Slideshow Image 2

ကျောက်ဖျာကွေ့တွင် တိုက်ပွဲပြင်းထန်စွားဖြစ်ပွား

အော်တိုဘာ (၉) အင်္ဂါ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) အုပ်ချုပ်နယ်မြေဖြစ်သော ဖားကန့် ဒေသ ကျောက်ဖျာ ပစောက်ကွေ့တွင် ယနေ့မနက် (၇း၀၀) နာရီ အချိန် ကေအိုင်အေ တပ်ရင်း (၆) လက်အောက် အမှတ်ခြောက် (၆) ပြည့်သူ့စစ်တပ်ဖွဲ့များနှင့် စစ်အစိုးရ စစ်တပ် တပ်ရင်းများဖြစ်သော ခလရ (၂၈၁)၊ (၂၈၂)၊ (၃၀၉)၊ (၈၉) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဤတိုက်ပွဲတွင် အစိုးရစစ်တပ်ဘက်မှ (၃) ဦးသေဆုံးပြီး (၇) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။  ဆက်လက်ပြီး လယ်ပြင်အရပ်နှင့် လုံးခင်း ကြားသို့ ရောက်ရှိလာသော ဤစစ်အစိုးရစစ်ကြောင်းများကို ကေအိုင်အေ တပ်ရင်း (၆) လက်အောက်မှ ဗိုလ်ကြီး လီဆူးတူးအောင် ဦးဆောင်သော (၀ရ) မျိုးချစ်ရဲဘော် များမှ ပြန်လည် ဆီးကြိုက်တိုက်ခိုက်ခဲ့ကြောင်း နှင့် စစ်အစိုးရတပ်ဘက်မှ (၃) ဦးသေးဆုံးကြောင်း သေဆုံးသွားသော စစ်အစိုးရ စစ်သားများကို လယ်ပြင်ကျေးရွာတွင် လာရောက်မြုပ်နှံခဲ့ကြောင်း သတင်းရရှိပါသည်။

(3) Burmese soldiers killed and (7) wounded in the severe battle between KIA’s volunteer troops (6) under KIA (6) battalion and Burmese Government intruder of light infantry (281), (282), (309) and (89), on this morning 07:00 AM, at the Hpa Kant region, Kyawk Hpya U turn, which is under KIA (2) brigade, Western Kachin State, according to the KIA front-line report. Continuously,  under KIA’s (6) battalion, by the leading of Captain Lisu Tu Awng and his KIA (07) battalions waited and opened fire  the invader of the same Burmese Government’s troops  between the  Leh Pyin and Lung Hkang regions. During the battle, (3) Burmese soldiers were killed and buried at the Leh Pyin village.

5 comments:

Anonymous said...

ကို့ဒေသမဟုတ်ဘဲအကြောင်းမရှိအပြင်ပန်း ခံပြီး ဘာကြောင့် ထိုး စစ်ဆင် ကြ တာလဲ။မိသား စု တစ်စု အာဏာ တည် မြဲ ဖို့ အတွက် ဘာကြောင့် အသေ ခံ ကြ တာ လဲ ။ဗမာစစ်သား လုပ်ရတာ ရဲဘော် လုပ် ရတာ တိုင်း ရင်း သား တွေ ကို ဖိနိပ်ချုပ် ကိုင် ဖို့ အတွက် လား ။

Unknown said...

ဟား ဟား ဟား ဟား ရီရတယ်ဟာသပဲဗျို့ 

palonno@gmail.com said...

