Slideshow Image 2

ဆွမ်ပရာဘွမ်လမ်း မိုင်တိုင် (၅၆) တွင်တိုက်ပွဲဖြစ်ပွား

နိုဝင်ဘာ (၁၃) အင်္ဂါ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) အုပ်ချုပ်နယ်မြေဖြစ်သော မြစ်ကြီးနား - ဆွမ်ပရာဘွမ်လမ်းပိုင်း မိုင်တိုင်အမှတ် (၅၆) ၀မ်ယန်ကျေးရွာနှင့် ကရန်ကျေးရွာကြားတွင် နိုင်ဝင်ဘာ (၁၂) ရက်နေ့ မနက် (၁၀း၄၀) နာရီခန့်တွင် ဗမာအစိုးရ၏ တပ်မ (၃၃) မှ စစ်ကြောင်းကို ကေအိုင်အေ အမှတ် (၁၀၁) တပ်ရင်းမှ မျိုးချစ်ရဲဘော်များ ခုခံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရစစ်တပ်များသည် မြစ်ကြီးနား - ဆွမ်ပရာဘွမ်း ကားလမ်းပြင်ဆင်ရန် အကြောင်းပြပြီး ဆွမ်ပရာဘွမ်ဒေသသို့ စစ်အင်းအား (၁၀၀၀) ကျော်နှင့် လက်နက်ကြီးများသယ်ဆောင်လာခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။ ဤသို့ ကေအိုင်အေမျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်တို့တိုက်ပွဲ ဖြစ်ပွားရာ ဗမာအစိုးရ စစ်တပ်ဘက်မှ ရဲဘော် (၄) ဦးသေဆုံးပြီး၊ (၃) ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဆက်လက်သတင်းရရှိပါသည်။

(4) Burmese soldiers killed and (3) wounded seriously in (56) miles which is between Wang Yang and Karan village, under KIA (1st) Brigade area, on 12 November, according to the KIA front-line officer report. There was a battle between KIA (101) battalion and Burmese (33) division at 10:40 on that day, the Burmese army made as reason to repair the Myitkyina – Sumprabum road, but actually, there were more than 1000 soldiers and carried heavy artillery weapons. Thus, KIA (101) battalions opened fire to prevent the region.

0 comments:

Post a Comment