Slideshow Image 2

ယောက်ျား

ယောက်ျား ပီသ စမ်းပါဗျာ။----။
ယောက်ျား ဈေးကျ လိုက်တာ။-----။

ယောက်ျား တန်မဲ့ မိန်းမ
တယောက် ကိုတောင် မမှီပါလား
ယောက်ျား တွေ နှိမ်ပြောတတ်တဲ့၊
မိန်းမ ကတောင် ယောက်ျား ထက်၊
ထက်မြက်ပြီး၊မှန်တဲ့ စကားတွေ
ရွေးပြီး သကာလ၊ ပညာရှိစွာ ပြောနေ ချိန်မှာ၊
ယောက်ျားဆိုတဲ့ မောင်အောင်ခိုင်က၊
ရန်ကုန် မြို့တော် - လျှပ်စစ်ဓါတ် အားပေးရေး
အဖွဲ့ ဥက္ကဌကြီး ဆိုပါလား။-----။
                            
သူက မိန်းမ လျှာထက်၊
ပျော့လည်းပျော့၊ ရှည်လည်းရှည် နေတယ်ကွဲ့။
မဟုတ်တာလည်း လုပ်ကြံပြော တတ်လိုက်တာ။
သတင်းစာ ဆရာတွေ ကိုခေါ်ယူပြီး၊
"မန်စံ ဓါတ်အားလိုင်းကို မေ (၁၉) က၊
အကြမ်းဖက်သောင်းကျန်းသူများ၊
ဖောက်ခွဲ ဖျက်ဆီး လိုက်သဖြင့်၊
ရန်ကုန်မြို့တွင်၊ လျှပ်စစ်အားများကို၊
ယာယီဖြတ်တောက်ခြင်း၊
အလှည့်ကျ မီးပေး ခြင်းများကို၊
စီမံကွပ်ကဲနေ ရတယ် "တဲ့လေ။-----။

အမှန်တော့----        
ကြေးစားလူ ဌားပြီး၊
ဖေါက်ခွဲခိုင်း တာသေချာတယ်။
(ဘာလို့ လုံခြုံရေး မချထားရတာလဲ?)
မှောင်နေမှမှောင်ခို လုပ်ငန်းကို၊
တွင်တွင် ကျယ်ကျယ် လုပ်နိုင်မှာကိုး။

မေ (၂၀) နိုင်ငံ ပိုင်သတင်းစာကျတော့၊
KIAလက်နက် ကိုင်အဖွဲ့မှ၊
"ရှမ်းပြည်မြောက်ပိုင်း
နမ်းခမ်းမြို့နယ်အတွင်း၊
ရွှေလီ- မန်စံ မဟာဓါတ်လိုင်း၊
တာဝါတိုင်အမှတ် (၇၃)၊(၂၀၆)                            
(၂၀ရ)၊ (၂၀၈) တို့ကို၊
ဖေါက်ခွဲ ဖျက်ဆီးခဲ့ကြတယ် "တဲ့လေ။
အဆိုပါဒေသ၏ လိပ်စာမှားယွင်းနေပါသည်။
၎င်းသည်၊ လားရှိုး မြို့နယ် တွင်တည်ရှိပြီး၊
KIA အဖွဲ့များမရောက်နိုင်သောဒေသ၊
KIA ကိုစွပ်စွဲ ပြောဆိုမှု သက်သက်၊
၎င်းသတင်း မရှုမလှ မှန်ကန်မှု
မရှိကြောင်း ထင်ရှားနေပေတော့သည်။
                  
မြန်မာပြည်မှာ-
လျှပ်စစ်မီးအလျှံပယ်သုံး မကုန်လို့တဲ့။
ပိုလျှံတဲ့ ဓါတ်အားကို
ပြည်ပ သို့ ရောင်းစားနေရသတဲ့-လေ။
(လျှပ်စစ်စွမ်းအင် ဝန်ကြီးပြောတာကြားဘူးတာပါ။)
အဲဒါ-နေပြည်တော် မှာဘဲ နတ်ပြည်အလား၊
အလင်းတွေ- အလျှံပယ်နေတာပါ။
                            
ကျန်တနိုင်ငံလုံးက တော့ကျောက်ခေတ်ဘဝ၊
အမှောင်ဘဝ မှာ ကျန်ရစ်တုံးဘဲပေါ့။
နယ်စပ်ဒေသ မှာ တည်ဆောက် နေတဲ့၊
ရေအား လျှပ်စစ် စက်ရုံများဟာ၊
နိုင်ငံတော် စီမံကိန်း ဆိုပါလား !။

တရုတ် ကုမ္မဏီတွေက တည်ဆောက်ပြီး၊
(၉၀)ရာခိုင်နှုန်း အကျိုးခံစားမှု မူအရ၊
တရုတ်ပြည် ဆီ သွယ်တန်း ယူငင် သွားကြစမြဲဘဲလေ။
ဒီလိုနဲ့- တချက်ခုတ် ဆယ်ချက်ပြတ်၊
KIAအဖွဲ့ ကို - အကြမ်းဖက် အဖွဲ့အစည်းဆိုပြီး၊
မတွေးခေါ်မမြော်မြင်ဖြစ်ခဲ့၊
ပြည်သူများကို အာရုံလွှဲ၊
လိမ်လည်လှည့်ဖြား- အမြင်တွေ မှား လေအောင်၊
ပုတ်ခတ် စွပ်စွဲ နေတာ- များနေပြီနော်။
ယောက်ျား ဘဝ၊ ရခဲလို့ တန်ဖိုး ရှိတယ်ဆို!
တဘဝမှာ - တခဏဘဲ။
                            
တန်ဖိုးရှိရှိ နေထိုင်ပြောဆို၊
သက်ရှင်လှုပ်ရှား မှပေါ့ကွယ်၊
ဒါမှယောက်ျား ပီသတော့ မှာပေါ့လို့။----။
                                                                            
မနောမြေ - စိန်
၂၈.၅.၂၀၁၂၊

0 comments:

Post a Comment