်သူ လေ့လာဆည်းဖူး လုပ်ဆောင်နေရတာဖြစ်သည်။ ဒါတောင်မှ စစ်ရေးစစ်ရာများမှာ လိုအပ်ချက်တွေအများကြီး ရှိနေပါသေးသည်။ ဒါပေမယ့် စစ်တပ်ဟာ သူ့အလုပ်သူမလုပ်ဘဲ သူနဲ့မဆိုင်တဲ့ သူလုံးဝမကျွမ်းကျင်တဲ့ နိုင်ငံရေးမှာမှားယွင်းစွာ ၀င်ရောက်စွက်ဖက်ခဲ့တဲ့ 1961 ခုနှစ်မတ်လ (2) ရက်နေ့ ဗိုလ်ချုပ်နေ၀င်းကစပြီး ဒီနေ့ဒီအချိန်အထိနှစ်ပေါင်း (50) ကျော် စစ်တပ်က နိုင်ငံတော်ရဲ့အာဏာကို လက်နက် အားကိုးပြီး မတရားသိမ်းယူအုပ်ချုပ်ခဲ့လို့ တိုင်းပြည်ကြီးဟာ ဖွံ့ဖြိုးတိုးတက်လာမယ့်အစား ဆင်းရဲသည်ထက်ဆင်းရဲပြီး နောက်ဆုံးကျတော့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ဘ၀ဆီကို မရောက်ချင်ဘဲနဲ့ရောက်သွားခဲ့ရတာ အားလုံးအသိကဘာသိဖြစ်ခဲ့ရပြီ။ တရားခံဘယ်သူလဲ။ စစ်တပ်ပေါ့။ သူနဲ့မဆိုင်တဲ့ သူလုံးဝမကျွမ်းကျင်တဲ့ အလုပ်ကို လုပ်နေဆဲမို့လို့ပါ။ 

ဘာဥပမာနဲ့အလားသဏ္ဍန်တူသလဲဆိုတော့ လယ်ထွန်တဲ့အလုပ်ဘဲ လုပ်တတ်တဲ့ လယ်သမားတွေကို ကွန်ပျူတာအခန်းမှာ အလုပ်လုပ်နေတဲ့ကျွမ်းကျင်သူတွေကို မောင်းထုတ်လိုက်ပြီး လယ်သမားတွေကို ကွန်ပျူတာနဲ့ဆိုင်တဲ့ အလုပ်တွေကို လုပ်ခိုင်းနေသလိုဖြစ်နေပါသည်။ ကွန်ပျူတာပညာမှမသင်ထား မလေ့လာထားတဲ့လူတွေ ဘာလုပ်တတ်မှာလဲစဉ်းစားကြည့်ကြပါ။ သူတို့တစ်တွေ စမ်းတ၀ါးဝါးနဲ့ မဆီမဆိုင်တဲ့ခလုတ်တွေကို လျှောက်နှိပ်နေကြတော့ နောက်ဆုံးရှိရှိသမျှကွန်ပျူတာတွေ ပျက်စီးသွားကြမှာ မြေကြီးလက်ခတ်မလွဲမဟုတ်ပါလား။ အခုဒီနိုင်ငံရဲ့ အဖြစ်အပျက်ဟာ အဲဒီလိုဖြစ်နေတာနှစ်ပေါင်း (52) နှစ်တိုင်တိုင်ကြာခဲ့ပြီလေ။ စစ်ပညာဘဲလေ့လာထားတဲ့လူတွေက နိုင်ငံရဲ့ဌာနတိုင်းလိုလိုမှာ ထင်သလို တတ်ယောင်ကားလုပ်ပြီး မဆိုင်တာတွေကို ညွှန်ကြားပြီးညွှန်ကြားနေတော့ ဒီတိုင်းပြည် မပျက်စီးဘဲနေပါ့မလား။ 

အဆိုးဆုံးကတော့ဗျာ -ပညာရေးမှာ မူလတန်းကနေတက်ကသိုလ်အထိ ညွှန်ကြားသာမကဘဲ အထက်တန်းကျောင်းအုပ်နေရာတွေအထိ ၀င်ရောက်လုပ်ကိုင်နေတာတွေ ဆေးဘက်ဆိုင်ရာတွေမှာ ညွှန်ကြားနေတာတွေနှင့် စီးပွားရေးဘက်တွေမှာ ညွှန်ကြားနေတာတွေဟာ အရမ်းရုပ်ဆိုးလွန်းပါတယ်။ ရှက်စရာလည်းကောင်းလှပါတယ်။ ပညာရေးတွေမှာဆိုရင် ငွေနဲ့ပေးဝယ်လို့ရတဲ့ဘွဲ့တွေ ဂုဏ်ထူးတွေက ဘယ်မှာမကြားဖူးမရှိဖူးတဲ့ဟာတွေဖြစ်ခဲ့ပြီလေ။ 

လူမှန်နေရာမှန်လုပ်နေတာတောင် တစ်ခါတစ်လေ လွဲချော်တတ်တဲ့ကြားက လူမမှန်နေရာမမှန်စနစ်နဲ့ မောင်းနှင်နေတဲ့ယန္တာယားကြီး မပျက်ဘဲဘယ်နေပါ့မလဲ။ 2010 ရွေးကောက်ပွဲမှာလည်း ကြိုတင်မဲဆိုတဲ့ခေါင်းစဉ်တပ်ပြီး မဲမနိုင်မခြင်း လိုသလောက် ဆာလာအိတ်ကြီးတွေနဲ့ သယ်လာတဲ့မဲပြားတွေနဲ့ လိမ်ညာယူပြီး အနိုင်မရရအောင်လုပ်ခဲ့လို့ တက်လာတဲ့သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ၊ ၀န်ကြီးတွေအများစုဟာ စစ်ဗိုလ်ချုပ်တွေကြီးဘဲဖြစ်နေပါသည်။ ဒါလည်းပဲတိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ယူမှုပါပဲ။ ထို့ကြောင့် ဥပဒေရှုထောင့် အဖက်ဖက်ကနေကြည့်ရင် တရားမ၀င်တဲ့  Defacto Government ပါပဲ။ Dejure Government လို့ခေါ်လို့မရသေးပါဘူး။ တစ်မျိုးပြော ရရင် ဥပဒေပြင်ပကလူတွေ အဓိကအုပ်ချုပ်နေတဲ့ အခြေအနေဖြစ်နေပါတယ်။ ဥပဒေဘောင်အတွင်း အရင်ဆုံးဝင်ရောက်လာရမယ့်လူတွေက တိုင်းပြည်ကို လက်နက်အားကိုးပြီး အာဏာသိမ်းယူအုပ်ချုပ်နေတဲ့ စစ်တပ်ကစစ်ဗိုလ်ချုပ်အုပ်စုတွေသာလျှင်ဖြစ်ပါသည်။ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေမဟုတ်ပါ။ သူတို့ဟာမိမိလူမျိုးအသီးသီးရဲ့ ဆုံးရှုံးနေတဲ့ရပိုင်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို ပါလီမန်မှာတရားဝင်တောင်းဆိုခဲ့တာမရခဲ့လို့ သူ့ရဲ့လူမျိုးကို အဖိနှိပ်မခံရအောင် ကာကွယ်စောင့်ရှောက်ဖို့ လက်နက်ကိုင်ခဲ့ရခြင်းသာဖြစ်သည်။ စစ်ပွဲတွေဖြစ်ရတာလဲ ဗမာစစ်တပ်တွေက တိုင်းရင်းသားတွေရဲ့နယ်မြေတွေမှာ ၀င်ရောက်ကျူးကျော်လို့ မလွဲသာမရှောင်သာ၊ မိမိကိုယ်ကို ခုခံကာကွယ်ရုံမှတစ်ပါး ထိုးစစ်ဆင်တိုက်ခိုက်တာမရှိခဲ့ပါ။ လက်နက်အားကိုးပြီး မတရား အနိုင်ကျင့်တာတွေလဲမရှိခဲ့ပါ။ 

ဒီအဖွဲ့အစည်းတွေကို ဥပဒေပြင်ပကအဖွဲ့အစည်းတွေလို့ပြောလို့မရပါဘူး။ ဥပဒေဘောင်အတွင်း ၀င်ပါလို့ပြောတာလည်း တရားနည်းလမ်းမကျပါဘူး။ ဒါဟာသူခိုးကလူလိုဟစ်နေတယ်ဆိုတဲ့ အဖြစ်မျိုးဖြစ်နေပြီ။ ဘာဖြစ်လို့လက်နက်ဆွဲကိုင်ရတယ်ဆိုတာ အခုနအပေါ်မှာ ပြောပြခဲ့သည့်အတိုင်းဖြစ်ပါသည်။ ဗမာစစ်တပ်ဖက်က ဥပဒေကိုချိုးဖောက်ပြီး နိုင်ငံရဲ့ အချုပ်အချာအာဏာတွေကို မတရားလုယူခဲ့လို့ ဥပဒေချိုးဖောက်ခဲ့လို့ ဖြစ်ပေါ်လာရတဲ့ နောက်ဆက်တွဲ နိုင်ငံရေးပြသာနာတွေသာလျှင်ဖြစ်ပါသည်။ ထို့ကြောင့် စစ်ဗိုလ်ချုပ်တွေ ဥပဒေဘောင်အတွင်း ပြန်ဝင်ရောက်လာပြီး တိုင်းပြည်ရဲ့ အာဏာအ၀၀ကို မူလအာဏာပိုင်ရှင်ဖြစ်တဲ့ ပြည်သူတွေရဲ့လက်ထဲ အပ်နှင်းလိုက်ပြီး မိမိရဲ့နေရာမှန်ဖြစ်တဲ့ စစ်တန်းလျားများဆီကို ပြန်သွားကြရင် ဒီတိုင်းပြည်ကြီးဟာ နေ့ချင်းညချင်းဆိုသလို ပြသာနာအလုံးစုံကနေ ကင်းဝေးလွတ်မြောက်လာပြီး ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ်လို့ ပြောကြားလိုပါတယ်။ မတရားအုပ်ချုပ် မင်းလုပ်နေတဲ့အစိုးရအဖွဲ့ အမြန်ဆုံးကျဆုံးသွားပြီး တိုင်းပြည်နဲ့ပြည်သူတွေကို မှန်မှန်ကန်ကန်အုပ်ချုပ်နိုင်တဲ့ အရည်အချင်းပြည့်ဝသော နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အစိုးရအဖွဲ့တွေ အမြန်ဆုံးပေါ်ပေါက်လာပါစေလို့ ဆုတောင်းရင့်း့ 

ပြည်သူ့တမာန် 


MATUT HTI NA »

တိုင်းရင်းသား လက်နက်ကိုင်များ စည်းလုံးဖို့အချိန်တန်ပြီ

မြန်မာလွတ်တော် ဥက္ကဌ သူရရွှေမန်း၏ တိုက်တွန်ချက်အရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးကို ဇူလိုင်လ (၂) ရက်နေ့တွင် အရေးတကြီးပြုလုပ်ခဲ့ရပါသည်။ မကျင်းပတာ ကြာပြီ ဖြစ်သော ဤကာလုံ အစည်းအဝေးကြီးကို အဘယ်ကြောင့် အရေးတကြီး ခေါ်ယူ ကျင့်ပရပါသနည်း။ အဖြေသည်ကား ရှင်းရှင်းလင်းလင်းပင် တွေ့ဖြစ်နေရပါသည်။

ယခုအချိန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စစ်ရေး အသင့်အနေအထား ရှိဖို့ရန် အထူးအရေးကြီးသော အချိန်သို့ ကျရောက်နေပါပြီ။ မြန်မာအစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ထင်သလောက် အောင်မြင်မှု မရရှိသောကြောင့် နိုင်ငံသကာတွင် မျက်နှာပူနေရပါသည်။ ယခုအချိန် မြန်မာအစိုးရ၏ အလိုလားဆုံး ဆန္ဒမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုရေးပင်ဖြစ်ပါသည်။ အကြောင်းရင်းမှာ ဤစာချုပ်ဖြင့် နိုင်ငံတကာ လှည့်လည် လိမ်ညာကာ အခွင့်ကောင်းယူ တောင်းစားလိုသော ကြောင့်ဖြစ်ပါသည်။ မြောက်ပြဆန်တောင်း လုပ်ဖို့ ကြံစည်နေတာပဲ ဖြစ်ပတယ်။

မြန်မာအစိုးရ၏ စီးပွားရေးလမ်းဖွင့်ပေးမှုကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နံရန် စိတ်ဝင်စားသော်လည်း မြန်မာပြည်တွင်း ပြည်တွင်းစစ်များ ဆက်လက်ဖြစ်ပွားလျက်ရှိကာ မငြိမ်မသက် ဖြစ်နေမှုကြောင့် လာရောက် ရင်းနှီးမြုပ်နှံရန် တွန့်ဆုတ်နေကြပါသည်။ နောက်တစ်ခုက လာမဲ့ ၂၀၁၄ မှာ မြန်မာနိုင်ငံဟာ အာဆီယံ ဥက္ကဌ ရာထူးကို ရယူရမှာဖြစ်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ အာဆီယံ ဥက္ကဌ ရာထူးနဲ့ လွှဲချော်သွားမှာကို အထူးစိုးရိမ်လျှက်ရှိပါတယ်။ အရင် တစ်ခါလည်း ဒီရာထူးနဲ့ လွှဲချော်ခဲ့ဖူးတော့ ခုတခါမြန်ပြီး လက်လွှတ်လိုက်ရမှာကို ကြောက်ရွှံ့နေပါတယ်။ မြန်မာပြည်တွင် ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွါးနေပါက မြန်မာအစိုးရအတွက် အာဆီယံ ဥက္ကဌ ထိုင်ခံဟာ ခပ်လှုပ်လှုပ်ဖြစ်နေဆဲပါ။ ဒါကို မြန်မာအစိုးရက လိုလားဟန်မရှိပါဘူး။ အာဆီယံ ဥက္ကဌ ရာထူးကို ဒီတစ်ခါ ပြန်လက်လွှတ်လိုက်ရရင် မြန်မာအစိုးရအတွက် မဟာ အဆုံးအရှုံးကြီးပဲဖြစ်ပါတယ်။ 

အဲဒါတွေကြောင့် မြန်မာအစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို မရရတဲ့နည်းနဲ့ ငြိမ်းချမ်းရေး စားချုပ်ချုပ်ဆိုဖို့ ကြိုးစားလာနိုင်ဖွယ်ရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို အခွင့်အရေးတွေ အမျိုးမျိုးပေး၊ စီးပွားရေးလ်ုပကိုင်ခွင့်တွေချပေ၊ တိုင်းရင်းသားများတောင်းဆိုတဲ့ အခွင့်အရေး အနည်းအကျည်းကို ချပေးပြီး စည်းရုံးသိမ်းတွင်း လာမှာ ဧကန် မုချ မလွှဲပါဘူး၊ အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ ဆိုသလို့ မြန်မာအစိုးရကလည်း စည်းရုံးလို့မရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများကို အင်အားသုံးပြီး ပြန်လည် ပြန်လည် တိုက်ခိုက်လာနိုင်ပါတယ်။ ဒါဟာ မြန်မာအစိုးရရဲ့ နောက်ဆုံးအဆင့် အကြံကုန် ဂဠုန်ဆားချက် နည်းစနစ်ပဲဖြစ်ပါတယ်။ 

