အချစ်ဆုံးကိုကိုရယ် - ဒို့နှစ်ဦးရဲ့ ပတ်ဝန်းကျင်၊
ဘယ်လောက်ဘယ်လို ပျော်ရွှင်ရွှင်။
ဒို့ကချင်ပြည်ဖြစ်ပျက်သမျှ၊
အောက်ပြည်လည်း မငြိမ်းချမ်းကြ။
တပ်မတော်-ဝန်ဆောင်သူများ၊
ပိုလို့တောင်-ဒုက္ခများ။
သူတို့ရဲ့ မိဘဆွေမျိုး၊
စိတ်ဒုက္ခတွေတိုးလို့-ဆိုးနေမှာပေါ့နော်။
ဒါပေါ့ချစ်သူရယ် - ဘာပြောကောင်းမလဲလေ…….
သူတို့ရဲ့တပ်မတော် အကြီးအကဲ၊
ကချင်ပြည်မှာ စစ်ပြိုင်ရဲ။
နှစ်ဦးနှစ်ဖက်ကို လေ့လာကြည့်၊
ဘယ်သူဘက်က အရှုံးထိ။
ကြားကရပ်ပြီးသုံးသပ်စို့၊
အဓိပ္ပါယ်ရှိလား - မရှိလားလို့။
တကူးတကချီတက်လာ၊
စိတ်ရောလူပါ ပန်းပေါ့ဗျာ-။
ချစ်တဲ့သူရယ် - ပြည်တွင်းစစ်ကြာမှကြာ၊
နေလို့လည်းမပျော်ဘူးကွာ။
တပ်မတော်ဘက်က ဆိုးလွန်းတော့၊
ပြည်သူဒုက္ခ များတာပေါ့။
KIA ဘက်ကမေတ္တာပြ၊
သုံ့ပန်းစစ်သားကြင်နာကြ။
ဒါတွေအားလုံး သိတယ်လေ….
တပ်မတော်ကိုက ဆိုးလွန်းနေ-။
အိုဘယ့်ချစ်သူ - မေတ္တာအကြောင်း ပြောမကောင်း၊
တပ်မတော်ဘက်က စိတ်မပြောင်း။
ကြားကကြည့်ပြီးဝေဖန်သော်၊
KIO အဆင့်မြင့်တယ်နော်။
ငြိမ်းချမ်းရေးဆွေးနွေးလေတိုင်း၊
မေတ္တာကင်းလို့ - သူတို့ရိုင်း၊
မုန်းတီးစိတ်နဲ့ ဆွေးနွေးသော်-
ဘယ်လိုအောင်မြင်မလဲနော်။
ချစ်လွန်းတဲ့ကိုကိုရယ်- မြန်မာ့အဆင့်မပြောနဲ့၊
ကမ္ဘာ့အဆင့်လည်း ဒီလိုကွဲ့။
ချစ်ခြင်းမေတ္တာ အရင်းမခံ၊
ငြိမ်းချမ်းရေးဘယ်သို့မဟန်။
ပြည်သူရွေးတင် အစိုးရ၊
ပြည်သူဘက်ကိုရပ်တည်မှ။
အဖွဲ့အစည်းတဲ့လက်နက်ကိုင်၊
ပါဝင်ဆွေးနွေးမေတ္တာပြိုင်။
အကြင်နာတရားအချင်းချင်းထား၊
မေတ္တာစိတ်တွေပွားပွားများ။
ငြိမ်းချမ်းရေးကို ရှေ့ရှုတော့၊
တကယ်ငြိမ်းချမ်းကြမှာပေါ့။
¬ ဆက်ပါဦးမည်။
မနောမြေ-စိန်
ဘယ်လောက်ဘယ်လို ပျော်ရွှင်ရွှင်။
ဒို့ကချင်ပြည်ဖြစ်ပျက်သမျှ၊
အောက်ပြည်လည်း မငြိမ်းချမ်းကြ။
တပ်မတော်-ဝန်ဆောင်သူများ၊
ပိုလို့တောင်-ဒုက္ခများ။
သူတို့ရဲ့ မိဘဆွေမျိုး၊
စိတ်ဒုက္ခတွေတိုးလို့-ဆိုးနေမှာပေါ့နော်။
ဒါပေါ့ချစ်သူရယ် - ဘာပြောကောင်းမလဲလေ…….
သူတို့ရဲ့တပ်မတော် အကြီးအကဲ၊
ကချင်ပြည်မှာ စစ်ပြိုင်ရဲ။
နှစ်ဦးနှစ်ဖက်ကို လေ့လာကြည့်၊
ဘယ်သူဘက်က အရှုံးထိ။
ကြားကရပ်ပြီးသုံးသပ်စို့၊
အဓိပ္ပါယ်ရှိလား - မရှိလားလို့။
တကူးတကချီတက်လာ၊
စိတ်ရောလူပါ ပန်းပေါ့ဗျာ-။
ချစ်တဲ့သူရယ် - ပြည်တွင်းစစ်ကြာမှကြာ၊
နေလို့လည်းမပျော်ဘူးကွာ။
တပ်မတော်ဘက်က ဆိုးလွန်းတော့၊
ပြည်သူဒုက္ခ များတာပေါ့။
KIA ဘက်ကမေတ္တာပြ၊
သုံ့ပန်းစစ်သားကြင်နာကြ။
ဒါတွေအားလုံး သိတယ်လေ….
တပ်မတော်ကိုက ဆိုးလွန်းနေ-။
အိုဘယ့်ချစ်သူ - မေတ္တာအကြောင်း ပြောမကောင်း၊
တပ်မတော်ဘက်က စိတ်မပြောင်း။
ကြားကကြည့်ပြီးဝေဖန်သော်၊
KIO အဆင့်မြင့်တယ်နော်။
ငြိမ်းချမ်းရေးဆွေးနွေးလေတိုင်း၊
မေတ္တာကင်းလို့ - သူတို့ရိုင်း၊
မုန်းတီးစိတ်နဲ့ ဆွေးနွေးသော်-
ဘယ်လိုအောင်မြင်မလဲနော်။
ချစ်လွန်းတဲ့ကိုကိုရယ်- မြန်မာ့အဆင့်မပြောနဲ့၊
ကမ္ဘာ့အဆင့်လည်း ဒီလိုကွဲ့။
ချစ်ခြင်းမေတ္တာ အရင်းမခံ၊
ငြိမ်းချမ်းရေးဘယ်သို့မဟန်။
ပြည်သူရွေးတင် အစိုးရ၊
ပြည်သူဘက်ကိုရပ်တည်မှ။
အဖွဲ့အစည်းတဲ့လက်နက်ကိုင်၊
ပါဝင်ဆွေးနွေးမေတ္တာပြိုင်။
အကြင်နာတရားအချင်းချင်းထား၊
မေတ္တာစိတ်တွေပွားပွားများ။
ငြိမ်းချမ်းရေးကို ရှေ့ရှုတော့၊
တကယ်ငြိမ်းချမ်းကြမှာပေါ့။
¬ ဆက်ပါဦးမည်။
မနောမြေ-စိန်
0 comments:
Post a Comment