Slideshow Image 2

ငါတို့ဘုရား

ဒို့ဘုရား အကြောင်းပြောပြမယ်။
မသိရင် မှတ်ထားကြပေါ့ကွယ်။
ဒို့ဘုရားဟာ- ထာဝရဘုရား။

အသေအချာ စစ်မှန်တဲ့ဘုရား။
"သဘာဝ"ဆိုတာဒို့ဘုရား။
အဆုံးမဲ့တဲ့ ဘုရား။
အဆုံးမရှိသော ဘုရား။

ဘုရင်တကာ့ ဘုရင်၊
အလွန့်အလွန်ကြီးကျယ်၊
မြင့်မြတ် သန့်ရှင်းသော အရှင်။
တည်ကြည်သော ဘုရား၊
ကတိတည်သော ဘုရား။

အနန္တတန်ခိုးရှင်၊
ဖန်ဆင်းခံ မဟုတ်သော၊
ဖန်ဆင်းသော ဘုရားရှင်၊
သဗ္ဗ္ဗ ညုတ ဥာဏ်ရှိသော ဘုရားသခင်။

အနန္တလေးပါးဆိုတဲ့အနန္တ၊
¬  ကောင်းကင်အနန္တ၊
¬  စကြဝဠာအနန္တ ၊
¬  သတ္တဝါအနန္တ ၊
¬  ဘုရားဥာဉ်အနန္တ ။

လူသားမှန်သမျှ ရှိခိုး၊
ကိုးကွယ်အပ်သော ဘုရားသခင်၊
ယုံကြည် ကိုးကွယ်အားကိုး၊
အားထားသူများအား- အမှန်တကယ်ကာကွယ်
စောင့်မကြည့်ရူတော်မူသော ဘုရားသခင်။

 ခေါ်လျှင် ထူးတော်မူ၍၊
အဖြေပေးနိုင်သော အရှင်။
မတတ်နိုင်သည့် အရာလုံးဝမရှိ၊
အလုံးစုံကို တတ်နိုင်သောဘုရားသခင်။

စကြ ဝဠာတခုလုံးကို ဖန်ဆင်း၍၊
ပိုင်သ အုပ်စိုးတော်မူသော ဘုရားရှင်၊
ကောင်းကင်ဘုံမှသည်- ငရဲတိုင်၊
တည်ရှိစေတော်မူသော ဘုရား။

 လူသားတို့အား- ငရဲဘုံမှ
ကယ်တင်ခြင်း အမှုကို- စီမံနိုင်သော ဘုရား။
သဝန်တိုသော ဘုရား။
"ငါမှတပါး အခြားသော ဘုရားကို မကိုးကွယ်ရ"ဟု၊

အမိန့်မှတ်တော်မူသော ဘုရား။
(အဘယ့်ကြောင့်နည်း? သူသာလျှင်၊
တပါးတည်းသော ဘုရားစစ်၊
ဘုရားမှန်ဖြစ်သောကြောင့်ပေတည်း။)

လူသားတို့အား၊
ပုံသဏ္ဍာန်တော်နှင့် အညီဖန်ဆင်း၍၊
ဆုပေးဒဏ်ပေးသော ဘုရား။
စာတန်နှင့် စစ်တိုက်သောဘုရား။

အနန္တော အနန္တ- ကမ္ဘာအဆက်ဆက်၊
တည်ရှိတော်မူသော ဘုရား၊
အစ၏ဘုရား- အဆုံး၏ဘုရား။
ငါတို့ယုံကြည်စိတ်ချရသော ဘုရား။

ငါတို့ကို ရန်သူများစွာလက်ထဲမှ၊
ကယ်တင်တော်မူသော ဘုရား။
မတရားသူကို ပယ် ၍၊
တရားသူကို ကယ် သောဘုရား။

ကတိမတည်၊ လိမ်လည်လှည့်ဖြား
 ကောက်ကျစ်စဥ်းလဲခြင်းကို ရွှံရှာတော်မူ၍၊
တည်ကြည်ဖြောင့်မတ်၊ သည်းခံခြင်းကို၊
ချစ်မြတ်နိုးတော်မူသော ဘုရား။

ဘုရားစစ် ဘုရားမှန်၏၊
ရွှေးကောက် မှုကို ခံယူရသည့်၊
ငါတို့ကချင်လူမျိုးသည်၊
အရေအတွက်မှ အရည်အချင်းသို့၊

 ပြည့်စုံစေခြင်း ကျေးဇူးတော်ကြောင့် ၊
ရန်သူအပေါင်းအား- ပရမ်းပတာ၊
ကစဥ့်ကလျှား- ဖရိုဖရဲ-သေကြေပျက်စီး၊
အကွပ်မရှိသည့် ကြမ်းကဲ့သို့၊
 ဖြစ်စေခဲ့ ရလေသတည်း။
                                                                                     
မနောမြေ - စိန်
၂၃.၅.၂၀၁၂

3 comments:

hkunman said...

Grai hkrak ai ga shagawp rai nga ai.

lu lu said...

Grai hkrak ai copy di la sai yaw

lu lu said...

Grai hkrak ai copy di la sai yaw

Post a Comment