ဒီလို မြန်မာအစိုးရချပေးမဲ့ အနည်းငယ်မျှသော အခွင့်အရေးကို မက်မောပြီး ငြိမ်းချမ်းရေးလက်မှတ် ထိုးမိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ဘယ်တော့မှ နာလန်ပြန်ထူးနိုင်တော့မှာ မဟုတ်ပါဘူး။ မြန်မာအစိုးရရဲ့ ယုတ်မာတဲ့ သဘောထားအမှန်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတိုင်း အမှန်တိုင်း သိမြင်ပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ရပါလိမ့်မယ်။ မြန်မာအစိုးရရဲ့ သူခိုးကျင့် သူခိုးကြံ အကြံအစီများကို ယုံစားနေမဲ့အချိန်မဟုတ်တော့ပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း အရင်းကထက် ပိုမိုးစည်းလုံးပြီး မနီးတော့တဲ့ စစ်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ဖို့ အချိန်ကျရောက်နေပါပြီ။ မြန်မာအစိုးရ၏ ယုံတမ်းစကားများကို ယုံကြည်နေမဲ့အစား ကိုယ့်အဖွဲ့အစည်း အတွက် လုပ်စရာရှိတာများကို တစိုက်မတ်မတ်လုပ်ဆောင်သွားရန် အရေးကြီးသော အချိန်သို့ ကျရောက်နေပါပြီ။

ယခုအခါ "၀" အဖွဲ့အစည်းများနှင့်လည်း စစ်ရေးတင်းမာမှုများ တစ်နေ့တစ်ခြား ပိုမိုးများပြားလာနေသည်ကို တွေ့မြင်နေရပါသည်။ ဤ "၀" အဖွဲ့အစည်းသည် မြန်မာအစိုးရ၏ အထူးအခွင့်အရေး ပေးခံရသော အဖွဲ့အစည်းဖြစ်ပါသည်။ အခွင့်အရေး သာလာသည်နှင့် အမျှ "၀" အဖွဲ့အစည်းကို အမျိုးမျိုး အကျပ်ကိုင် ခြိမ်းခြောက်လာနေပါသည်။ ဤသည်ကား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကို ခြိမ်းခြောက် ခြင်းပင်ဖြစ်ပါသည်။ 

ကေအိုင်အိုအစိုးရနှင့် မြစ်ကြီးနားမြို့ပေါ်တွင် တွေ့ဆုံး ဆွေးနွေးစဉ်က ဂတိတွေ အထပ်ထပ်ပေးပြီး ဆွေးနွေးပွဲ ပြီးဆုံးပြီး မကြာပြီး ကေအိုင်အေနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ပွဲများ နေ့စဉ်ရက်ဆက် ပြန်လည် ဖြစ်ပွားခဲ့ပါသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာအစိုးရ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် စစ်မှန်သော ငြိမ်းချမ်းရေးကို လိုလားတာမဟုတ်ပဲ သူတို့လိုချင်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး စားချုပ်ချုပ်ဆိုနိုင်ရေးကို ကျိုးပမ်းနေခြင်းသာ ဖြစ်ကြောင်း လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှား ပေါ်လွင်လျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

နော်မွတ်


MATUT HTI NA »

သမ္မတကြီး ကျန်းမာပါစေ

ခုချိန်ထိ ကြားရတာတွေက အမျိုးမျိုး အဖုံဖုံ…
မြစ်ဆုံ၊ ကြေးနီစီမံကိန်း၊ ၀ပြည်နယ်ကစလို့ ဘင်္ဂလီတွေ သားဆက်ခြားဖို့လိုတဲ့ အကြောင်း၊ ရခိုင်တစ်မျိုးသားလုံးက ထောက်ခံထားတဲ့ ဒီဒေသန္တရအမိန့်ကို ပြည်နယ်အစိုးရက မထုတ်ပြန်ရသေးတဲ့ အကြောင်း၊ ဘာသာရေးအသွင်ဖြစ်နေတဲ့ အဖျက်အမှောင့်တွေ အကြောင်း၊ မလေးရှားရောက် ရွှေမြန်မာတို့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မြန်မာနဲ့ ဗမာ အကြောင်း၊ လိုင်ဇာမှာ ပင့်ဆောင်ပူဇော်မယ့် ကျည်ဆံရုပ်ပွားတော် (ကျည်ဆံခွံတွေနဲ့ ထုလုပ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်) အကြောင်း၊ နောက်ဆုံး အပစ်ရပ်စာချုပ်က ကတိတွေ မတည်လို့ KNU က သမ္မတကြီးကို နေပြည်တော်အထိ လာတွေ့မယ့် အကြောင်း …

ကြာလာတော့ ‘မင်းတို့ ဗမာနိုင်ငံက ရှုပ်လိုက်တာကွာ…’ လို့တောင် ညည်းယူရမလို ဖြစ်လာတယ်။ လွတ်လပ်ရေးရပြီးကတည်းက ငြိမ်ငြိမ်ဆိမ်ဆိမ် တိတ်တိတ်ဆိတ်ဆိတ် နေရတယ်လို့ တစ်ခါမှ မရှိသေးဘူး။ တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်နေရမှကို ဗမာနိုင်ငံပီသသလို ဖြစ်နေပြီ။

ဒါဟာ ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ တိုင်းပြည်မှ ဟုတ်ပါလေစ။
ဗိုလ်ချုပ်အောင်ဆန်းဟာ လေးစားစရာ ပုဂ္ဂိုလ်ပါ။ ဗြိတိသျှဆီကနေ ပြည်ထောင်စုအဖြစ် လွတ်လပ်ရေးရဖို့ တောင်ပေါ်မြေပြန့် ချစ်ကြည်ရေး တည်ဆောက်နိုင်ခဲ့တယ်၊ ဗြိတိသျှကိုယ်စားလှယ်တွေရဲ့ မျက်စိအောက်မှာတင် ပင်လုံကတိက၀တ်တွေကို သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့တယ်။ ကြိုတင်မဲတွေ၊ မဲလိမ်တာတွေ မရှိဘူး၊ ပြောရရင် Transparency ရှိခဲ့တယ်။ ဗြိတိသျှကိုယ်တိုင်နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းအလယ်မှာ ပြောစရာ မရှိ၊ မျက်နှာပန်းလှတယ်။ 

ဒါကြောင့် ဗြိတိသျှတို့က ပြည်ထောင်စုတစ်ဝန်းလုံးက တိုင်းရင်းသားအားလုံးရဲ့အရေးကို ကိုဗမာတို့လက်ထဲ ‘၀’ကွက်အပ်ခဲ့တယ်။ တိုင်းရင်းသားခေါင်းဆောင်တွေ ကိုယ်နှိုက်က ယုံယုံကြည်ကြည်နဲ့ ပင်လုံမှာ လက်မှတ်ထိုး ခဲ့တာဆိုတော့ “သေချာစဉ်းစားပေါ့ကွာ”ဆိုတဲ့ စကားထက်လွဲလို့ ပိုမပြောနိုင်ခဲ့ဘူး။ ဗမာ့သမိုင်း အလိုအရတော့ သွေးခွဲမှုတွေ၊ ၀င်ရောက်စွက်ဖက်မှုတွေ ရှိခဲ့တယ်ပေါ့ဗျ။ ဒါကြောင့် ကိုဗမာတို့က တိုင်းရင်းသားတွေ ရှောရှောရှူရှူ ၀င်လာအောင် အပေးအယူလုပ်ခဲ့ရတယ်၊ အများကြီး အလျှော့ပေး၊ လိုက်လျောခဲ့ရပါတယ်တဲ့။ ဘာပဲပြောပြော ပင်လုံစာချုပ်ဟာ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဗမာခေါင်းဆောင်တွေကြားတဲ့က ခိုင်ခိုင်မာမာ ရှိခဲ့တဲ့ သဘောတူညီမှုတွေပဲ။

ဒါပေမဲ့ ယုံကြည်မှု၊ နားလည်မှု ဘယ်လောက်ပဲရှိပါစေ၊ အာဏာရူးတွေ လက်နက်အားကိုးနဲ့ သောင်းကျန်းတော့လဲ ဘာမှမတတ်နိုင်ဘူး။ ဗိုလ်ချုပ်က ပျော့ပျော့ပြောင်းပြောင်းနဲ့ စည်းရုံးသိမ်းသွင်းတယ်၊ အခြေတကျဖြစ်တဲ့အချိန်ကျတော့ နောက်တစ်ယောက်က မင်းသားခေါင်းဆောင်းချွတ်၊ ဘီလူးဆိုင်းတီးပြီး အစွယ်ဖြဲပြတယ်။ ဖယ်ဒရယ်မူကို ခွဲထွက်ရေးမူလို့ သမုတ်တယ်။ တစ်နိုင်ငံလုံး စစ်ကျွန်ဘ၀ရောက်ရတယ်။ တိုင်းရင်းသားတွေက တိုင်းတစ်ပါးကျွန်ဘ၀ ရောက်ရတယ်။ တစ်ကမ္ဘာလုံး ဘာမှမတတ်နိုင်၊ လက်ပိုက်ကြည့်ရုံသက်သက်။ ဒါက သမိုင်းထဲက သင်ခန်းစာ။

ဒါဆို ကျနော်တို့ ဘာကို ယုံကြည်ရမှာလဲ၊ ဗြိတိသျှလေ့လာသူတွေရှေ့မှာ တိုင်းရင်းသားခေါင်းဆောင်တွေ သဘောတူ လက်မှတ်ထိုးထားတဲ့ စာချုပ်တောင် စာရွက်စုတ်တစ်ရွက်သာ ဖြစ်သွားခဲ့ရတယ်။ ယခင်မြောက်ပိုင်းတိုင်းမှူး၊ လက်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တိုင်းမှူး ဘ၀မှာ  “ပင်လုံခေတ် ကုန်သွားပြီ”လို့ ပြောခဲ့ဖူးပါသဗျ။ (ဒီလို သဘောထား၊ ခံယူချက်တွေကြောင့်ပဲ သူကောင်းပြုခံရတာ ဖြစ်မယ်ထင်တယ်။) အခုလို “ညီအစ်ကိုချင်းဖြစ်တဲ့ကိစ္စ ညီအစ်ကိုချင်း တိုးတိုးတိတ်တိတ် ရှင်းရအောင်”ဆိုတဲ့ စကားတွေအောက်မှာ အပစ်ရပ်စာချုပ်တွေက ဘယ်လောက် ယုံကြည်ဖွယ်ရှိမှာလဲ။ ခုပဲကြည့်၊ ကတိမတည်ပုံတွေကို KNU နဲ့ ဗိုလ်ချုပ်ရွက်ဆစ်တို့က သမ္မတကြီးနဲ့ အကျေအလည် ဆွေးနွေးတော့မယ်။

ဦးသိန်းစိန်၊ ဦးအောင်မင်းတို့က သဘောထားကြီးကြီးနဲ့ နူးညံ့ပျော့ပြောင်းစွာ တိုင်းရင်းသားအရေး ကိုင်တွယ်နေပါတယ်(တဲ့)။ အမှန်တကယ် ပြုပြင်ပြောင်းလဲနေပြီဆိုတာ တိုင်းရင်းသားတွေလဲ ယုံကြည်ချင်ပါတယ်၊ တစ်သက်လုံး တော်လှန်ရေးလုပ်လာခဲ့တာ ပင်ပန်းလှပြီ။ ယုံချင်ပြီ၊ နားချင်ပြီ၊ ငြိမ်းချမ်းချင်ပြီ။ ဒါပေမဲ့ ယုံကြည်လိုက်ဖို့က အရင်းအနှီး ကြီးလွန်းတယ်။ ဘယ်မလဲ သေချာခိုင်မာတဲ့ နိုင်ငံရေးအာမခံချက်တွေ၊ အပစ်ရပ်ပြီးရင် နိုင်ငံရေးဆွေးနွေးမှုတွေ ဘယ်လိုလုပ်ပါမယ် ဆိုတာတောင် ခုထိ ‘မူ’မည်မည်ရရမရှိဘူး။ (၂၀၀၈) ဥပဒေအောက်ကိုဝင်၊ လွှတ်တော်ထဲရောက်မှ ဆက်ပြောကြမယ် ဆိုတာမျိုး။  UNFC နဲ့ဆွေးနွေးတုန်းကလဲ ကြည့်လေ၊ နိုင်ငံရေးဆွေးနွေးမယ့် မူဘောင်၊ လုပ်ငန်းစဉ်တွေကို ဦးအောင်မင်းအနေနဲ့ အာမခံဖို့ တွန့်ဆုတ်၊ တွန့်ဆုတ်ရယ်။

လက်ရှိအနေအထားအရတော့ မြင်သမျှ၊ တွေ့သမျှ ဘာမှ အချိုးမပြေသေးဘူး။ ပါးစပ်ကသာ ယုံပါပြောနေတယ်၊ ယုံကြည်စရာတွေလုပ်ပြတာ မမြင်ရဘူး။ ကေအိုင်အိုကို ကချင်တစ်မျိုးသားလုံး ထောက်ခံတဲ့အကြောင်း အသိအမှတ်ပြုလိုက်ရမှာ ကြောက်တော့၊ တစ်သက်လုံး လူမြင်မခံခဲ့တဲ့ ကချင်အမျိုးသားအလံကိုသာ ကချင်ပြည်နယ်အလံရယ်လို့ တံဆိပ်ကပ်ပေးလိုက်တယ်။ ဒါ ရိုးသားမှု မရှိတာပဲ။ အဲဒီတော့ သောက်ရှက်မရှိမှ ယုံကြည်ပါဆိုတဲ့ စကားကို လာပြောပေါ့။

ကချင်အမျိုးသားတစ်ရပ်လုံးနဲ့ ကေအိုင်အိုက နိုင်ငံရေးဆွေးနွေးပွဲ အရင်လုပ်ဖို့ ဒီလောက်ဆန္ဒ ပြင်းပြနေတာတောင် အပစ်အခတ်ရပ်စဲရေးကနေ တစ်ပြားသားမှ မလျှော့ဘူး။ အဲဒီတော့ ပြောလိုက်မယ်။ ယုံပါ၊ ယုံပါ တစာစာ ပြောနေပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ အမျိုးသားရေးအာမခံချက် မရမချင်း လူထုက ယုံကြည်မှာ မဟုတ်ဘူး။ ယုံကြည်မှု မရှိရင် အပစ်အခတ်ရပ်စဲရေး ဖြစ်လာစရာ အကြောင်းမရှိဘူး။
တကယ်တော့ အပစ်အခတ်ရပ်စဲရေးဆိုတာရဲ့ နောက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေအစား၊ နိုင်ငံရေး အမြတ်ထုတ်မှုတွေကိုသာ ကြိုမြင်နေမိတယ်။ ပြီးခဲ့တဲ့ မြစ်ကြီးနားဆွေးနွေးပွဲ ကြေညာချက်မှာ နိုင်ငံရေးဆွေးနွေးရန် သဘောတူသည်ဆိုတာကြီးကို ထိပ်ဆုံးမှာ တင်ထားပါရက်၊ မနောမြေမှာ သေနတ်သံတိတ်ပြီ ဆိုတဲ့ဘက် မသိမသာ ဇောင်းပေးပြောတာတွေ မြင်ရ၊ ကြားရတယ်။