ကိုယ့်ကိုယ်ကိုခုခံကာကွယ်ဖို့ပဲပြောထားတယ်လို့သိန်းစိန်ကပြောပါတယ်။အစိုးရ
စစ်တပ်ကထိုးစစ်ဆင်တာမျိုး ၊ စတင်တိုက်ခိုက်တာမျိုးမရှိဘူး၊ လူ့အခွင့်အရေးချိုးဖေါက်တယ်ဆိုတာမျိုးလဲစွပ်စွဲဖို့မကောင်းပါဘူးလို့ထပ်လောင်း
ပြောပါတယ်။ ဒါဆိုဘာလို့ စစ်အင်အားတွေဆက်လက်တိုးချဲ့နေရတာလဲ။ ဖါးကန့်မှာ သေနတ်သံကြားလို့ဝပ်နေတဲ့ မိန်းကလေးငယ်ကို ဘာ့ကြောင့် ပစ်ရတာလဲ။ ဗမာစကားဟာ သူတို့ဝတ်တဲ့ပုဆိုးလို လည်ပတ်နိုင်လွန်းပါတယ်။
ဘယ်တော့မှတိတိကျကျပြောလို့မရဘူးထင်ပါရဲ့။ သိန်းစိန်ကြီးကို ထိုးစစ်ဆင်တိုက်ပွဲမရှိဘူးဆိုရင် စစ်မြေပြင်ကိုလာကြည့်လှည့်ပါဦးလို့ ဖိတ်ခေါ်ပါတယ်။ အဲ..ထမီဝတ်ပြီးလာခဲ့ပေါ့။

Dwi la said...

Nau hpyau hkra hkum ka mu.

Anonymous said...

မင်းတို့ ကလည်း သိန်းစိန်က ထိုးစစ်မဆင်ပါဘူး သူဖာသာ နေတာပါ

အောက်ကလူတွေကထိုးစစ်ဆင်တာပါ ဆိုတော့က သူတို့ အချင်းချင်းမှာ

လည်း ပြသနာတွေ ရှိကြတယ်ပေါ့ကွာ အပေါ်က ဘာမိန့် ကျကျ အောက်

မှာက လုပ်ချင်ရာလုပ်မယ်လေ အဲ့တာက ကိုလိုနီစနစ်ပဲလေ တယောက်

ဆင်းတော့မယ် 1ယောက်တက်တော့မယ်ဆို မီးလေးတွေမွေးးပေးတတ်

ပါတယ် တိုင်းရင်းသားတွေနဲ့ ဘယ်တော့ ယတိပြတ် ငြိမ်းချမ်းရေးမယူ

တတ်ပါဘူး အသုံးချမယ်လေ အခုလည်း သိန်းစိန်က အရှေ့ ကမငြိမ်းခဲ့

တဲ့မီးကို ဘယ်ငြိမ်းပါ့မလဲ အသုံးချမှာပေါ့ နောက်တက်လူ တွေအတွက်

ချန်ထားပေးမှာလေ ဒီလိုပဲ လုပ်ကိုင်အာဏာမြဲ လာတာလေကွာ

လက်နက်ကိုင်တိုင်းရင်းသား တွေမရှိတော့ ရင် သူတို့ ရန်ကုန်မြို့ လယ်

ဂေါင်တို့  နယ်တို့ ရွာတို့ မှာ ဗုံးဖောက်လို့ မရတော့ဘူးလေ အခုတိုင်းရင်း

သားလက်နက်ရှိတော့ လွဲချစရာရှိတယ်လေ အဖြည့်ခံ ဘဘ သိန်းစိန်

ပိုးစားနေတဲ့ နှင်းဆီပန်းကို ကာကွယ် ဆူးအဖြစ် ကာကွယ်ရှာတယ်

အော် ဗမာတို့ ရုပ်သေးရုပ်က ဆိုတာ ရိုးရာအကတခုပါတကား မမြင်နိင်

တဲ့ အမှောင်ကွယ်ရာ က လူ/ဘီလူး ဆွဲရာ ၂၀၀၈ အခြေခံဖွဲ့ စည်းပုံကို

ဖြည့်တင်းရှာတယ် ကျွတ်ကျွတ် ဆက်ကဆက်ကချွေးမထွက် မမောတတ်

ကျေနပ်မိနေတရှာတယ် လူအများရဲ့ အကြည့်ကို ပါးစပ်ရှိသော်လည်း

နောက်ကွယ်က စကားသံသာကြားနေရပါတကား

Post a Comment