မခေါ်ဘဲနဲ့ ပေါ်ပေါ်လာ၊
ရာဇဝတ် ဂိုဏ်းတဲ့ဗျာ။
ကချင်မြေ ရောက်ချိန် တောက်လျှောက်၊
ဥာဏ်နီ ဥာဏ်နက် ဆင် မပျောက်။
ငြိမ်းချမ်းရေး ဖြစ်မလာအောင်၊
သိန်းစိန် အစိုးရ ဦးဆောင်။
သို့သော် - သူတို့ လုပ်ဆောင်ကြသမျှ၊
KIO ကိုဘဲ ညိုးတယ်ဗျ။
ရန်ရှောင်စခန်းမှ ဒုက္ခသည်၊
အပြစ်ရှာပြီး နှိပ်စက်နေ။
တမျိုးလုံးကို စိတ်ဆွပေး၊
စိတ်မချမ်းမြေ့ အောင်ပြုတယ်လေး။
ငြိမ်းချမ်းရေး သတင်းထွက်ပေါ်လာ၊
စိုးရစစ်ကား တပါတည်းပါ။
ကချင်ကို အမျိုးဖြုတ်ချင်၊
လှောင်အိမ်ထဲက ငှက်လိုမြင်။
လူ့အခွင့်ရေး ကို ချိုးဖောက်တာ၊
အရှိန် အဟုန် မြင့်လွန်းတယ်ဗျာ။
ကမ္ဘာ နဲ့ ပြည်သူ များရှေ့၊
ခေတ်ပြောင်း ၊ စနစ်ပြောင်းပြီဟေ့!
ဒီမိုကရေစီ အစိုးရ၊
မုသားစကား နဲ့ ဖျော်ဖြေကြ။
ကိုးကွယ်တဲ့ ဘုရား ကိုယ်စား၊
ဘုန်းကြီးတောင် သတ်ပစ်တယ်ဗျား။
ကချင်လူမျိုး ဘာကောင်မို့၊
ဒို့လုပ်ချင် သလို မလုပ် ရလား - လို့။
ရဲရဲ ဝံ ဝံ ပုံစံပြ၊
တမင် သက်သက် လုပ်ပြကြ။
ရိုးသားတဲ့ တိုင်းရင်းသားတိုင်း၊
သိန်းစိန် နဲ့ စာရင်မရိုင်း။
သစ္စာလည်းရှိ ကတိလည်းတည်၊
ဘုရားတရားလည်း လွန်ယုံကြည်။
စစ်မှန်တဲ့ မေတ္တာ စေတနာ၊
သိန်းစိန် ဆီက မရနိုင်ပါ။
မျှော်ရင်း - မျှော်ရင်း - မျှော်လင့်ရင်း -
ဆင် ဟိုဟာ ခွေးမျှော် ကဲ့သို့၊
အချိန်သာ ကုန် လူပမ်းမယ်ဗျို့။
မနောမြေ - စိန်
၁၄.၇.၂၀၁
ရာဇဝတ် ဂိုဏ်းတဲ့ဗျာ။
ကချင်မြေ ရောက်ချိန် တောက်လျှောက်၊
ဥာဏ်နီ ဥာဏ်နက် ဆင် မပျောက်။
ငြိမ်းချမ်းရေး ဖြစ်မလာအောင်၊
သိန်းစိန် အစိုးရ ဦးဆောင်။
သို့သော် - သူတို့ လုပ်ဆောင်ကြသမျှ၊
KIO ကိုဘဲ ညိုးတယ်ဗျ။
ရန်ရှောင်စခန်းမှ ဒုက္ခသည်၊
အပြစ်ရှာပြီး နှိပ်စက်နေ။
တမျိုးလုံးကို စိတ်ဆွပေး၊
စိတ်မချမ်းမြေ့ အောင်ပြုတယ်လေး။
ငြိမ်းချမ်းရေး သတင်းထွက်ပေါ်လာ၊
စိုးရစစ်ကား တပါတည်းပါ။
ကချင်ကို အမျိုးဖြုတ်ချင်၊
လှောင်အိမ်ထဲက ငှက်လိုမြင်။
လူ့အခွင့်ရေး ကို ချိုးဖောက်တာ၊
အရှိန် အဟုန် မြင့်လွန်းတယ်ဗျာ။
ကမ္ဘာ နဲ့ ပြည်သူ များရှေ့၊
ခေတ်ပြောင်း ၊ စနစ်ပြောင်းပြီဟေ့!
ဒီမိုကရေစီ အစိုးရ၊
မုသားစကား နဲ့ ဖျော်ဖြေကြ။
ကိုးကွယ်တဲ့ ဘုရား ကိုယ်စား၊
ဘုန်းကြီးတောင် သတ်ပစ်တယ်ဗျား။
ကချင်လူမျိုး ဘာကောင်မို့၊
ဒို့လုပ်ချင် သလို မလုပ် ရလား - လို့။
ရဲရဲ ဝံ ဝံ ပုံစံပြ၊
တမင် သက်သက် လုပ်ပြကြ။
ရိုးသားတဲ့ တိုင်းရင်းသားတိုင်း၊
သိန်းစိန် နဲ့ စာရင်မရိုင်း။
သစ္စာလည်းရှိ ကတိလည်းတည်၊
ဘုရားတရားလည်း လွန်ယုံကြည်။
စစ်မှန်တဲ့ မေတ္တာ စေတနာ၊
သိန်းစိန် ဆီက မရနိုင်ပါ။
မျှော်ရင်း - မျှော်ရင်း - မျှော်လင့်ရင်း -
ဆင် ဟိုဟာ ခွေးမျှော် ကဲ့သို့၊
အချိန်သာ ကုန် လူပမ်းမယ်ဗျို့။
မနောမြေ - စိန်
၁၄.၇.၂၀၁
0 comments:
Post a Comment