တကယ်သာ အပစ်ရပ်လက်မှတ်ထိုးပြီးရင် တောင်တန်းဒေသ ထူထောင်ရေးအတွက် ခွက်ဆွဲပြီး ကမ္ဘာပတ်မယ်လေ။ ပွဲစားခကတော့ ကိုယ့်ကိုယ်ကိုယ် သဒ္ဓါသလောက်ပါပဲ။ အဲ … သေချာတာကတော့ လွတ်လပ်ရေးရပြီးနောက် ပထမဆုံးအကြိမ် သေနတ်သံတိတ်အောင် လုပ်နိုင်တဲ့အတွက် ပြောင်ရှင်းကို ကျောဝိုင်းပုတ်ကြမှာ သေချာတယ်။ နိုဗယ်ဆုတောင် ရဖို့ သေချာသလောက် ရှိတယ်။ ဒါဆို ၂၀၂၀ အထိ သက်ဆိုးရှည်လို့ ရပြီ။ ကံကောင်းရင် (၂၁) ရာစု မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော သမ္မတအဖြစ်တောင် မော်ကွန်းတင်ခံရဦးမယ်။ ဟုတ်ပ… အဲလိုဆို နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့အထိ ဘာလို့ ခေါင်းရှုပ်ခံပြီး စီစဉ်ထားရမှာလဲ။

အဲ စကားစ ပြန်ကောက်ရရင်ဖြင့်…၊
ဦးအောင်မင်းလိမ်တယ်လို့ မပြောချင်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းလို ဖြူစင်တဲ့ စေတနာရှိတာ ဖြစ်နိုင်ပါတယ်။ မြစ်ကြီးနားဆွေးနွေးပွဲမှာ ကေအိုင်အိုရဲ့ ကချင်အမျိုးသားအလံကို ဝှေ့ယမ်းပြသွားတာ မျက်မြင်ကိုယ်တွေ့ပါပဲ။ ဦးသိန်းစိန်လဲ အမှန်တကယ်ကို သဘောထားမှန်မှန်နဲ့ ပြုပြင်ပြောင်းလဲနေတာကို ယုံကြည်ပေးပါ့မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲပြီး တိုင်းပြည်ကို စစ်ဖိနပ်အောက်ကနေ ညင်သာစွာ ဆွဲထုတ်ပေးမယ်ဆိုတာ လက်ခံထားပါ့မယ်။

ဒါပေမဲ့ ဗမာနိုင်ငံမှာ၊ ဗမာတွေထဲမှာ ဗိုလ်နေ၀င်းလိုလူတွေ မရှိတော့တာ သေချာလား၊ (ဗိုလ်စိုးဝင်းကတော့ အထက်ပါအတိုင်း ပြောထားပါသဗျာ။) ရွှေလက်မယူရင်၊ ဘူးလက်ပေးမယ်ဆိုတဲ့ မဟာအမျိုးသားရေးမူဝါဒပိုင်ရှင်တွေ မရှိဘူးတဲ့လား..။ ဗမာ့တပ်မတော်ဟာ ပြည်သူ့အစိုးရအောက်ကို ရောက်ပြီလား။ အာဏာရှင်စနစ်၊ နယ်ချဲ့စနစ်ကို ထောက်မခဲ့တဲ့ ဗမာတပ်မတော်စစ်တက္ကသိုလ်ရဲ့ သင်ရိုးညွှန်းတန်းတွေထဲမှာ (၀ါဒမှိုင်းတိုက်တာတွေ၊ Brain wash တွေ ရပ်ဖို့မဟုတ်သေးဘူး၊) ပြည်သူ့အုပ်ထိန်းမှုကို နာခံဖို့အကြောင်းလေးတောင် ထည့်ရေးပြီးပြီလား။

ဗိုလ်ချုပ်အောင်ဆန်းက မလိမ်ပါဘူး၊ ဒါပေမဲ့ လက်ရှိတိုင်းပြည်က သူမျှော်မှန်းထားသလို မဟုတ်တာ သေချာတယ်။ ဦးသိန်းစိန်နဲ့ ဦးအောင်မင်းကလဲ မလိမ်ပါဘူး။ ဒါပေမဲ့ တိုင်းပြည်က သူတို့ မျှော်မှန်းသလို တကယ်ပဲ ဖြစ်လာမှာလား။

ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားတွေကို စည်းရုံးသိမ်းသွင်းတယ်၊ (သူသေသွားတဲ့နောက်) ၁၄ နှစ်အကြာ တိုင်းပြည်ရဲ့အချုပ်အခြာကို သေချာ ချုပ်ကိုင်နိုင်တဲ့အချိန်ကျတော့ (ဗြိတိသျှတပ်တွေ မရှိတော့တဲ့အချိန်၊ အာရုံမစိုက်တော့တဲ့အချိန် ကျတော့) တောင်တန်းဒေသအားလုံးကို ကိုလိုနီပြုတယ်၊ ခုချိန်ထိပဲ။ 

ပင်လုံစာချုပ်ဟာ တိုင်းရင်းသားတွေကို သခင်ကြီးကနေ သခင်လေးဆီ ပြောင်းပြီး ကျွန်ခံခိုင်းတဲ့အဖြစ်ဆိုရင်၊ အခုလုပ်မဲ့ ဆွေးနွေးပွဲရလာဒ် (ဖယ်ဒရယ်မူ၊ ဒုတိယပင်လုံ ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲခေါ်ခေါ်)ကကော တိုင်းရင်းသားတပ်တွေကို လက်နက်ဖြုတ်သိမ်းတဲ့ စာချုပ်စာတမ်းအတု ဖြစ်မနေနိုင်ဘူးလား။ နောက် ၁၀ နှစ် ၁၅ နှစ်မှာ ဗမာစစ်တပ်က အာဏာပြန်မသိမ်းဘူးလို့ ဘယ်သူ အာမခံနိုင်လဲ။

ပင်လုံစာချုပ်ကတော့ ဗိုလ်ချုပ်သေပြီးမှာ ပျက်ပြယ်သွားတယ်လို့ ပြောရမှာပေါ့၊ ဒါကြောင့် ဦးသိန်းစိန်၊ ဦးအောင်မင်းတို့ကကော သူတို့ပေးထားတဲ့ ကတိက၀တ်တွေ၊ စကားတွေ မတည်ခဲ့သည်ရှိသော် အသေခံနိုင်သလား။ ကချင်ကို ထိုးစစ်မဆင်ပါဘူးဆိုတဲ့ စကားတွေ၊ ကေအိုင်အိုဟာ ကချင်လူထုကို ကိုယ်စားမပြုတဲ့ သောင်းကျန်းသူသာဖြစ်တယ် ဆိုတဲ့စကားတွေလောက်ကတော့ ခွင့်လွှတ်နိုင်ပါတယ်။ ဒါပေမဲ့ မကြာမီ လာတော့မယ့်၊ အပစ်ရပ်စာချုပ်ကနေ ဒုတိယမြောက်(ခ) ၂၁ရာစု(ခ) ပင်လုံကဲ့သို့သောစာချုပ်ကို ချိုးဖောက်မယ်ဆိုရင်တော့ အသက်နဲ့လဲပြီး အာမခံသလား မေးလိုက်ချင်ပါတယ်။

ဦးသိန်းစိန်မှ မဟုတ်၊ မည်သည့်ဗမာနိုင်ငံသားမဆိုပေါ့။ တိုင်းရင်းသားတပ်တွေကို လက်နက်ဖြုတ်ပြီးတော့မှ မဟာဗမာတပ်တွေနဲ့ ပဉ္စမမြန်မာအင်ပါယာကြီး ထူထောင်ခဲ့သည်ရှိသော် အသေခံပါမယ်ဆိုတဲ့သူ လက်ထောင်..။ အေး..၊ လက်ထောင်ရဲတဲ့သူ မရှိပါဘဲနဲ့ ဒီကချင်တွေ အပစ်ရပ်ဖို့ဆန္ဒမရှိဘူး..၊ ငြိမ်းချမ်းရေးမလိုလားဘူး..၊ အချိန်ဆွဲတယ်တော့ လာမပြောနဲ့။ ပါးချည်းပဲ လှိမ့်ရိုက်ပလိုက်မယ်။
ကချင်တွေပြောတာကို နားထောင်ကြည့်။

အပစ်ရပ်တာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးဆွေးနွေးပွဲပဲဖြစ်ဖြစ်၊ နိုင်ငံတကာအသိသက်သေတွေ ရှေ့မှာလုပ်မယ်။ ဒီစာချုပ်မရှိရင် (ချိုးဖောက်ရင်) ပြည်ထောင်စုမရှိ၊ သီးခြားလွတ်လပ်သော နိုင်ငံငယ်များ ဖြစ်ကုန်မယ်၊ ဒါကိုမှ နိုင်ငံတစ်ခုက ကျန်နိုင်ငံတစ်ခုကို ၀င်သိမ်းရင်၊ နိုင်ငံတကာအသိုင်းအ၀ိုင်းက ၀င်ပါမယ်ဆိုတာကို ပေါ်လွင်အောင် ချုပ်ဆိုမယ်။ ပင်လုံတုန်းကလို ဗြိတိသျှတွေ ဖာသိဖာသာ ရှောင်ထွက်သွားတာမျိုးတော့ မရဘူးပေါ့၊ ဗိုလ်နေ၀င်းလိုလူတစ်ယောက် ထပ်ပေါ်ခဲ့ရင် စီးပွားရေးပိတ်ဆို့ရုံတင်မက စစ်ရေးအရ အရေးယူဖို့အထိ တာဝန်ခံနိုင်တဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ပါဝင်မှုကို လိုလားတယ်။ ဒါဆို တိုင်းရင်းသားတွေရဲ့ အမျိုးသားအခွင့်အရေးအပြင်၊ နိုင်ငံသားတိုင်းရဲ့ အခြေခံလူ့အခွင့်အရေးကို ကာကွယ်နိုင်မယ်။

ဒီလို နိုင်ငံတကာက အာမခံပေးတဲ့ ပင်လုံကဲ့သို့သောစာချုပ်အရ ပြည်ထောင်စုစစ်စစ်ဖွဲ့ဖို့ ကြိုးစားနေတယ်။ ချောက်ထဲကျခါနီး ကယ်တင်သွားတာမျိုး ထပ်မဖြစ်စေရဘူး…။ ပြည်ထောင်စုအစိုးရစစ်စစ်နဲ့ ပြည်ထောင်စု တပ်မတော်စစ်စစ် ဖွဲ့မယ်။ အညာဒေသဆီက ဗမာပြည်နယ်အပါအ၀င်တိုင်းရင်းသားပြည်နယ်တွေ၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီစတဲ့ တိုင်းရင်းသားအားလုံးရဲ့ ပြည်နယ်တွေနဲ့ ဗဟိုအစိုးရအကြား အာဏာခွဲဝေမှု မျှချေတစ်ခု တည်ဆောက်မယ်။ ပြည်နယ်တစ်ခုခုက ခွဲထွက်ချင်ရင် သို့မဟုတ်၊ တိုင်းတစ်ခုခုက ပြည်နယ်အဆင့်တောင်းလာရင် ပြည်ထောင်စုအဆင့်မှာ ဆုံးဖြတ်မယ်၊ လိုအပ်ရင် စစ်ရေးအရ အရေးယူမယ်။

ဒါမှ ဖယ်ဒရယ်ပြည်ထောင်စု စစ်စစ်လို့ ကမ္ဘာမှာ ၀ံ့ကြွားနိုင်မှာပေါ့…။
အင်း ပြောသာ ပြောနေရတယ်၊ သမ္မတကြီးက ငါအသေခံတယ်၊ ငါဟာ (၂၁) ရာစုမြန်မာပြည်ရဲ့ တစ်ဦးတည်းသော သမ္မတဖြစ်ရမယ်။ ပေးခဲ့သမျှ ကတိတွေ ဖျက်ကြတော့၊ မဟာဗမာအင်ပါယာကြီး ပြန်တည်ထောင်ကြတော့ ဆိုရင် ဒုက္ခရောက်ဦးမယ်။ သူအသေခံတာက အသက်တစ်ချောင်းတည်း (အာဇာနည်စာရင်းတောင် ၀င်ချင်ဝင်နေဦးမယ်)၊ ကချင်တောင်ပေါ်သားတွေ သေကြေမှာက နောက်ထပ်နှစ်ပေါင်း များစွာ..။ မဖြစ်သေးပါဘူး။ ကျနော်စိန်ခေါ်ထားတာကို ပြန်ရုပ်သိမ်းမှ…..

“သမ္မတကြီး ကျန်းမာပါစေ..၊ သမ္မတကြီး ချမ်းသားပါစေ…။ သားသားက နောက်တာ..၊ တကယ် မသေလိုက်ပါနဲ့ဦး…။ နောက်တစ်ခေါက်ကျရင်သာ US, UK, EU တွေကို ပါအောင် ခေါ်ပေးနော်.. လိမ်မာတယ်…”

၂ နှစ်ပြည့်ကချင်စစ်ပွဲကို ရည်စူးလျက် …….
မောင်ရေခဲ


MATUT HTI NA »

ဘယ်သူခွဲခွဲ တို့မကွဲ

ကချင်ပြည်အတွင် ဗမာစစ်တပ်မှ ကေအိုင်အို အစိုးကို ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်မှာ (၁၉) လတင်းတင်း ပြည့်ခဲ့ပြီး နှစ်နှစ် ဆိုတဲ့ အချိန်ကာလကို ရောက်ရှိလာပြီဖြစ်ပါသည်။ ဤသို့ ဗမာစစ်တပ်မှ ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် နှစ်နှစ်နီးပါး တိုက်ပွဲများ ဖြစ်ပွားလာခဲ့ရော ဗမာစစ်တပ်ဘက်မှ အရှုံးများနှင့် သာရင်ဆိုင်ခဲ့ရပြီး အရှက်တကွဲ ဖြစ်ခဲ့ရပါသည်။ 

အရှေ့တောင်အရှတွင် စစ်အင်းအား အတောင့်တင်းဆုံး၊ ခြေလျင်တပ်တွင် အကောင်ဆုံး စရင်းတွင် ပါဝင်ခဲ့သော ဗမာစစ်တပ်သည် အင်းအား (၅၀၀၀၀) ပါတပ်ဝန်းကျင်သာ ရှိသော ကေအိုအေများကို ထိုးစစ်ဆင် ချေမုန်းလာသည်မှာ နှစ်နှစ် နီးပါးရှိလာပြီဖြစ်ပါသည်။ ဗမာစစ်တပ်၏ (၇၀) ရာခိုင်နုန်းကို ကချင်ပြည်နယ်သို့ ပို့ဆောင်ရုံသာမက ပြည်တွင်းစစ်တွင် အသုံးပြုခွင့်မရှိသော လက်နက်ကြီးများ၊ တိုက်ရဟုတ်ယာဉ်များ၊ စစ်တိုက်လေယာဉ်ကြီးများဖြင့် တိုက်ခိုင်ချေမုန်းသော်လည်း ကေအိုင်အေ ဘက်မှ အပြုံးမပျက် ခုခံတိုက်ထုတ် နိုင်ခဲ့သည့်အပေါ် အချက်တကွဲဖြစ်ခဲ့ရပါသည်။ စစ်အင်းအား၊ လက်နက်အင်းအား ဘက်တွင် မိုးနဲ့မြေလို ကွာခြားနေသော်လည်း ကေအိုင်အေမျိုးချစ်ရဲဘော်များ၏ မျိုးချစ်စိတ်၊ ပြည်ချစ်စိတ်ကြောင့် ဗမာနယ်ချဲ့များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ကေအိုင်အေ မျိုးချစ်ရဲဘော်များ မမူခဲ့ပါ။ 

