Slideshow Image 2

အိမ်ပြန်တော့

စစ်အစိုးရ - အို.. ရဲဘော်
အဆိုးဘက်က နာမည်ကျော်
ကချင်တိုင်းပြည် ဘာလို့လာ
မခေါ်ဘဲနဲ့ ပေါ်ပေါ်လာ။

ကချင်ပြည်အကြောင်း မသိဘဲနဲ့
ခိုးဆိုးဖှိုက်ဖို့ ရောက်လာခဲ့
မင်းတို့အဘ မဟုတ်တာပြော
မြန်မာ့သမိုင်း အမှားဟော။

ရှေးခေတ် မြန်မာ့သမိုင်းမှာ
ဘယ်မင်းကြီးမှ သြဇာမလာ
ဘယ်သူ့ကျွန်မှ ငါတို့မဟုတ်
ငါတို့သီးခြား တိုင်းပြည်လုပ်။

ဒူဝါ စော်ဘွားကြီးများနဲ့
ကိုယ့်နည်း ကိုယ့်ဟန်အုပ်ချုပ်ခဲ့
အောက်ပြည်အောက်ရွာ ကုန်သွယ်ကာ
စီးပွားရေးတွေ လုပ်ကြတာ။

ဘုရားပေးတဲ့ မနောမြေ
သဘာဝကိုက ကြွယ်ဝပေ
လောဘဒေါသ မောဟတွေ
ဒို့လူမျိုးမှာ အမှုမပွေ။

ရိုးသားဖြူစင် တောင်ပေါ်သား
ဘုရားရဲ့သီးသန့် ကောင်းကြီးများ
အင်္ဂလိပ်ခေတ် သမိုင်းလမ်းကြောင်း
တိုင်းပြည်တစ်ခု ပြည်နယ်ပြောင်း။

အနှစ်(၆၀) ကျော်ခဲ့ပြီ
မြန်မာ့သမိုင်း ရှုပ်ခဲ့သည်
စိုးရရဲဘော် ဒါတွေမသိ
စာသင်ကျောင်းမှာလည်း မရှိ။

လောဘကြီးတဲ့ စစ်ဥပဒေ
ကချင်မြေကို ရောင်းစားနေ
ငါတို့ဂိတ်ဆုံး သည်းခံခဲ့
ငြိမ်းချမ်းရေး အတုအပနဲ့။

ခုတော့စစ် ဖြစ်နေပြီလေ
ဒို့ကိုစတိုက်တာ သူဖြစ်နေ
ဒို့ကခုခံရုံ သက်သက်
စိုးရရဲဘော် မသိတော့ခက်။

ဒို့ငြိမ်းချမ်းရေး မလိုတော့ပြီ
ဒို့ကိုယ်ပိုင် အုပ်ချုပ်တော့မည်
သင်တို့တိုက်လည်း နိုင်မည်မဟုတ်
မင်းတို့ အိမ်ပြန်ဖို့နောက်ဆုတ်။

မနောမြေမှ ဆုတ်ခွာသော်
အသက် ချမ်းသာဦးမယ်နော်
ဆက်ပြီးသာ တက်လို့ကတော့
ဒို့ကိုအဆိုး မဆိုနဲ့ပေါ့။

ဒို့ဆီ မြေသြဇာပေါပြီးသား
မြေသြဇာ ထပ်မဖို့နဲ့တော့လား
စစ်သမ္မတ အစိုးရရဲဘော်
ဌာနေပြန်ဖို့ ကြိုးစားနော်။ ။

မနောမြေ - စိန်
၂၁၊၄၊၂၀၁၂

4 comments:

jinghpaw girl said...

grai hkrak ai ga shagawp she rai nga ai.

jinghpaw girl said...
This comment has been removed by the author.
jinghpaw girl said...
This comment has been removed by the author.
myu dan hkawng said...

Myen tai hpyen sawa ni mu hti yang chyawm gaw namhtun tai na hkrit na kalang ta nan hprawng chye ai lol hahahaha

Post a Comment