ချစ်တဲ့သူရယ်- ဒို့နှစ်ဦးရဲ့ဝန်းကျင်မှာ၊
မငြိမ်းချမ်းတော့မသာယာ။
ဘယ်သူ့ကို အပြစ်တင်ရမှာလဲ
ဘယ်သူ အပြစ်ဝန်ခံမှာလဲ
ဝန်ခံစရာ ကောင်းနေပြီ။
ဝန်ခံတတ်ဖို့လိုနေပြီ။
ချစ်ရသူကိုကိုရယ်- အပြစ်ဝန်ခံနှိုင်တဲ့စွမ်းရည်၊
သတ္တိရှိမှ ဖြစ်တာလေ-။
အမှန် ဝန်ခံတတ်တယ်ဆိုရင်၊
အကောင်းဘက်သို့ရှေ့ရှုပြင်၊
အမှားကို အမှန်ပြင်တော့၊
ငြိမ်းချမ်းရေးတိုးတက် တာပေါ့။
ချစ်ရတဲ့သူရယ် - ဒါပေမယ့်လေ…….
စစ်ဘုရင်ဟစ်တလာ
တကမ္ဘာလုံးကို သိမ်းပိုက်ကာ၊
လက်ဝါးကြီးအုပ်ချုပ် သွားနှိုင်အောင်၊
ဂျာမန်တပ်မတော်ကို ဦးဆောင်။
မလိုက်နာလိုတဲ့ ရဲဘော်များ-
စစ်မတိုက်လိုသူ ရှိသော်ငြား၊
ဟစ်တလာကို မလွန်ဆန်နိုင်၊
ဟစ်တလာ ဆူဆိုက်လုပ်သည့်တိုင်၊
သည်းခံခဲ့ကြရှာတယ်ကွယ်။
ချစ်တဲ့ကိုကိုရယ် - ဒါလောက်လည်း စိတ်မပျက်နဲ့လေ-
ယနေ့ဤအခါ ဤအချိန်၊
မြန်မာ့ခေါင်းဆောင်ကြီးများငြိမ်၊
ခေတ်မှီတိုးတက် အမြင်နဲ့
စပြီးဦးဆောင်နေပြီကွဲ့။
လူတကာလြူတကာအမြင်၊
တိုင်းပြည်ငြိမ်းချမ်းတော့မယ်ထင်၊
ပြည်တွင်းစစ် အမြန်သိမ်း၊
ငြိမ်းချမ်းရေးဘက် အမြင်ယိမ်းနေကြပြီလေ။
ဒါပေါ့ချစ်သူရယ် - အချိန်တိုအတွင်းမှာ၊
မျှော်လင့်ချက်တွေတိုးတက်လာ၊
နှိုင်ငံသား အားလုံးတာဝန်၊
ပြည်သူအများ- ဒို့ပါဝင်
ပြည်သူ့အသိစိတ်ဓါတ်-မွေးလို့ထား၊
တာဝန်ကိုယ်စီ ထမ်းကြမယ် မဟုတ်လား?
အိုကွယ် - သိပ်ဟုတ် တာပေါ့ချစ်ကိုရယ်-
အဲဒါမှ ဒို့ငြိမ်းချမ်းမယ်။
ငြိမ်းချမ်းမယ် ဆိုတာလည်း၊
စစ်မှန်ငြိမ်းချမ်းမှဘဲ။
ဒို့တိုင်းပြည်တိုးတက် မှာလေ…..
ကမ္ဘာက အသိအမှတ်လည်းပြုမယ်။
ဂုဏ်လည်းတက်- မျက်နှာလည်းမပျက်ဘူးပေါ့ကွယ်။
ချစ်သူရယ် - ဒို့ပြည်ထောင်ငြိမ်းချမ်းတော့
ဒို့လည်းသာယာမှာပေါ့။
ဒို့နှစ်ဦး မင်္ဂလာဆောင်
ရင်သွေးများများ - ဖွားရအောင်နော်။
ချစ်လွန်းသူကိုကိုရယ်-ပြောဖို့လိုသေးလားကွယ်-
ရင်သွေးများများမွေးဖွားဖို့
အများကြီးလိုအပ်တာပေါ့လို့-
စစ်တွင်းမှာ- အာဇာနည်ဖြစ်သွားရှာတဲ့၊
လူဦးရေအစားထိုးရမယ်ကွဲ့။
အိမ်ထောင်တိုင်းရဲ့ သမိုင်းပေးတာဝန်၊
လစ်ဟင်းလို့ - မဖြစ်ဘူးပေါ့ချစ်သူရယ်-။
မနောမြေ-စိန်
မငြိမ်းချမ်းတော့မသာယာ။
ဘယ်သူ့ကို အပြစ်တင်ရမှာလဲ
ဘယ်သူ အပြစ်ဝန်ခံမှာလဲ
ဝန်ခံစရာ ကောင်းနေပြီ။
ဝန်ခံတတ်ဖို့လိုနေပြီ။
ချစ်ရသူကိုကိုရယ်- အပြစ်ဝန်ခံနှိုင်တဲ့စွမ်းရည်၊
သတ္တိရှိမှ ဖြစ်တာလေ-။
အမှန် ဝန်ခံတတ်တယ်ဆိုရင်၊
အကောင်းဘက်သို့ရှေ့ရှုပြင်၊
အမှားကို အမှန်ပြင်တော့၊
ငြိမ်းချမ်းရေးတိုးတက် တာပေါ့။
ချစ်ရတဲ့သူရယ် - ဒါပေမယ့်လေ…….