ဗမာစစ်တပ်၏ ကချင်လူမျိုးများအပေါ် လူမျိုးပြုန်း တိုက်ခိုက်ချေမုန်းမှုကြောင့် ကချင်ပြည်သူလူထုများ ပိုမိုစည်းလုံးခွင့်ရရှိခဲ့ပါသည်။ ကေအိုင်အိုအစိုးရ အပေါ် ကချင်ပြည်သူလူထု၏ ယုံကြည်အားကိုးမှုကလည်း ရာနုန်းပြည့် မြင့်တက်လာခဲ့ရပါသည်။ ကချင်ပြည်သူလူထု၏ ကေအိုင်အိုအစိုးရအပေါ် ထောက်ခဲ့မူ့ကလည်း အတိုင်းထက်အလွန် ဖြစ်ခဲ့ရပါသည်။ နိုင်ငံရပ်ခြားရောက် ကချင်လူထုကလည်း နည်းမျိုးမျိုးဖြင့် ကေအိုင်အို အစိုးရအပေါ် ကူညီထောက်ပံ့မှုများ ရှိလာခဲ့ပါသည်။ 

ဗမာအစိုးရသည် ကချင်ပြည်နယ် ကေအိုင်အိုအစိုးရကို ချေမုန်းနိုင်ရန် လူအင်းအား၊ လက်နက်အင်းအား အမြောက်အများဖြင့် နှစ်နှစ် နီးပါး ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သော်လည်း၊ အရာမရောက်ပဲ ဗမာစစ်တပ် ဘက်မှသာ အရှုံးကြီး ရှုံးခဲ့ရသောကြောင့် နည်းလမ်းမျိုးစုံဖြင့် အကောက်ကြံလာရသည့် ဘ၀သို့ရောက်ရှိခဲ့ရပါသည်။ ကေအိုင်အို အစိုးရပေါ် ပြည်သူလူထု အဆိုးမြင်လာအောင်၊ ကေအိုင်အေ အပေါ် ပြည်သူလူထု အယုံအကြည် ကင်းမဲ့လာအောင် နည်းလမ်းမျိုးစုံသုံးကာ ၀ါဒဖြန့်လာရပါတော့သည်။ 

ဤသို့ ပြည်သူလူထိုအပေါ် လိမ်ညာ ၀ါဒဖြန့်ရာတွင် နိုင်ငံပိုင် သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယို များတွင်ပြင် ထင်ထင်ရှားရှား လိမ်လည်လှည့်ဖျားကာ ၀ါဒဖြန့်ခဲ့ကြပါသည်။ ထို့ပြင် အွန်လှိုင်း မီဒီယာ များမှ တဆင့်လည်း တကယ့်ဖြစ်ရပ်မှန်များကို ပြောင်းပြန် ရေးကာ ပြည်သူလူထုကို လိမ်ညာ ၀ါဒဖြန့်ခဲ့ကြပါသည်။  ဤသို့ ၀ါဒဖြန့်ရာတွင် ပြည်သူလူထုကို လိမ်လည် ၀ါဒဖြန့်ရုံသာမက၊ ပြည်သူလူထုအချင်းချင်း သွေးခွဲလာ စေရန်အထိ ၀ါဒဖြန့် လာခဲ့ကြရပါတော့သည်။ ပြည်သူလူထုများ နေထိုင်သော မြို့ထဲရွာထဲတွင်သာမက၊ ကားလမ်း၊ ရထားလမ်းများကို မိုင်းခွဲဖျက်ဆီးကာ ကေအိုင်အေ များကို လက်ညိုးထိုး အပစ်တင်ကာ ပြည်သူလူထုမှ ကေအိုအေ အပေါ် သောင်းကျန်းသူအဖြစ် မြင်လာစေရန် တမင် ရည်ရွယ်လုပ်ဆောင် လျက်ရှိပါသည်။ အွန်လှိုင်းပေါ်မှ စစ်ခွေးနောက်လိုက်များကလည်း ကချင်သတင်း ဌာနများ၏ သတင်းမှန် များကို အခန့်သားကူးယူကာ သတင်းအမှန်ကို သတင်းအမှားဖြစ်အောင် ပြောင်းပြန်ရေးကာ ၄င်းတို့၏ ၀က်ဆိုဒ်စာမျက်နှာများပေါ်တွင် တင်ကာ အရှက်မရှိ ၀ါဒဖြန့်သည် လုပ်ငန်းကို အင်းတိုက် အားတိုက် လုပ်ကိုင်နေကြသည်ကိုလည်း တွေ့ရပါသည်။ 

ထို့အပြင် ကချင်ပြည်နယ် အတွင်းရှိ တိုင်းရင်သားများအကြား အချင်းချင်း သွေးခွဲစေရန် အမျိုးအမျိုး ၀ါဒဖြန့် နေကြပါသည်။ ဗမာစာပင် မဖတ်တတ်သော ကျေးလက်တောရွာများအထိ ဗမာလိုရေးထားသော ၀ါဒဖြန့် စာစောင် အမျိုးမျိုးဖြန့်ဝေလျက်ရှိသည်မှာ ရီစရာကောင်းသော လုပ်ရပ်များပင်ဖြစ်ပါသည်။ ဗမာအစိုးရမှ မည်သို့ပြင် ကြိုးစား ၀ါဒဖြန့်နေသော်လည်း ကချင်ပြည်နယ် အတွင်ရှိတိုင်းရင်းသားများမှာ ဗမာအစိုးရထက် စဉ်စား ဆင်ခြင်တတ်သော ဦးနှောက်ရှိသူများသာ ဖြစ်ပါသည်။ အောက်ဗမာပြည်ရှိ ပြည်သူလူထုများကို လိမ်ညာလှည့်ဖြားလျှင်ရနိုင်သော်လည်း ကချင်ပြည်အတွင်ရှိ ပြည်သူလူထိုများကို လိမ်လည်လှည့်ဖြား နေခြင်းမှာ ဗမာအစိုးရအတွက် သဲသောင်ပြင်တွင် ရေခပ်လောင်းနေသကဲ့သို့ အချည်းအနီးသာ ဖြစ်ပါလိမ့်မည်။ ကချင်ပြည်နယ် အတွင်းရှိတိုင်းရင်းသား ပြည်သူလူထုတိုင်းမှာ ဗမာအစိုးရ၏ ဖိနိပ်ချုပ်ခြယ်မှု၊ ညှင်းပန်းနှိပ်စက်မှု အမျိုးမျိုးကို လူတိုင်း လက်တွေ့ခံစားဖူးခဲ့သောကြောင့် ဖြစ်ပါသည်။

ကေအိုင်အိုအစိုးရအပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေပါလျက် ထိုးစစ်မဆင်ပါဟု မျက်စိမိတ် ဖင်ပိတ်ငြင်း ရုံသာမက၊ စစ်လေယာဉ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုကနေလျက် လေယာဉ်မသုံးပါဟု ဗြောင်ငြင်းနေခြင်းမှာ ပြည်သူပြည်သားများကို ကေအိုင်အိုအစိုးရအပေါ် ပိုမိုထောက်ခံအားပေးလာစေတဲ့ အားဆေး သာဖြစ်ပါသည်။ ကချင်ပြည်အတွင်းရှိ ကချင်လူမျိုးများနှင့် ကေအိုင်အို၊ ကေအိုင်အေကို ဗမာစစ်တပ်မှ အမြစ်ပြတ် ချေမုန်းနိုင်ခဲ့သော်လည်း၊ ကချင်လူမျိုးများ ကမာ့္ဘနိုင်ငံ အနှံ့တွင် ရောက်ရှိနေပြီဖြစ်ကြောင်းကို ဗမာအစိုးရ သတိထားမိစေချင်ပါသည်။ 

ကချင်းလူမျိုး တစ်ဦးတည်း ကျန်ရှိသော်လည်း ကေအိုင်အေဆိုတာ ကမ္ဘာ ကုန်သည့်တိုင် မုချ ဆက်လက် ရှိနေဦးမည် ဖြစ်ပါသည်။

မွတ်နော်


MATUT HTI NA »

ကချင်လူမျိုးတို့အား ခွဲထွက်ရေးလမ်းကြောင်းသို့တွန်းပို့နေခြင်းလော

မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ တက်လှမ်းနေပါပြီ ကမ္ဘာ့အဆင့်မှီ ဒီမိုကရေစီနိုင်ငံတော် သို့ တက်လှမ်းနိုင်ရန် ဒီမိုကရေစီနည်းလမ်းမကျသော တပ်မတော်ကဦးဆောင်ပါဝင်သည့် စနစ်ကို မြန်မာ့ နည်းမြန်မာ့ဟန်ဖြင့် တီထွင်လမ်းစဖော်ပြီး ချီတက်နေပါပြီဟု ဆိုကာ တပ်မတော်အာဏာ လက်ဝယ်ရှိစဉ် (ယခုလည်းရှိနေဆဲဟု ထင်ရပါသည်) က လက်ဝယ်ခံ (Cronies) များကကြီးစိုးသော စီးပွါးရေး လက်ဝါးကြီးအုပ် အခွင့်ထူးခံများ၏ အကျိုးကိုကာကွယ်ရန်၊ မလျော်ကန်မအပ်စပ်သော အကြောင်း အမျိုးမျိုးပြပြီး၊ အာဏာသုံးကာ မိမိလူများဖြင့် မရမကဖွဲ့စည်းရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ (Constitution) ဖြင့် အုပ်ချုပ်နေရခြင်းဖြစ်သဖြင့် အရပ်ဝတ်လှဲထားသော စစ်ဗိုလ်ကြီးများ ကြီးစိုးသည့်လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရွေးချယ်တင်မြှေက်သော အစိုးရဖြစ်သလို အခြေခံဥပဒေပါ ပြင်ဆင်ရန်ရှိသည့် အချက်အချို့များကို ပြင်ဆင်နိုင်ရန် အချိန်ယူ၍ ကြိုးစားမည်ဟုဆိုကာ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အန်တီကြီးအနေဖြင့် လွှတ်တော်သို့တက်ရောက် အလျှော့ပေးနေရာယူ ၀င်ရောက်ကာ ယခင်မြန်မာနိုင်ငံစစ်အစိုးရလက်ထက်က နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ်စီးပွါးရေးပိတ်ဆို့မှု (Sanction) များ ရုပ်သိမ်းပေးရေးဆောင်ရွက်ပြီး နိုင်ငံတကာ၏ မြန်မာနိုင်ငံသို့ စီးပွါးရေးရင်းနှီးမြုပ်နှံမှု ဖိတ်ခေါ်ကာ စီးပွါးရေး တိုးတက်အောင် ဖော်ဆောင်ရန် အစီစဉ်တကျ မိမိဦးစွာလုပ်ရမည့် ကိစ္စမလုပ်ဘဲ အကောင် အထည်ဖော်နေမှုအပေါ် သံသယများပွားစရာ တစ်စ စ ဖြစ်ပေါ်လာမိပါသည်။

မိမိကိုယ်မိမိ ယုံကြည်မှုရှိ၍ မဖြစ်မနေဆောင်ရွက်ရန်ရှိသော အချို့အချက်များတွင် ပြည်သူလူထု၏ သူမအပေါ်ယုံကြည်အားကိုး အားထားပြုခြင်း ရှိသော်လည်း တိုင်းရင်းသားအရေးကို ဦးစွာ ဆောင်ရွက်မှု မပြုဘဲ နိုင်ငံ၏ စီးပွါးရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အကျိုးစီးပွါးကို ရှေးရှုပြီး တွက်ချက် ရှုမြင်ဆောင်ရွက်ခြင်း အပေါ် မိမိကိုယ် မိမိ တတ်သိယုံကြည်မှုဖြင့် မျှော်မှန်းလုပ်ဆောင်နေမှု အချိန်စောလွန်းနေသေးသည်ဟု ထင်မိပါသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုမရှိဘဲ ပြည်ပနိုင်ငံကြီးများ၏ စီးပွါးရေးပိတ်ဆို့ထားမှု (Sanctions) များဖွင့်ပေးရန် ထောက်ခံအားပေးမှု မပြုလုပ်ချိန် ကနဦး တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ရှိအောင် ဦးစွာလုပ်ကိုင်ရမည်ဖြစ်သော်လည်း နိုင်ငံတကာ၏ ထောက်ခံ အားပေးပံ့ပိုးမှုနှင့် ပြည်သူလူထု၏ ထောက်ခံမှု အပြည့်အ၀ရရှိနေပါပြီ၊ တိုင်းရင်းသားအရေးနောက်မှ ဆောင်ရွက်မည်ဟု မိမိကိုယ်မိမိ ယူဆပါက ပညာရှင်ကြီးအန်တီကြီးကို စဉ်းစားဆင်ခြင်စေလိုပါသည်။ မတည်မငြိမ်ဖြစ်နေသောနိုင်ငံသို့ မည်သို့သော စီးပွါးရေးလုပ်ငန်းရှင်များ ၀င်ရောက်ပြီး မိမိအကျိုးဆုတ်ယုတ်အောင်လုပ်ပါမည်နည်း။

ယခုအချိန်နိုင်ငံတော်သည် အမည်အားဖြင့် တိုင်းရင်းသားလူမျိုးစု ပြည်သူများအားလုံး စုပေါင်းနေထိုင်သော ပြည်ထောင်စုမြန်မာနိုင်ငံဆိုသည့် အမည်နာမ မသုံးတော့ဘဲ ဖျောက်ပစ်ရမလိုဖြစ်နေသည်။ နိုင်ငံတော်အား (ဗမာနိုင်ငံ) ဟုသာအမည်နာမတပ်ချင်ပါသည်။ ဆိုလိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သွားသော်လည်း အရေးပါသည့်နေရာတိုင်းတွင် ဗမာလူမျိုးများသာ ကြီးစိုးသည့် (ဗမာဆိုသည့် အမျိုးသားရေးဝါဒီများသာ ကြီးစိုးသည့်) နိုင်ငံတော်သို့တစစ ၀င်ရောက်လာသကဲ့သို့ ဖြစ်လာနေပုံကို သက်ဆိုင်ရာအစိုးရနှင့် တာဝန်ရှိ သူများ (အရေးပါသည့်နေရာတိုင်း ဗမာလူမျိုးများသာဖြစ်ပါသည်) မသိကျိုးကျွန်ပြုနေပါသလားဟု မေးလို ပါသည်။ တိုင်းရင်းသားများကို အရေးပါသည့်နေရာတွင် ထားပါကလည်း အဖြည့်ခံသက်သက် အခွင့် အာဏာမရှိခဲ့ပါ။ ပြည်နယ်အစိုးရအတွင်းတွင်လည်း ထိုအတိုင်းဖြစ်နေပါသည်။

