သိပ်ဟုတ်တာပေါ့ချစ်သူရယ်-
ဒိနောက်လက်နက်ကိုင်အဖွဲ့ကြား၊
စစ်ထိုးဖေါက်ခြင်းလျင်မြန်သွား။
အရေးကြီးဆုံးသမိုင်းဝင်၊
နံနက်စောစော ခုနစ်နာရီ၊
Bumsenpost ကိုစပစ်သည်။
11:15 am မှာ၊
မပခ တိုင်းမှူ ညှိ၍လာ၊
စစ်မြေပြင်ကြီးအထဲတွင်၊ သဘောတူမိတဲ့
KIO၊
11:45 am မှာငြိမ်းချမ်းရေးဖြစ်ခဲ့ရသနော်။
သို့သော်- ငြိမ်းချမ်းရေးသက်ဆိုးမရှည်၊
မပခ ကတိမတည်တယ်၊
သူတို့ကိစ္စပြီးစီးတော့၊
လှည့်စားခြင်းမှာပြန်ငြိပေါ့။
ဂျွန်၁၀ ညမှာသစ္စာဖေါက်၊
ကတိသစ္စာအားလုံးဖျောက်၊
ငြိမ်းချမ်းရေးကိုဖျက်ဆီးပြီး၊
ဆက်၍စစ်ရေးစခဲ့ကြတယ်ကွယ်……………..။
သြော်-ချစ်သူရယ်- မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊
တိုင်းမှူးဇေယာအောင်ဗိုလ်ချုပ်၊
တနိုင်ငံလုံးစစ်ရေးမပျံ့စေရေး၊
KIO ပြောဆိုညှိခဲ့သေး၊
ဂျွန်၁၃မှာနောက်ဆုံးထား၊
သတိပေးဖြစ်ခဲ့သော်ငြား၊
တိုင်းမှူးဇေယာအရေးမလုပ်၊
စစ်မဖြစ်ဖြစ်အောင်ထိုးစစ်တော့၊
KIA ခုခံရပြီပေါ့။
အို! ချစ်တဲ့သူရယ်-မြန်မာအစိုးရစတဲ့စစ်၊
ခဏလေးမှာကြီးကျယ်ဖြစ်၊
အမြင့်ဆုံးပြင်းတဲ့စစ်အရှိန်၊
မေလကုန်တော့၁၄၀၀ အကြိမ်၊
အစိုးရစစ်တဲ့အကြမ်းသမား၊
လူမဆန်စွာစော်ကားသွား၊
ပစ်သတ်၊ ရိုက်သတ်၊ မီးရှို့သတ်၊
ရေတွက်မနိုင်အောင်ကိုညစ်ပတ်။
ကချင်ပြည်တွင်းဒုက္ခသည်၊
ခုနစ်သောင်းကျော်လူဦးရေ၊
KIO ထိန်းချုပ်ဒေသတွင်း၊
ငါးသောင်းမျှစခန်းသွင်း၊
စစ်ပွဲဆက်တိုက်မရပ်မနား၊
ဒုက္ခသည်များဆက်ဆက်ပွား……..ဖြစ်ခဲ့ကြပြီလေ။
ချစ်သူရယ်- အဖြေတောင်းထားတဲ့ချစ်သူ၊
အဖြေအမြန်မရသလို၊
ပြည်နယ်အဆင့်ငြိမ်းချမ်းရေး၊
တစ်ဆင့်နှစ်ဆင့်ရှိပြီလေး။
Peace maker လူကြီးများ၊
ကြားမှဆွေးနွေးပြောဆိုထား၊
သို့သော်နိုင်ငံရေးစံနစ်အရ၊
မဆွေးနွေးလိုတဲ့သူ့ဆန္ဒ၊
အာမခံအဖြေမပေးလို၊
တမင်တကာညစ်နေသူ၊
ရစ်ရစ်ပြီးတော့အချိန်ဆွဲနေ၊
ကမ္ဘာကိုလည်းလှည့်စားတယ်…
လိမ်ကျစ်တဲ့အကြံမဟုတ်လားကွယ်။ သိပ်ဟုတ်တာပေါ့ချစ်သူရယ်-
မြန်မာအစိုးရဆိုတာလေ၊
ပြည်ထောင်စုအဆင့်အနေနှင့်၊
ရွှေလီမှာတွေ့ဆုံဖြစ်၊
သုံးကြိမ်သုံးခါဆွေးနွေးလည်း၊
KIO အဆိုကိုလက်မခံဘူးဘဲ။
မနောမြေ-စိန်
၂၃.၆.၂၀၁၂
0 comments:
Post a Comment