ချစ်သူရယ် - ဒို့နှစ်ဦးရဲ့ဝန်းကျင်၊
ကချင်ပြည်ရဲ့ ဆောင်းသခင်။
အောက်တိုဘာဆိုတဲ့လ၊
ဆောင်းဦးရဲ့ ပထမည။
ရာသီဥတု - ပြောင်းလဲ၊
ကိုယ်တို့ချစ်ခြင်း- တည်မြဲ။
သို့သော်ရင်ထဲ - မငြိမ်း၊
စစ်မြေပြင်လည်း - မသိမ်း။
ဒါပေါ့ချစ်တဲ့ကိုကိုရယ်-
ဒီလို မငြိမ်းတဲ့ ကာလ၊
ဒို့ပြည် ဒုက္ခရောက်သမယ။
ဘယ်လို ချစ်သူနှစ်ဦး - ကြည်နှုး၊
လက်ပိုက်ကြည့်- မြူးနိုင်မလဲလေ…..။
ကြည့်ပါအုံး- ချစ်ကိုကိုရဲ့၊
ဒို့ကချင်ပြည်ရောက်- ဗမာဧည့်သည်၊
လျှောက်မလည်ရဘဲနဲ့၊
စစ်မြေပြင်မှာသေကြလေရဲ့။
အိုကွယ်-ချစ်သူရယ်-
ကိုရွှေဗမာဧည့်သည်များ၊
စိတ်မပါဘဲနဲ့ စစ်တိုက်ထား။
အထက်က အမိန့်မလွန်ဆန်နှိုင်၊
စစ်မြေပြင်မှာ အလောင်းပြိုင်။
မိဘပြည်သူ မသိရှိ၊
ဇနီးမယားလာမကြည့်။
ခွေးလိုဝက်လိုသေကြရှာ၊
အလောင်းဖက်ရွက် ဖုံးခဲ့တာ၊
မြင်မကောင်းဘူးပေါ့ချစ်သူရာ။
ချစ်ကိုကိုရယ်- အချို့အလောင်းမြေ မြှုပ်ပေမယ့်၊
ဖြစ်ကတတ်ဆန်းပေါ့ချစ်သူရဲ့။
လူသေအလောင်းနဲ့ မတူပေ၊
တရိစ္ဆာန် အလောင်းထက်မသာတယ်။
တခါတရံ သနားမိပေမယ့်၊
တွေးမိရင် စိတ်နာလေရဲ့။
ကချင်စစ်သားဖမ်းမိရင်၊
နုတ်နုတ်စင်းသတ်သတဲ့ရှင်။
အိုကွယ်- ချစ်ဦးသူရယ်-
ဗမာစစ်သားဖမ်းမိရင်၊
KIA ကျွေးမွေးအသက်ရှင်။
ရန်သူကအရှုံးပေး၊
သတ်ပစ်ထုံးစံမရှိသေး။
မယုံရင်သွားကြည့်လို့ရတယ်၊
လိုင်ဇာမှာအယောက်လေးဆယ်။
အိမ်ပြန်လိုသူ-စရိတ်ပေး၊
KIO ထောက်ပံ့လိုက်သေး။
မနောမြေ -စိန်
ကချင်ပြည်ရဲ့ ဆောင်းသခင်။
အောက်တိုဘာဆိုတဲ့လ၊
ဆောင်းဦးရဲ့ ပထမည။
ရာသီဥတု - ပြောင်းလဲ၊
ကိုယ်တို့ချစ်ခြင်း- တည်မြဲ။
သို့သော်ရင်ထဲ - မငြိမ်း၊
စစ်မြေပြင်လည်း - မသိမ်း။
ဒါပေါ့ချစ်တဲ့ကိုကိုရယ်-
ဒီလို မငြိမ်းတဲ့ ကာလ၊
ဒို့ပြည် ဒုက္ခရောက်သမယ။
ဘယ်လို ချစ်သူနှစ်ဦး - ကြည်နှုး၊
လက်ပိုက်ကြည့်- မြူးနိုင်မလဲလေ…..။
ကြည့်ပါအုံး- ချစ်ကိုကိုရဲ့၊
ဒို့ကချင်ပြည်ရောက်- ဗမာဧည့်သည်၊
လျှောက်မလည်ရဘဲနဲ့၊
စစ်မြေပြင်မှာသေကြလေရဲ့။
အိုကွယ်-ချစ်သူရယ်-
ကိုရွှေဗမာဧည့်သည်များ၊
စိတ်မပါဘဲနဲ့ စစ်တိုက်ထား။
အထက်က အမိန့်မလွန်ဆန်နှိုင်၊
စစ်မြေပြင်မှာ အလောင်းပြိုင်။
မိဘပြည်သူ မသိရှိ၊
ဇနီးမယားလာမကြည့်။
ခွေးလိုဝက်လိုသေကြရှာ၊
အလောင်းဖက်ရွက် ဖုံးခဲ့တာ၊
မြင်မကောင်းဘူးပေါ့ချစ်သူရာ။
ချစ်ကိုကိုရယ်- အချို့အလောင်းမြေ မြှုပ်ပေမယ့်၊
ဖြစ်ကတတ်ဆန်းပေါ့ချစ်သူရဲ့။
လူသေအလောင်းနဲ့ မတူပေ၊
တရိစ္ဆာန် အလောင်းထက်မသာတယ်။
တခါတရံ သနားမိပေမယ့်၊
တွေးမိရင် စိတ်နာလေရဲ့။
ကချင်စစ်သားဖမ်းမိရင်၊
နုတ်နုတ်စင်းသတ်သတဲ့ရှင်။
အိုကွယ်- ချစ်ဦးသူရယ်-
ဗမာစစ်သားဖမ်းမိရင်၊
KIA ကျွေးမွေးအသက်ရှင်။
ရန်သူကအရှုံးပေး၊
သတ်ပစ်ထုံးစံမရှိသေး။
မယုံရင်သွားကြည့်လို့ရတယ်၊
လိုင်ဇာမှာအယောက်လေးဆယ်။
အိမ်ပြန်လိုသူ-စရိတ်ပေး၊
KIO ထောက်ပံ့လိုက်သေး။
မနောမြေ -စိန်
1 comments:
မှန်လိုက်တာဗျား။ကောင်းလိုက်တဲ့ကဗျာ။
Post a Comment