နိုဘယ်ဆုရှင်အန်တီကြီးမှာလည်း နိုင်ငံတော်သမ္မတကြီးနှင့် အချိန်နှင့်တပြေးညီ စည်းဝါးရိုက်၊ အကွက်ဆင်၊ နားလည့် ပါးရိုက်ပြီး တိုင်းရင်းသားလူမျိုးစုငယ်များအပေါ် ညီရင်းအစ်ကိုပမာ ဟန်ပြ၍ အပေါ်မှ နိုင်ထက်စီးနင်း ခြောက်တချီ၊ မြှေက်တလှည့်လုပ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် လက်နက် ကိုင်တိုင်းရင်းသားများနှင့် အပစ်အခတ်ရပ်စဲ၍ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေး ဆိုသည့်အချက်များ ဖော်ဆောင်နိုင်ရန် ကြိုးပမ်းမှုအပေါ် အချင်းချင်းယုံကြည်မှုဦးစွာတည်ဆောက်ကြရမည့်အစား ပျက်ပြား အောင်လုပ်နေသကဲ့သို့ သိသာထင်ရှားစွာ ပြုမူကျင့်ကြံနေကြသည်ကိုရော သတိထားမိကြပါရဲ့လား၊ တိုင်းရင်းသားမျိုးနွယ်စုများအပေါ် စစ်ရေးအရ အရှိန်အဟုန်မြင့်၊ အင်းအားဖြည့် စစ်ဆင်တိုက်ခိုက် ခြိမ်းခြောက်ပြီး၊ ဖျက်ဆီး၊ နှိပ်ကွပ်ပြီးမှ မိမိလိုရာသို့ ဆွဲခေါ်စည်းရုံးသိမ်းသွင်းပြီး မိမိစိတ်ကြိုက်သလို ချယ်လှယ်ကြိုးကိုင်မည်ဟူသည့် သဘောဆောင်ကျဉ်းနေပါသလား၊ အန်တီကြီးအနေဖြင့်လည်း တပ်မ တော်၏ထောက်ခံမှုရရှိအောင် အချိန်ယူစည်းရုံးနေရချိန်ဖြစ်၍ လည်းကောင်း၊ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်ပြောင်းလဲပေးနိုင်အောင်၊ နိုင်ငံတကာ၏ လက္ခံနိုင်သည့် ဒီမိုကရေစီ စံနှုန်းစံထားနှင့် ကိုက်ညီသည့် စနစ်သို့အချိန်ယူ၍ ပြည်တွင်းအခြေအနေအရပ်ရပ်အပေါ် လက်ရှိအစိုးရနှင့် နားလည် ယုံကြည်မှု ဦးစွာရယူပြီး အခြေအနေကောင်းမှ လုပ်ပိုင်ခွင့်အာဏာလက်ဝယ်ရရှိအချိန်ရောက်မှ စည်းလုံး ခိုင်မာတည်ငြိမ်အေးချမ်းအောင်ဆောင်ရွက်ဖြေရှင်းမည် ဆိုပါက ပို၍ အခြေအနေဆိုးပြီး အချိန် နောက်ကျ နေပါတော့မည်။ တိုင်းရင်းသားညီနောင်များ၏ ယုံကြည်ထောက်ခံမှုရရှိရန် ပို၍ဝေးသွား ပါလိမ့်မည်။

ယခုလွှတ်တော်တက်ရောက်နေသော တိုင်းရင်းသားကိုယ်စားလှယ်များသည် တချိန်က စစ်အစိုးရ၏ လက်ကိုင်တုတ် မိမိတို့စိတ်ကြိုက်အလိုကျဆောင်ရွက်ပေးမည့်သူများဖြစ်သည်ကို သတိထားစေချင်ပါသည်။ ထိုသူများပါရှိနေသည်ကို အန်တီကြီးသိရှိနေပါလျက်နှင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ၏ အရေး၊ တိုင်းရင်းသားများ၏ အရေးနှင့်ဆိုင်သော တွေ့ဆုံမေးမြန်းခန်းအချိန်တိုင်းလည်း အန်တီကြီး သိသိကြီးနှင့် ယခုလွှတ်တော်တွင်လည်း တိုင်းရင်းသားပေါင်းစုံမှ ကိုယ်စားလှယ်များ စုံညီစွာပါရှိနေပါသည်။ ထိုသူတို့နှင့်လည်း တိုင်းရင်းသားအရေးဆွေးနွေးနိုင်ပါသည်ဟု ဆိုပါက အကြီးအကျယ်မှားပါတော့မည်။ ထိုကိုယ်စားလှယ်များသည် မိမိလူမျိုးစုအတွက် တာဝန်ယူတင်ပြ အရေးဆိုဝံ့၊ ဆိုနိုင်သော ကိုယ်စားလှယ် များ မဟုတ်ပါ၊ အရည်အချင်းရှိသူများလည်းမဟုတ်ပါ၊ အမည်ခံသက်သက် တိုင်းရင်းသားလူမျိုးစုများ အနေဖြင့် တက်ရောက်နေရခြင်းသာဖြစ်ပါသည်။ ထိုသူများနှင့် တိုင်းရင်းသားအရေးဆွေးနွေးပါက အန်တီကြီးအား ဆွေးနွေးတင်ပြ မေးမြန်းနိုင်သည့် သူမရှိဖြစ်နေပါလိမ့်မည် (အားလုံးသောတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များကိုမဆိုလိုပါ)။ ယခုအချိန်တွင် အချိန်နှင့်မလပ်၊ သတ်ဖြတ်၊ နှိပ်စက်၊ ဖမ်းဆီး၊ အဓ္ဓမပြုကျင့်စော်ကားမှု၊ မတရားဖမ်းဆီးထောင်ချ ညင်းပန်းနေမှုတချိန်လုံး နေ့စဉ်ရက်ဆက်ဖြစ်နေပါက အခြားပြည်သူများမဆိုထားနှင့် အထူးသဖြင့် တိုင်းရင်းသားများ၏ ယုံကြည်ထောက်ခံ စည်းလုံးမှု ရရှိနိုင်တော့မည်မဟုတ်ပါ။ အချိန်မဆိုင်းမတွ ဤကဲ့သို့ကိစ္စများ အမြန်ဆုံးရပ်တန့်သွားအောင် ဆောင်ရွက် ရမည်ဖြစ်သော်လည်း ရည်ရွယ်ချက်ရှိရှိစောင့်ဆိုင်း အကောက်ကြံနေသလားဟု အောက်မေ့မိပါသည်။ 
မည်သည့်အကြောင်းကြောင့်ဖြစ်စေ လူ၏အသက်၊ အခွင့်အရေးထက်တန်ဖိုးရှိသော အရာမရှိပါ။ အန်တီကြီး ပြောပြောနေသောစကားတွင် လူသည်တရားတော်နှင့်အညီကျင့်ကြံကြရပါမည်၊ ထိုအတိုင်း ကျင့်ကြံ သွားပါမည်ဟု တချိန်လုံးပြောနေပါလျက်သတ္တ၀ါများ ဒုက္ခဆင်းရဲသတ်ဖြတ်ခံနေရမှုကို သိသိကြီးနှင့် ထိုင်ကြည့်နေရက်သော အန်တီကြီး၏ အပြောတမျိုး၊ အလုပ်တမျိုးကို ဝေခွဲယုံကြည်ရခက်နေကြပါပြီ။ မိမိနိုင်ငံအတွက်ကောင်းအောင်၊ တိုးတက်ပြောင်းလဲအောင် လုပ်လိုသဖြင့် အချိန်ယူအကွက်ဆင် နေရ၍ မသိကျိုးကျွံနေရသည်ဆိုပါက ပြည်သူလူထု၏ ထောက်ခံမှုကို အလွဲသုံးစားလုပ်ပြီး အာဏာရအောင် လုပ်ယူနေသော အာဏာရူးသူတစ်ဦး၏ နိုင်ငံရေးကစားကွက်ဖော်ပုံနှင့် တူညီနေပြီး တိုင်းရင်းသားများ၏ ယုံကြည်အားကိုးထောက်ခံမှု ဆုံးရှုံးရမည့်အခြေအနေသို့ ရောက်သွားတော့မည်ကို သတိထား စေချင်ပါသည်။ တတ်သိပညာရှင်ကြီး အန်တီရေ၊ ပညာရှိသတိဖြစ်ခဲဆိုလို့ သတိပေးလိုက်ပါရစေနော် အပြောနှင့် အလုပ်လည်း ညီအောင်လုပ်ပါအုံးလို့ မှာလိုက်ပါရစေ( ပြိုင်ဘက်ပါတီကိုသတိရပါ၊ မှန်ကန်စွာရပ်တည်ပါ)။

ယခုအချိန်သည် နိုင်ငံရေး၊ စစ်ရေး၊ ပညာရေး၊ လူမှုရေးအဖက်ဖက်တွင်အတွေးအခေါ်အယူအဆ အများလက်မခံနိုင်လောက်အောင် ညံ့ဖျင်းသော လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ မရှိတော့ပါ။ အသိပညာနည်းပါးပြီး ပြောသလိုလွယ်လွယ်နှင့် လက္ခံနိုင်သည့်အဖွဲ့အစည်းများ၊ ယုံလွယ်သော တိုင်းရင်းသားအဖွဲ့အစည်းများ မဟုတ်တော့ပါ။ ကမ္ဘာ့နိုင်ငံရေးပြောင်းလဲလာမှုဖြစ်စဉ်၊ ပထ၀ီနိုင်ငံရေးဖြစ်စဉ်၊ စီးပွါးရေးကြောင့်ဖြစ်ပေါ်လာသော နိုင်ငံရေးဖြစ်စဉ် စသဖြင့် နိုင်ငံရေးနယ်ပယ်အသီးသီးတွင် ကျွမ်းဝင် နှံစပ်ပြီးသော တတ်သိပညာရှင်ကြီးများနှင့် ဦးဆောင်ဦးရွက်ပြုနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်နေကြပါပြီ။ နိုင်ငံရေးအား ရှုထောင့်ပေါင်းစုံမှ ရှုမြင်သုံးသပ်တွက်ချက်ပြီး သိမြင်သူများ ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့အစည်းများဖြစ်နေပြီး ဖြစ်သောကြောင့် မြန်မာနိုင်ငံရေးဖြစ်စဉ် သမိုင်းကြောင်း၏ ဖြစ်စဉ်အမှန်များကို သုံးသပ်ဝေဖန်ပိုင်းခြားပြီး နိုင်ငံရေးအခင်းအကျင်း ဆုံးဖြတ်မှု မှန်ကန်မှသာလျင် အမှန်တကယ်စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲစကားဝိုင်းသို့ ရောက်ရှိမည်ဖြစ် သော ကြောင့် တိုင်းရင်းသားညီနောင်များနှင့် အချင်းချင်းယုံကြည်မှု ဦးစွာရရှိရန် အမှန်တကယ် စစ်မှန်သော ညီရင်းအစ်ကိုစိတ်ဓါတ်ထားရှိပြီး အပြန်အလှန်ယုံကြည်ချစ်ခင်နားလည်မှု အပြည့်အ၀ ရှိပြီးမှသာလျင် တည်ငြိမ်အေးချမ်းသည့် ဗမာနိုင်ငံမဟုတ်ဘဲ ပြည်ထောင်စုတိုင်းရင်းသားအားလုံး၏ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်လာ၍ နိုင်ငံတော်၏ ဒီမိုကရေစီပန်းတိုင်သို့ တက်လှမ်းနိုင်မည်ဖြစ်ပါသည်။ အန်တီကြီးအနေဖြင့် ပြည်ပခရီးနှင်၍ ထောက်ခံအားပေးမှု၊ ပံ့ပိုးမှုမည်မျှပင်ရရှိနေစေကာမူ အိမ်တွင်းရေး မပြေလည်ပါက အချည်းအနှီးဖြစ်ပြီး ရရှိလာသော ဂတိက၀တ်၊ အကူအညီများ သဲထဲရေသွန် ပင်ပန်းမှုသာအဖတ်တင် အပြစ်တင်ခံအရှက်ရ၊ နာမည်ပျက်ခံရမည်မှာ မုချမလွဲဖြစ်ရချေတော့မည်။ 

