Slideshow Image 2

မုံဂျီဈေးအနီးတွင် တိုက်ပွဲဖြစ် ဗမာစစ်သား (၂) ဦးကျ

အောက်တိုဘာ (၃၀) အင်္ဂါ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေတပ်မဟာ (၄) အုပ်ချုပ်နယ်မြေဖြစ်သော မုံဂျီးဈေးအနီးတွင် ဗမာအစိုးရ၏ ဆင်လီတပ်၊ ကွတ်ခိုင်တပ်များနှင့် အောက်တိုဘာ (၂၉) ရက်နေ့ ညနေပိုင်း (၄း၃၀) နာရီခန့်အချိန်တွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ ပါသည်။ ဤစစ်ပွဲတွင် ဗမာအစိုးရတပ်ဘက်မှ (၂) ဦးသေဆုံးပြီး၊ (၃) ဦးဒဏ်ရာရရှိခဲ့ကြောင်း ဆက်လက် သိရှိရပါသည်။ ကေအိုင်အိုအစိုးရနှင့် ဗမာအစိုးရတို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန်ကြိုးစားချိန် လုံခြုံရေးကို အကြောင်းပြပြီး ကေအိုင်အေ ထိန်းချုပ်နယ်မြေများသို့ စစ်အင်းအား၊ လက်နက်အင်အားများ ပို့ဆောင်လျက်ရှိကြောင်း၊ ကေအိုင်အေဘက်မှလည်း ဗမာအစိုးရ၏ စိတ်ရင်းကို သိရှိပြီးဖြစ်သောကြောင့် စစ်တပ်များကို အဆင်သင့်ပြင်ဆင်ထားကြောင်း စုံစမ်းသိရှိရပါသည်။

0 comments:

Post a Comment