စစ်ဘုရင်ဟစ်တလာ
တကမ္ဘာလုံးကို သိမ်းပိုက်ကာ၊
လက်ဝါးကြီးအုပ်ချုပ် သွားနှိုင်အောင်၊
ဂျာမန်တပ်မတော်ကို ဦးဆောင်။
မလိုက်နာလိုတဲ့ ရဲဘော်များ-
စစ်မတိုက်လိုသူ ရှိသော်ငြား၊
ဟစ်တလာကို မလွန်ဆန်နိုင်၊
ဟစ်တလာ ဆူဆိုက်လုပ်သည့်တိုင်၊
သည်းခံခဲ့ကြရှာတယ်ကွယ်။
ချစ်တဲ့ကိုကိုရယ် - ဒါလောက်လည်း စိတ်မပျက်နဲ့လေ-
ယနေ့ဤအခါ ဤအချိန်၊
မြန်မာ့ခေါင်းဆောင်ကြီးများငြိမ်၊
ခေတ်မှီတိုးတက် အမြင်နဲ့
စပြီးဦးဆောင်နေပြီကွဲ့။
လူတကာလြူတကာအမြင်၊
တိုင်းပြည်ငြိမ်းချမ်းတော့မယ်ထင်၊
ပြည်တွင်းစစ် အမြန်သိမ်း၊
ငြိမ်းချမ်းရေးဘက် အမြင်ယိမ်းနေကြပြီလေ။
ဒါပေါ့ချစ်သူရယ် - အချိန်တိုအတွင်းမှာ၊
မျှော်လင့်ချက်တွေတိုးတက်လာ၊
နှိုင်ငံသား အားလုံးတာဝန်၊
ပြည်သူအများ- ဒို့ပါဝင်
ပြည်သူ့အသိစိတ်ဓါတ်-မွေးလို့ထား၊
တာဝန်ကိုယ်စီ ထမ်းကြမယ် မဟုတ်လား?
အိုကွယ် - သိပ်ဟုတ် တာပေါ့ချစ်ကိုရယ်-
အဲဒါမှ ဒို့ငြိမ်းချမ်းမယ်။
ငြိမ်းချမ်းမယ် ဆိုတာလည်း၊
စစ်မှန်ငြိမ်းချမ်းမှဘဲ။
ဒို့တိုင်းပြည်တိုးတက် မှာလေ…..
ကမ္ဘာက အသိအမှတ်လည်းပြုမယ်။
ဂုဏ်လည်းတက်- မျက်နှာလည်းမပျက်ဘူးပေါ့ကွယ်။
ချစ်သူရယ် - ဒို့ပြည်ထောင်ငြိမ်းချမ်းတော့
ဒို့လည်းသာယာမှာပေါ့။
ဒို့နှစ်ဦး မင်္ဂလာဆောင်
ရင်သွေးများများ - ဖွားရအောင်နော်။
ချစ်လွန်းသူကိုကိုရယ်-ပြောဖို့လိုသေးလားကွယ်-
ရင်သွေးများများမွေးဖွားဖို့
အများကြီးလိုအပ်တာပေါ့လို့-
စစ်တွင်းမှာ- အာဇာနည်ဖြစ်သွားရှာတဲ့၊
လူဦးရေအစားထိုးရမယ်ကွဲ့။
အိမ်ထောင်တိုင်းရဲ့ သမိုင်းပေးတာဝန်၊
လစ်ဟင်းလို့ - မဖြစ်ဘူးပေါ့ချစ်သူရယ်-။
မနောမြေ-စိန်
0 comments:
Post a Comment