ကမ္ဘာ့နိုင်ငံများမှ တတ်သိပညာရှင်များ၊ လူပုဂ္ဂိုလ်များ၏ ဆန္ဒနှင့် အညီငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းလျာထားခံရမှု အဆင့်အထိ ခံရသူ သမ္မတကြီးအား မည်သည့် အကြောင်းများ ကြောင့် လျာထားတင်သွင်းခံရခြင်းအပေါ်တော့မဆွေးနွေးလို၊ မသိလိုတော့ပါ (နိုင်ငံကြီးများအချို့ချို့တို့ မိမိတို့လိုရာသို့ ဆွဲပြီးအသုံးချခံရန် လျာထားခြင်းဖြစ်ကောင်းဖြစ်နိုင်သည် သို့သော်သမ္မတကြီးအရွေးမခံရပါ၊ အစဉ်အလာအရ နိုဘယ်ဆုပေးအပ်ခြင်းတွင်ရှိခဲ့ဖူးပါသည်)။ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် လျာထားခံရသူ သမ္မတကြီးနှင့် ဆုရရှိပြီးခဲ့သူ နိုဘယ်ဆုရှင်အန်တီကြီးတို့နှစ်ဦးစလုံးသည် ကျွန်တော်တို့၏ ကချင်လူထုအား တပ်မတော်မှ တိုက်ခိုက်လုယက်၊ ညင်းပန်းနှိပ်စက်၊ သတ်ဖြတ်ဖမ်းဆီးခေါ်ဆောင်၍ လူသတ် မဒိန်းကျင့်စော်ကား၊ ရွာဖျက်မီးရှို့၊ ဘာသာရေးအဆောက်အအုံများဖျက်ဆီး၊ မတရားဖမ်းဆီးထောင်ချ၊ လူမျိုးခွဲခြား နှိပ်စက်သတ်ဖျက် အစဖျောက်မှု အမျိုးမျိုးပြုလုပ်နေခြင်း၊ ကချင်လူထုတစ်မျိုးသားလုံးအား ဦးတည်တိုက်ခိုက်လာခြင်းအပေါ် မတားဆီးဘဲ အဘယ့်ကြောင့် မသိကျိုးကျွံပြုနေကြပါသနည်း။ 
သမ္မတကြီး၏ ကချင်လူထုအား ပစ်ခတ်တိုက်ခိုက်မှု ရပ်ထားရန် တစ်ကြိမ်၊ နှစ်ကြိမ်မက အမိန့် ထုတ်ပြန်သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ လိုက်နာရန် အဘယ့်ကြောင့် ပျက်ကွက် နေရပါသနည်း။ သမ္မတကြီး၏ ဖြေကြားချက် ယုတ္တိမရှိပါ ( နားကြားကောင်းအောင် နှစ်ဦးနှစ်ဖက် အတိုင်အဖောက်ညှိထားပုံရသည်)။ ရှေ့တန်းရောက်တပ်မတော်အရာရှိကြီးများသည်လည်း ပုဂ္ဂိုလ်ရေး မုန်းတီးလုပ်ကြံသတ်ဖြတ်လိုမှုကြောင့် လူပုဂ္ဂိုလ်များအချင်းချင်းတိုက်ခိုက်ရန် ကြောက်ရွံ့ပြီး အပြစ်မဲ့ ပြည်သူများအား ရန်သူကြီးများသဖွယ် မဆင်မခြင်အသိမဲ့ပညာမဲ့စွာ အဝေးမှ လက်နက်ကြီးများဖြင့် ချိန်ရွယ်ပစ်ခတ်နေမှုကို အဘယ့်ကြောင့်ပြုလုပ်နေကြရပါသနည်း။ အန်တီကြီးအနေဖြင့် ကျွန်တော်တို့ ကချင်လူမျိုးစုများကိုသာ ဦးတည်ပြီး လူမျိုးသုန်း( Ethnic Cleansing) သွားအောင်တိုက်ခိုက်နေမှု ပေါ် သိသိကြီးနှင့် မည်သို့မျှမဖြစ်သကဲ့သို့ ငြိမ်ချက်သားကောင်းနေပါသလား။ အက်ရှင်ဇတ်လမ်းတစ်ပုဒ် ကြည့်နေရသကဲ့သို့များ ထင်၍ ဟောလိဝုဒ်ရောက်နေသလားဟု ဝေခွဲမရဖြစ်နေကြပါသည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရ အန်တီကြီးအပေါ် ကျွန်တော်တို့ကချင်လူမျိုးစုများသည်လည်း ဒီမိုကရေးစီ ခေါင်းဆောင်တစ်ဦးအနေဖြင့် ယုံကြည်မှုအပြည့်အ၀ထားခဲ့ကြသူများဖြစ်သည်နှင့် အညီ ကချင်လူထု အတွက် လူ့အခွင့်အရေးချိုးဖောက်ခံရသူများ ဖြစ်နေပြီဆိုသော အဆင့်အထိတော့ ထည့်တွက် ဆုံးဖြတ် ကူညီပေးသင့်သည်ဟု ထင်ပါသည်။ နေအိမ်အကျယ်ချုပ်ဘ၀ဖြင့်နေရချိန်ကတည်းကပင် အန်တီကြီး အနေဖြင့် သက်ဆိုင်ရာအစိုးရအား တိုင်းရင်းသားအရေးနှင့်ပက်သက်၍ ကူညီဖြေရှင်းပေးလိုပါသည်ဟု တဖွဖွပြောဆိုခဲ့သော ခေါင်းဆောင်ကြီး ယခုအဘယ့်ကြောင့်ငြိမ်နေရသနည်း။ အခြေအနေအရပ်ရပ်ကြောင့် စစ်ပြေးဒုက္ခသည်(IDPs) များအား အချိန်နှောင်းမှ မဖြစ်မနေကူညီရမည့် အနေအထားကြောင့် ကူညီပေး သလို နည်းပါးလှသည့်အကူအညီများသာလျင် ရောက်ရှိပြီး နိုင်ငံတကာသို့ သွားလာသည့်အချိန် နိုင်ငံတိုင်း၌မိမိနိုင်ငံ၏ ပြည်တွင်းစစ်တည်ငြိမ်သွားအောင် တိုင်းရင်းသား များပြဿနာဖြေရှင်းရန်၊ ငြိမ်းချမ်းမှုရရှိအောင် ဆောင်ကျဉ်းရန် လုပ်ရမည်ဖြစ်ကြောင်း အသံကောင်း ဟစ်အော်ခဲ့ပြီး ယခုအဘယ့်ကြောင့်မလုပ်မယှက် ငြိမ်နေရပါသနည်း။ နိုဘယ်ဆုရှင် အန်တီကြီးပြန်ဖြေမည့်စကားကို ကြိုသိနေပါသဖြင့် မရေးလိုတော့ပေမဲ့ ပြောလိုက်ပါမည် (ကျွန်မအစိုးရမဟုတ်ဘူးလေ၊ လုပ်ပေးချင်ပေမဲ့လုပ်ပေးမည့်အာဏာမရှိသေးလို့ပါ) ဟုပြန်ဖြေပါလိမ့်မည်။ အာဏာရရှိလာပါက ဖြေရှင်းဆောင်ရွက်ပေးပါမည်ဟု ပြန်လည်ဖြေကြားချက်ဖြင့် ကချင်လူထုအား နှစ်သိမ့်လိုက်မည့်စကားကို မမေးခင်ကပင် သိနှင့်နေပါသည်။ ထိုအချိန်သာစောင့်နေပါက ကျွန်တော်တို့တိုင်းရင်းသားမျိုးနွယ်စုဝင်အားလုံး ရန်သူကြီးများအဆင့်သို့ ရောက်လုနေပါပြီ။ သို့ဖြစ်ပါက တခြားနည်းလမ်းများဖြင့် ဖြေရှင်းအရေးဆိုပေးနိုင်သော အချက်မရှိပြီလော( သမ္မတကြီးနှင့်တော့ အကြံတူ အတိုင်အဖောက်တည့်ကြပါသည်)။

ကျွန်တော်တို့ ကချင်တိုင်းရင်သားညီအစ်ကိုများဟု ခေါ်ဆိုခံရသည် ယခင်က တိုင်းရင်းသား ညီအစ်ကို စိတ်ဓါတ်မရှိသူများနှင့် အတူနေထိုင်ပြီး ပြည်ထောင်စုဖွား ညီနောင်များ ဆိုသည့်အတိုင်း မြန်မာ့လွတ်လပ်ရေးကို တိုင်းတပါးထံမှရရှိအောင် ကြိုးပမ်းမှုတစ်လျှောက်နှင့် လွှတ်လပ်ရေးရရှိအောင် ဆောင်ကျဉ်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသော တိုင်းရင်းသားသွေးချင်းညီနောင်များဆိုသည့် နာမည်ကို သမိုင်းမှ ပယ်ဖျက်မေ့ပျောက်ပြီး တကိုယ်တော်မျိုးနွယ်စုအဖြစ် သီးခြားငြိမ်းချမ်းစွာ ကိုယ့်ပြည် ကိုယ့်နယ်ဖြင့် နေလိုကြမှုကို တမျိုးသားလုံးလိုလားလာကြပါပြီ။ ဤနေရာတွင် ဖြည့်ပြောလိုသော စကားအချို့မှာ မြန်မာ့လွတ်လပ်ရေးရရှိအောင် တိုင်းရင်းသားစည်းလုံးမှုရရှိအောင် အဓိကကဏ္ဍမှ ပါဝင်လက်မှတ်ရေးထိုး တောင်းဆိုရာတွင် မြန်မာနိုင်ငံ၏ လူမျိုးစုတစ်ရာကျော် ထိုး၍ ရရှိခဲ့ခြင်းမဟုတ်ပါ။ လူမျိုးစုကြီးအနည်းငယ်တို့ မိမိတို့ပြည်နယ်တွင် နေထိုင်ကြသော လူမျိုးစုငယ် များအားလုံးနှင့် အတူကိုယ်စားပြု လက်မှတ်ထိုးခဲ့ကြ၍ လွတ်လပ်ရေးရရှိခဲ့ကြခြင်းဖြစ်ပါသည်။ လူမျိုးကြီး၊ ငယ် ခွဲခြားသတ်မှတ်ပေးပြီး သွေးမခွဲပေးကြပါနှင့် ကိုယ့်ပြည်နယ်နှင့် ကိုယ်သာသက်ဆိုင်ပါသည်။ လက်နက်ကိုင်အချင်းချင်း တိုက်ခိုက်မှုမပြုဘဲ ကချင်လူမျိုးစုအားလုံးကို ဦးတည်တိုက်ခိုက်နေခြင်းကြောင့် ဗမာနိုင်ငံ( ပြည်ထောင်စုမြန်မာနိုင်ငံမဟုတ်ပါ) အတွင်းနေထိုင်လိုစိတ်မရှိကြတော့ပါ။

နိုဘယ်ဆုရှင်အန်တီကြီး၏ ဖခင်ပြောသကဲ့သို့ မိမိလိုချင်သော လွတ်လပ်သည့် ကချင်နိုင်ငံတော်သစ်ကို တိုက်ခိုက်ယူမှရကြမည်ဟု ယုံကြည်လာကြပြီ ဖြစ်သဖြင့် လွတ်လပ်တည်ငြိမ်အေးချမ်းသာယာဝ ပြောသည့် ကချင်နိုင်ငံတော်သစ်တည်ဆောက်ကြရမည်ဖြစ်သည်ကို ကချင်လူမျိုးစုများအားလုံး သဘောပေါက်ကြပါပြီ။ အချုပ်အခြာအာဏာတည်တံ့ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သော မိမိတို့ဘိုးဘွားခေတ်အဆက်ဆက်က ပိုင်ဆိုင်အုပ်ချုပ်ခဲ့ကြသော ကိုယ့်ပြည်ကိုယ့်နယ်ဒေသ တွင်းမှ လူမျိုးစုတစ်ရပ်လုံးအား မျိုးပြုတ် သုန်းသွားအောင် သတ်ဖြတ်တိုက်ခိုက် ရက်စက်ယုတ်မာလှသော တပ်မတော်အမည်ခံ ဗမာသူပုန်များအား မိမိတို့ဒေသမှ လုံးဝထွက်ခွါချုပ်ငြိမ်းသွားအောင် ကျွန်တော်တို့ကချင်မျိုးနွယ်စုများအား မိမိလူမျိုးအဖြစ် ရွေးကောက်တော်မူထားသော “ကျွန်တော်တို့၏ အောင်မြင်ခြင်းအရှင်၊ ထာဝရဘုရားသခင်” ၏ ကွယ်ကာမှုအောက်တွင် ထာဝရဘုန်းတော်နှင့် ပြည့်စုံပြီး၊ အသက်ရှင်တော်မူသော ကယ်တင်ရှင် သခင်ခရစ်တော်၏ လမ်းပြဦးဆောင်မှုဖြင့် ယုံကြည်စည်းလုံးမှု ခိုင်မြဲသည့်စိတ်ဓါတ်ဖြင့် အပြတ် တိုက်ခိုက်ချေမှုန်းသွားတော့မည်ဖြစ်သည်။ လွတ်လပ်သည့် ကချင်နိုင်ငံတော် (The Independent Land of Kachin) တည်ထောင်သွားတော့မည်ဖြစ်ပါကြောင်း မျိုးနွယ်စုအားလုံး တာစူနေကြပြီးဖြစ်ပါသည်။ ထို့ကြောင့် လက်နက်ကိုင် KIA/KIO ဟု အမည်နာမ မသုံးနှုန်းချင်ပါ။ ကချင်မျိုးနွယ်စုဟုသာ သုံးနှုန်းပါသည်။ သို့သော် မျိုးချစ်စိတ်ပြင်းထန်သည့် သစ္စာရှိပြီးရဲ့ရင့်သော သတ္တိနှင့် ပြည့်စုံသည့် အစဉ်အမြဲမိမိလူမျိုး၏ ရန်သူမှန်သမျှကို ရင်ဆိုင်တိုက်ခိုက်လိုစိတ် ခိုင်မာသည့်ညီညွတ်ရဲရင့် သစ္စာရှိသော စိတ်ဓါတ်သည်သာလျှင် လက်နက်ကိုင်တော်လှန်တိုက်ခိုက်မှု လမ်းစဉ်သို့ တွန်းပို့မှုကြောင့် မျိုးနွယ်စုဝင်များအားလုံးသည် KIA/KIO များဖြစ်ကြရပေတော့မည်ဟု ဆိုချင်ပါသည်။ 

ဖက်ဒရယ်ပြည်ထောင်စုဘ၀ကို ကျော်လွှားပြီး လုံးဝလွှတ်လပ်ရေးသို့ (Not just mere Federalism, but for the outright Independence) ပါခင်ဗျား။ 
မျှော်မြင်တွေးဆ မြင်နေရသောအနာဂတ်မှ
Myu Tsaw (ခါနန်)

စာကြွင်း
“မှန်ကန်သူကျရှုံးခန်း” ရောက်စေခဲ့သော အစိုးရမင်းလုပ်သူများ အုပ်ချုပ်ခဲ့သော အစိုးရမင်း အဆက်ဆက် ခေါင်းဆောင် ဦးဆောင်ဦးရွက်ပြုသူ (Policy Makers) များ၏ ကိုယ်ရေးအထ္တုပ္ပတိကို နောင်အလျင်းသင့်ပါက ဖော်ပြပါမည်။ ကလိန်ကကျစ်စိတ်ရှိသော လိပ်မျိုးများဖြစ်ပြီး မိမိလိုရာသို့ဆွဲပြီး ဆရာတပည့်မွေးသည့် ကုထုံးများဖြင့် တိုင်းပြည်ချောက်ထဲသို့ကျအောင် လုပ်ပြီးကိုယ့်ပြည်သူကို မကြည့်ဘဲ သားစဉ်မြေးဆက် ဆွေစဉ်မျိုးဆက် စည်းစိမ်ထိန်းသိမ်းယစ်မူးသူများသာဖြစ်ခြင်းကြောင့် တရားဥပဒေမရှိဘဲ “ငွေများတရားနိုင်” ဥပဒေဖြင့်အုပ်ချုပ်ခဲ့ခြင်းကြောင့် ယနေ့မြန်မာမဟုတ်တော့ပါ။ ပေါက်ဖော်များ၏ (Monopoly) နိုင်ငံဖြစ်နေပါပြီ။ ခွဲထွက်ကိစ္စတွင် ထိုအကြောင်းလည်းပါပါသည်။ ယခုလည်း အထက်ပါစည်းစိမ်ရှင်များအတွက် ရှေ့တန်းတွင် ဒုက္ခဆင်းရဲခံ၊ ဒုက္ခိတဖြစ်၊ အသေခံပေး ကျီးလန့်စာ စားနေရသော အချို့တပ်မတော် အရာရှိကြီးများနှင့် အခြားအဆင့်၊ တပ်မတော်သားသူပုန်များအား စာနာမိသော်လည်း အခြေအနေအရပ်ရပ်ကြောင့် ဆက်လက် တိုက်ခိုက်သွားရမည်ဖြစ်ပါသည်။


MATUT HTI NA »

တောင်တန်း၏ ဒဏ်ရာများ


အရပ်ဘက်အစိုးရ၀န်ထမ်းဖြစ်တဲ့ အဖေပြောင်းတဲ့နောက်လိုက်ရင်းနဲ့၊ ကရင်ပြည်နယ်၊ ခရိုင်မြို့တစ်မြို့မှာ အလယ်တန်းကျောင်းသားဘ၀က ၃နှစ်လောက် နေခဲ့ဖူးပါတယ်။ မကြာခဏ ဗုံးသံ၊ သေနတ်သံတွေ ကြားမှာ ခေါင်းပုနေခဲ့ရတဲ့ဘ၀ကို ခုထိအမှတ်ရနေဆဲပါပဲ။ ကျနော်တို့နေတဲ့ ရုံးဝင်းကလဲ တပ်ရင်းနားမှာ ဆိုတော့ မတော်တဆ ဗုံးဆံလာကျမှာ တွေးပူရတာကို မှတ်မိပါသေးတယ်။ ကံကောင်းထောက်မစွာ တစ်ခါမှတော့ မှားပစ်တယ်လို့ မရှိခဲ့ပါဘူး။ မှတ်မှတ်ရရ၊ မြို့ပြင်လယ်ကွင်းထဲတော့ ဗုံးဆံလာကျဖူးတယ်။ (ပြောသာပြောရတယ်၊ ဗုံးဆံလို့ခေါ်လား၊ အမြောက်ဆံ လို့ပဲခေါ်လား ကျနော်မသဲကွဲပါဘူး။) မြို့ပြင်က ဒေါနတောင်တန်းရဲ့ တောင်ကုန်းတိုင်းမှာရှိနေနိုင်တဲ့ ကရင်တော်လှန်ရေးတပ်တွေကိုလဲ ကျနော်စိတ်ကူးနဲ့ ပုံဖော်ကြည့်ဖူးပါတယ်။ မေးခွန်းလဲ ထုတ်ဖူးပါတယ် “ဘယ်သူက ဘာကြောင့်ပစ်နေကြသလဲ”လို့။

“အဖေ..၊ အဖေက အစိုးရ၀န်ထမ်းဆိုတော့ ကရင်တပ်တွေနဲ့ တွေ့လို့မဖြစ်ဘူးပေါ့နော်။ သူတို့အဖေ့ကို ဖမ်းမှာပေါ့၊ ဟုတ်လား။”

 ကျနော် အဖေ့ကိုလဲ မေးဖူးတယ်။ အဖေက အစပိုင်းမှာတော့ ခပ်ပြုံးပြုံးပဲ။

“ဖမ်း၊ မဖမ်းတော့ မသိဘူးကွ။ ဒါပေမဲ့ ကရင်တော်လှန်ရေးသမားတွေနဲ့တော့ နေ့တိုင်းတွေ့နေတာပဲ။ မင်းကြည့်လိုက်ကွာ၊ ခုတို့ရုံးမှာ ထွန်စက်မောင်းနေတဲ့ ဖိုးခွားကနေ သင်းအုပ်ဆရာ ဦးလူးရွှေအဆုံး ကရင်လူမျိုးတိုင်းကို ကြည့်လိုက်၊ အေး သူတို့ကိုယ်တိုင်ကတော့ သေနတ်ကိုင်ထားချင်မှ ကိုင်ထားလိမ့်မယ်။ ဒါပေမဲ့ ကရင်လူမျိုးတိုင်းက သူတို့စိတ်ထဲမှာ သူတို့ဆိုင်ရာအဖွဲ့အစည်းကို ထောက်ခံကြမှာပဲ။ တော်လှန်ရေးကို၊ တော်လှန်ရေးသမားတွေကို ထောက်ခံကြမှာချည်းပဲ...။ လူမျိုးခြားထက်စာရင် ကရင်အချင်းချင်းပဲ ပိုယုံကြမှာ သေချာတယ်...။”

“တကယ်လား အဖေ...၊ သူတို့က ဘာကြောင့် တော်လှန်နေရတာလဲ..။”

“အို... တော်လှန်ပါတယ်ဆိုမှတော့ လွတ်လပ်ချင်လို့ပေါ့ ...။”
“ဒါဆို ခုကျတော့ မလွတ်လပ်တာကျနေတာပဲ...။ မြန်မာနိုင်ငံလဲ လွတ်လပ်ရေးရပြီပဲ။”
“လွတ်လပ်လား၊ မလွတ်လပ်ဘူးလားတော့ မင်းကြီးလာမှ လိုက်မေးကြည့်တော့ကွာ...၊ ငါလဲ အဲဒီတော့မှ မင်းကို ထောင်ဝင်စာလာတွေ့မယ်...။ တော်တော်စကားများတဲ့ကောင်...။”
နောက်ပိုင်းကျတော့ အဖေစိတ်မရှည်တော့ဘူး။

အဲဒီတုန်းက သေချာနားမလည်ပေမယ့်၊ တဖြည်းဖြည်းနဲ့ သဘောပေါက်လာပါတယ်။ ကရင်လူမျိုး အယောက်တိုင်းဟာ တန်းတူညီမျှမှုတို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ဆိုတာကို ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်။ ဖက်ဒရယ်စနစ် ဆိုတာကိုလဲ သိချင်မှသိပါလိမ့်မယ်။ သူတို့သိတာ တစ်ခုတည်းရှိပါတယ်။ အဲဒါကတော့ မလွတ်လပ်မှုပါပဲ။ ဖိနှပ်ခံရမှုပါ။ ရွာတွေစုစည်းခံရတယ်၊ ဒုက္ခသည်တွေအဖြစ် ထွက်ပြေးတိမ်းရှောင် ကြရတယ်။ ကလေးသူငယ်ကအစ ဒုက္ခိတဘ၀ရောက်ကြရတယ်။ ကိုယ့်ပြည်နယ်မှာ ကိုယ်နေပေမဲ့ အကြောက်တရားကင်းကင်း မနေရဘူး၊ သူများမျက်နှာကိုကြည့်နေရတယ်။ ကရင်ပြည်နယ်လို့ အမည် သတ်မှတ်ထားပေမဲ့၊ ကရင်အမျိုးသား အဖွဲ့အစည်းတွေက သူပုန်လို့အခေါ်ခံနေရတယ်။ သူတို့မျက်စိ အောက်မှာတင် တောတွေ၊ တောင်တွေ ပြုတ်ပြုတ်ပြုန်းကုန်တယ်။ ဘာမှ မတတ်နိုင်၊ ဒီအတိုင်း ငြိမ်နေခဲ့ရတယ်။ လွတ်လပ်သော နိုင်ငံသားအဖြစ်၊ လူအခွင့်အရေးအပြည့်၊ အကြောက်တရားကင်းမဲ့စွာ မနေခဲ့ရဘူး။ တကယ်ပဲ လွတ်လပ်ရေး မရခဲ့ကြပါဘူး။

နောက်ပိုင်း တက္ကသိုလ်ဝင်တန်းတက်ခဲ့တဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မှာလဲ ရိုးသားတဲ့၊ သိမ်မွေ့တဲ့၊ တည်ကြည်တဲ့၊ အားနာတတ်တဲ့ မွန်အမျိုးသားတွေနဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းဖြစ်ခဲ့ပါတယ်။ သူတို့စိတ်ထဲက ခံစားချက်တွေကိုလဲ ထဲထဲဝင်ဝင်ခံစားမိခဲ့ပါတယ်။ သူတို့ ရင်ထဲမှာ ဘာတွေရှိနေလဲ ကျနော် အထိုက်အလျောက် မြင်ခဲ့ရတယ်။ ကိုယ့်ဒေသမှာ ကိုယ်နေ၊ ကိုယ့်ထမင်းကိုယ်ရှာစားနေကြပေမယ့် တစ်ခါတစ်လေ အချုပ်အခြာအာဏာ ပိုင်တဲ့ နိုင်ငံသားတစ်ယောက်ရဲ့ပုံစံမျိုးမရှိတာ တွေ့မိပါတယ်။

 ဘာကြောင့်ပါလဲ။

ကျနော် တက္ကသိုလ်တက်တော့ မကွေးနဲ့ ရန်ကုန်မြို့မှာပါ။ တက္ကသိုလ်ကာလတလျှောက် ပြည်မသား အများစုနဲ့ပဲ ပေါင်းသင်းနေခဲ့ပေမဲ့ နယ်စပ်ဒေသက တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကို မမေ့ခဲ့ပါဘူး။ ဘွဲ့ရပြီးနောက် ကျနော့် ဇာတိဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြန်အခြေချပြီး လူထုအကျိုးပြု လုပ်ငန်းတွေမှာ ပါဝင်လုပ်အားပေးတဲ့ အခါမှာတော့ ကျနော့်ရင်ထဲ အမြစ်တွယ်နေတဲ့ တောင်ပေါ်သားတွေရဲ့ ခံစားချက် ပိုမိုအသက်ဝင်လာပါတော့တယ်။ တကယ်ပဲ မြန်မာနိုင်ငံအောက်ပိုင်း ပြည်နယ်ဒေသတွေက၊ တိုင်းရင်းသားတွေရဲ့ မလုံခြုံမှုကို တောင်ပေါ်မှာလဲ တွေ့ရပါတယ်။ ကိုယ့်ဒေသ၊ ကိုယ့်ဇာတိမှာ နေထိုင်နေပါလျက်နဲ့၊ ဒီဒေသဟာ ငါတို့ပိုင်တယ်လို့ ရဲရဲဝံ့ဝံ့ မပြောရဲတာ သတိထားမိတယ်။ ကိုလိုနီခေတ်က ကြွေးကြော်သံ “သခင်မျိုးဟေ့ ဒို့ဗမာ” လိုမျိုး၊ “လွတ်လပ်သော ဒို့လူမျိုး” လို့တောင် ခံယူဖို့ တွန့်ဆုတ်နေကြတာ စိတ်မကောင်းဖွယ် တွေ့ရတယ်။ သူတို့စိတ်ထဲမှာ ကြောက်နေကြတယ်။ သူတို့ကိုယ် သူတို့ လုပ်ပိုင်ခွင့်မရှိတဲ့သူတွေ၊ သူများပြုသမျှ နုရမယ့်သူတွေဆိုတဲ့ အကြောက်တရားတွေ လွှမ်းမိုး နေတာပဲ မြင်နေရတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ မြန်မာနိုင်ငံအနှံ့အပြားက တောင်ပေါ်မြေပြန့်မရွေး၊ တိုင်းရင်းသားအားလုံးကို ဒီလိုတူညီသော အကြောက်တရားက လွှမ်းမိုးချုပ်ကိုင်ထားတာ ဘာကြောင့်ပါလဲ။ မြေပြန့်က ဗမာတိုင်းရင်းသားများအကြားမှာ နေထိုင်တုန်း (အထူးသဖြင့် မကွေးမှာ) ဖိနှိပ်ခံရမှုတစ်ချို့ကို မျက်မြင် ကြုံတွေ့ခဲ့ရပေမဲ့၊ ဒီလိုအကြောက်တရားမျိုးတော့ မတွေ့ခဲ့ရပါဘူး။ တဖြည်းဖြည်း စဉ်းစားရင်းနဲ့မှ အဖြေပေါ်လာပါတယ်။ ဒီလို အစွန်းရောက်တဲ့ အကြောက်တရားဟာ လူမျိုးရေးအသွင်နဲ့ ကာလကြာရှည် ဖိနှပ်ခံခဲ့ရတဲ့ဒဏ်၊ နှိပ်ကွပ်ခံခဲ့ရတဲ့ ဒဏ်ကြောင့်ပါ။

မြန်မာနိုင်ငံသားအားလုံး စစ်ဖိနပ်အောက်မှာ ဖိနှိပ်ခံခဲ့ရတယ်၊ ပြည်မသားတွေလဲ စစ်အုပ်ချုပ်မှုအောက်မှာ အခွင့်အရေးတွေ ဆုံးရှုံး၊ တူညီစွာ နစ်နာခဲ့ပါတယ် ဆိုပေမဲ့၊ ပြည်မသားတွေ (ကျနော်အပါအ၀င် ပြည်မမှာ ကြီးပြင်းခဲ့သူတွေ) ခံစားခဲ့ရတာဟာ ဖိနှိပ်မှုသက်သက်ပါ။ နှိပ်ကွပ်မှုမပါခဲ့ပါဘူး။ စစ်ဘေးစစ်ဒဏ် မခံခဲ့ရပါဘူး။ နောက်ပြီး တောင်ပေါ်ဒေသထက်စာရင် ပွင့်လင်းမြင်သာမှု ပိုအားကောင်းလို့၊ ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိသလောက်ပါပဲ။ အရေးအကြီးဆုံးအချက်အနေနဲ့က ဘာသာတူ၊ လူမျိုးတူသူတွေ အချင်းချင်းဖြစ်တဲ့အတွက် ဒီလိုဖိနှိပ်မှုတွေဟာ မတရားဖိနှိပ်တယ် ဆိုတဲ့အဆင့်မှာပဲ ရပ်တန့်နေခဲ့တာပါ။ တောင်ပေါ်မှာကျတော့ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံတို့ဟာ လူမျိုးမတူကြတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှု အဆင့်ထက်ကျော်လွန်ပြီး လူမျိုးရေးအသွင်ဆောင်လာခဲ့ပါတယ်။

တောင်ပေါ်သားတွေ၊ ပြည်နယ်အရပ်ရပ်က တိုင်းရင်းသားတွေ ခံစားခဲ့ရတဲ့ နှိပ်ကွပ်မှုတွေကို ပြည်မသားတွေ နားလည်စာနာနိုင်ဖို့ မလွယ်ပါဘူး။ စစ်ကြောင်းတွေ ရွာထဲဝင်ပြီး မြင်မြင်သမျှ ကြက်၊ ၀က် ကြိုက်သလို ပစ်ခတ် စားသောက်ကြတာကတော့ အဆန်းမဟုတ်တော့ပါ။ ဒီထက်အများကြီး ဆိုးပါတယ်။ “သူပုန်အားပေး” ဆိုတဲ့ ခေါင်စဉ်အောက်မှာ မိမိတို့လုပ်ကိုင် စားသောက်နေရတဲ့ လယ်ယာနဲ့ဝေးရာ မြို့၊ ကျေးရွာကြီးတွေဆီ စုစည်းခံခဲ့ ရပါတယ်။ တစ်ခါတစ်လေ ရွာလုံးကျွတ် မီးလောင်တိုက် သွင်းခံရတတ်ပါတယ်။ သူပုန်ဆိုပြီး အသတ်ခံရ နိုင်ပါတယ်။ တရားဥပဒေမရှိပါဘူး။ သိပ်မကြာခင်က ဖြစ်ခဲ့တဲ့ မဆွမ်လွတ်ရွယ်ဂျာလို အမှုအခင်းမျိုး မရေမတွက် နိုင်အောင် ဖြစ်ခဲ့ပါတယ်၊ ဖြစ်ဆဲပါပဲ။ ဒါပေမဲ့ တိုင်ရမယ့် လူအခွင့်အရေး ကော်မရှင်တွေ မရှိပါဘူး။ ငိုပြရမယ့် OIC လိုအဖွဲ့အစည်းမျိုး မရှိပါဘူး။ ဘယ်သူမှ ဖြေရှင်းမပေးနိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နာကျည်းမှုအဖြစ်နဲ့သာ အဆုံးသတ်နေရပါတယ်။

ဒီလို နှိပ်ကွပ်သတ်ဖြတ်မှုတွေကနေ အစပြုပြီး၊ တိုင်းရင်းသားတွေ စိတ်ထဲမှာ မလုံခြုံမှုတွေ ပိုပိုတိုးလာ ခဲ့ပါတယ်။ ကိုယ့်ဒေသမှာကိုယ် နေရင်းထိုင်ရင်း ကျွန်ဘ၀ရောက်နေခဲ့ရသလိုပါပဲ။ ပိုဆိုးတာက အပေါ်မှာပြောထားသလို မိမိတို့နဲ့ လူမျိုး မတူတဲ့စစ်တပ်က နှိပ်ကွပ်နေတာမို့လို့ တိုင်းတစ်ပါးကျွန် ဖြစ်ရသလိုကို ခံစားလာကြရပါတယ်။ လူမျိုးရေး နှိပ်ကွပ်မှုအသွင်ဆောင် လာပါတယ်။ တိုင်းရင်းသားတွေ မယုံကြည်တာဟာ စစ်တပ်တစ်ခုတည်းမကဘဲ၊ ပြည်မသားများပါ ပါဝင်လာပါတယ်။ ပြည်မသားတွေက စစ်တပ်ကို ကျေကျေနပ်နပ်နဲ့ ထောက်ခံပြီး ဒီလိုဖိနှိပ်မှုတွေကို ခွင့်ပြုထားတယ်လို့ ခံစားမိလာကြပါတယ်။ မြန်မာနိုင်ငံအထက်၊ အောက် တိုင်းရင်းသားဒေသ အားလုံးမှာ တပ်မတော်စစ်ကြောင်းရောက်လာပြီဆိုရင် “ဗမာတွေ ရောက်လာတယ်”လို့ပဲ ပြောကြပါတယ်။ ခုထိ တောင်ပေါ်သားတွေဟာ မြေပြန့်သား၊ (စစ်တပ်ထဲမှာ အများဆုံးပါဝင်တဲ့ ဗမာလူမျိုး) တွေကိုဆိုရင် ရွံ့ကြောက်ကြီး ဖြစ်နေဆဲပါ။ ဒါဟာ တကယ့် အောက်ခြေက တိုင်းရင်းသားအားလုံးရဲ့ ခံစားမှု၊ စိတ်အခြေအနေပါ။

သူတို့တွေက နိုင်ငံရေးကိုလဲ သိပ်နားမလည်ကြပါဘူး။ မြန်မာ့ရုပ်မြင်သံကြားမှာ ပြနေကျ ဇာတ်လမ်းတွေထဲကလို “နင်တို့ သူပုန်ထလို့ ငါတို့နယ်မြေ မငြိမ်းချမ်းတာ” ဆိုပြီး ဗမာစကားဝဲ၀ဲနဲ့ ပြောတတ်တဲ့ ရွာသူရွာသားတွေ အပြင်မှာ တကယ်မရှိပါဘူး။ စစ်ဘေး၊ စစ်ဒဏ်ကိုတော့ ညည်းကောင်း ညည်းပါလိမ့်မယ်။ ကိုယ့်အမျိုးသားတပ်တွေကိုတော့ ဘယ်တော့မှ အဆိုးမမြင်ကြပါဘူး။ ဒါဆို ဘယ်သူ့ဘက်အမြင်စောင်းသွားမယ် ဆိုတာ ပြောနေစရာမလိုတော့ပါ။ သူစိမ်းထက် ကိုယ့်လူမျိုး အချင်ချင်းရဲ့ ဦးဆောင်မှုကိုပဲ လက်ခံဖို့ ဆိုတာ သူတို့သွေးထဲကကို နားလည်ပြီးသား။ ဘေးပြောတာ မယုံ၊ သွေးပြောတာကိုပဲ ယုံကြပါတယ်။ သူစိမ်းတွေ အောက်မှာ ကျွန်ဘ၀နဲ့ မနေချင်တာ ဗမာမှမဟုတ်၊ တိုင်းရင်းသားအားလုံးပါပဲ။

ဒီလို မလုံခြုံမှု၊ ဖိနှိပ်ခံရမှုတွေ ဖြစ်ပေါ်နေတာဟာ “အရင်းစစ်တော့၊ အမြစ်မြေက” ဆိုသလို နိုင်ငံရေး နောက်ခံကြောင့်ပါ။ ဒါကို ရပ်တန့်နိုင်ဖို့ကလဲ နိုင်ငံရေးအဖြေမှတပါး မရှိနိုင်ပါဘူး။ အမျိုးသားတန်းတူ ညီမျှမှုအတွက် တော်လှန်နေကြသူတွေနဲ့ ပြည်မအကြား စစ်မှန်တဲ့နိုင်ငံရေးအဖြေတစ်ခု ရအောင်ရှာနိုင်မှ ထာဝရငြိမ်းချမ်းရေးကို အာမခံနိုင်မှာပါ။

တစ်မျိုးသားတည်း နေတာထက်စာရင် အားလုံးစုစုစည်းစည်းနေတာက ပိုမိုအင်အားတောင့်တင်းပြီး ဖွံ့ဖြိုးတိုးတက်မယ်လို့ ယုံကြည်တာကြောင့် တောင်တန်း-မြေပြန့်ပေါင်းပြီး ပင်လုံစာချုပ်နဲ့ ပြည်ထောင်စုဖွဲ့ လိုက်ပါတယ်၊ တိုင်းပြည်ကပိုဆိုးရွားပြီး LDC စာရင်းထဲပါ သွားတဲ့အထိဆိုးရွားသွားတယ်ဆိုတော့ တစ်ခုခုလွဲနေတာ အသေအချာပါ။ ကမ္ဘာမှာ အရှည်ကြာဆုံး ပြည်တွင်းစစ်လို့ သတ်မှတ်ရအောင်ကို တစ်နိုင်ငံလုံး မငြိမ်းချမ်းနိုင် ဖြစ်နေတာ တစ်ခုခုလွဲနေလို့ပါ။ ဒီလို မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မှာ နိုင်ငံရေးနောက်ခံပြဿနာ ရှိနေပါတယ်။

အဲဒီပြဿနာဇစ်မြစ်ကိုပဲ မိမိရရဆုတ်ကိုင်နိုင်ဖို့ လိုပါတယ်။ တိုင်းရင်းသားတွေ ဘာခံစားနေရသလဲ၊ ဘာတွေ နစ်နာခဲ့လို့လဲ၊ ဘာတွေနာကျည်းခဲ့ကြသလဲဆိုတာကို ဂရုစိုက်ပေးဖို့လိုပါတယ်။

မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးဟာ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာခဲ့တာပါ။ ၁၉၄၇ လွတ်လပ်ရေးအတွက် ပြင်ဆင်နေတဲ့ကာလကတည်းက တူညီသောအခွင့်အရေးအတွက် တိုင်းရင်းသား တစ်ချို့ လက်နက်စွဲကိုင်ခဲ့သလို၊ ၁၉၄၉မှာ ကရင်၊ ၁၉၅၈မှာ ရှမ်း၊ ၁၉၆၁မှာ ကချင် စသဖြင့် လက်နက်ကိုင်လာခဲ့တာ ခုဆို တိုင်းရင်းသားအုပ်စုကြီးတိုင်းမှာ လက်နက်ကိုင်တပ်တွေရှိနေပါပြီ။

၁၉၆၂မှာ ရှမ်းစော်ဘွားတွေ ဦးဆောင်ပြီး၊ ဖက်ဒရယ်မူ (Federalism) ကို တောင်းဆိုခဲ့ကြပါတယ်။ မထူးခြားတဲ့အပြင် ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်နိုင်ငံလုံး စစ်ကျွန်ဘ၀ ရောက်ခဲ့ရပါတယ်။ ကွန်မြူနစ်ပါတီအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို သောင်းကျန်းသူ တွေဆိုပြီး အင်အားသုံး နှိမ်နင်းခဲ့ပေမယ့် လူထုထောက်ခံမှုရှိတဲ့ တိုင်းရင်းသားတပ်တွေကိုတော့ အမြစ်ပြတ် နှိမ်နင်းနိုင်ခြင်းမရှိခဲ့ပါဘူး။ မြန်မာနိုင်ငံသာ စစ်စရိတ်ထောင်းပြီး ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး တိုင်းပြည်ဖြစ်ခဲ့ရပါတယ်။ လက်တစ်ဆုပ်စာသော ဘီလီယံနာတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သောင်တင်ရေမကျ အခြေအနေအောက်မှာ တောင်တန်းတွေ အနာတရဖြစ်ကျန်ရစ်ပြီး အာဏာရှင်တစ်ချို့ ကောင်းစားသွားခဲ့ပါတယ်။ ခုလဲ ဒီလို အင်အားသုံး နှိမ်နှင်းတဲ့စနစ်၊ ဒီလို တစ်ဘက်သတ်ပြည်ထောင်စု စနစ်အတိုင်းဆက်သွားမယ်ဆိုရင် ပြည်တွင်းစစ်မီး ငြိမ်းဖို့မရှိတဲ့အပြင်၊ တိုင်းပြည်တိုးတက်မှုကိုလည်း အများကြီးနှောင့်နှေးစေပါတယ်။ အချိန်မရွေး စစ်အာဏာရှင်စနစ်ဆီ ပြန်ဦးတည်သွားနိုင်ပါတယ်။

အခုထိ တစ်ချို့သုံးသပ်ချက်တွေကို ကြားရတာ စိတ်မကောင်းစရာပါ၊ ကချင်တပ်တွေကိုလဲ ပြည်မတပ်က အင်အားနဲသွားအောင် တဖြည်းဖြည်းနဲ့မြှူပြီး ကျုံးသွင်းနေတာပါတဲ့။ ကချင်တွေထက် အဆများစွာ အင်အား သာလွန်ခဲ့တဲ့ ကရင်တပ်တွေကိုတောင် သပ်သျှိုသွေးခွဲလို့တစ်ဖုံ၊ စစ်ရေးအရတစ်မျိုး၊ စီးပွားရေးအရ တစ်နည်း အနှစ် (၆၀) လုံးလုံး ပိတ်ဆို့ဖြတ်တောက်ထားခဲ့လို့ ခုလိုငြိမ်းချမ်းရေးယူဖို့အထိ ဖြစ်လာတာပါ လို့ဆိုကြပါတယ်။ ဒါပေမဲ့ ကချင်အရေး ဖြေရှင်းဖို့ ကျနော်တို့ နောက်ထပ်အနှစ် (၆၀) မစောင့်နိုင်ပါ။ တိုင်းရင်းသားတပ်တွေကို ဘက်ပေါင်းစုံကနေ ပိတ်ဆို့ပြီး အင်အားချိနဲ့သွားတဲ့နောက်မှ ရယူတဲ့ ငြိမ်းချမ်းရေး ကျနော်တို့ တန်ဖိုးမထားလိုပါ။ ဖိနှိပ်မှုကနေ ရရှိတဲ့ တည်ငြိမ်မှု ကျနော်တို့ မလိုလားပါ။ ကျနော်တို့ လိပ်ပြာလုံချင်ပါတယ်။

ပြည်ထောင်စုလို့နာမည်ခေါ်တွင်ထားမှတော့ စစ်မှန်သော၊ တန်းတူညီမျှသော၊ အခွင့်အရေးပြည့်ဝသော ပြည်ထောင်စုစစ်စစ်ကိုသာ မြင်ချင်ပါတယ်၊ တည်ဆောက်လိုပါတယ်။ အခုချိန်ဟာ နယ်စပ်ဒေသရှိ တိုင်းရင်းသားများအပါအ၀င် တောင်ပေါ်သားတွေနဲ့ ဗမာပြည်မသားတွေကြားထဲက နားလည်မှု လွဲမှားနေတာတွေကို ပြန်လည်တည့်မတ်ရမည့်အချိန် ဖြစ်ပါတယ်။ သူတို့အပေါ်ဖိနှိပ်ခဲ့တဲ့ စစ်တပ်နဲ့ ဗမာတိုင်းရင်းသားတို့ဟာ ထပ်တူမကျကြောင်းနဲ့ ဗမာတိုင်းရင်းသားများဟာလဲ တောင်ပေါ်သားများနဲ့ တစ်သားတည်းဖြစ်ကြောင်း ဖော်ပြရမယ့် အချိန်ဖြစ်ပါတယ်။ တောင်တန်းနဲ့ ပြည်မရဲ့ တန်းတူညီမျှမှုကို လက်ခံပြီး၊ ဖိနှိပ်မှု လွှမ်းမိုးမှု စွက်ဖက်မှုကင်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်တည်ဆောက်ရမယ့်အချိန် ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးက ဗမာအပါအ၀င် တိုင်းရင်းသားအားလုံး လိုအပ်နေတာ ဖက်ဒရယ်ပြည်ထောင်စုပါ။ တန်းတူညီမျှမှု၊ ကိုယ့်ကံကြမ္မာကိုယ့်ဖန်တီးနိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်တွေ အပြည့်အ၀အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုပါ။

လွယ်တော့ မလွယ်ပါဘူး။ မြန်မာနိုင်ငံက ခုမှ ခေတ်သစ်တစ်ခု ဆီကူးပြောင်းစမို့ ပြုပြင်စရာ၊ ပြောင်းလဲစရာတွေ များလှပါတယ်။ အာဏာရှင်အစွဲမကျွတ်သေးတဲ့ လူတွေရှိနေဆဲ၊ လွှတ်တော်ထဲမှာလဲ ထိုင်နေဆဲမို့ အချိန်မရွေး နောက်ပြန်လှည့်နိုင်စရာရှိတယ်ဆိုတာ အမှန်ပါ။ ဒါပေမဲ့ လွဲမှားနေတဲ့ စနစ်အောက်မှာ ကျနော်တို့ နှစ်ပေါင်းများစွာ အချိန်လင့်ခဲ့ရပြီးပါပြီ၊ ခုလဲ ဒီပြည်ထောင်စုစနစ်က စစ်မှန်တဲ့ငြိမ်းချမ်းရေးဆီ ဦးတည်နိုင်မှာ မဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ အမှန်ကို မပြောရဲ၊ မထောက်ခံရဲပဲ၊ ပေါ်ပင်လိုက် လက်ညှိုးထောင် ခေါင်းညှိတ်ပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ တောင်ပေါ်သားတို့ရဲ့ ခံစားချက်၊ တောင်ပေါ်သားတို့ရဲ့ ဝေဒနာကို စော်ကားသလို ဖြစ်နေပါလိမ့်မယ်။ လမ်းကြောင်းမှန်မဟုတ်မှန်း သိရက်နဲ့ အမှားကို ထောက်ပြဖို့ ၀န်လေးမယ်ဆိုရင် အမှားသံသရာလည်နေပါလိမ့်မယ်။ အဖြစ်သင့်ဆုံး ပြည်ထောင်စုပုံစံကို မြင်ပါရက်နဲ့ ထောက်ခံဖို့ သတ္တိမရှိရင် တောင်ပေါ်သားတွေရဲ့ နာကျည်းမှုကို ခံရပါလိမ့်မယ်။

တောင်တန်းရဲ့ ဒဏ်ရာတွေကို ကျနော်တို့စာနာသင့်တာ ကြာခဲ့ပါပြီ။ ကျနော်တို့ တောင်ပေါ်-မြေပြန့်မခွဲ၊ တောင်တန်း-ပြည်မလက်တွဲပြီး တစ်စိတ်တစ်ဝမ်းတည်းထားကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြပါစို့ ...။

ဒေါက်တာမြန်အောင် (ဆေး-၂)


MATUT HTI NA »