Slideshow Image 2

နယ်ဖြားစောင့်တပ် အရာခံဗိုလ် တစ်ဦးကျ

ဒီဇင်ဘာ (၁၃) ကြာသာပတေး
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) အုပ်ချုပ်နယ်မြေဖြစ်သော ပန်ဝါဒေသ၊ ကေအိုင်အေ တပ်ရင်း (၃၃) ဒေသ ကချင်ပြည်နှင့် တရုတ်ပြည် နယ်ခြားမှတ်တိုင် (၆) အနီးတ၀ိုက်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာစစ်တပ်တို့ကြား ဒီဇင်ဘာ (၁၂) ရက်နေ့ တိုက်ပွဲဖြစ်ပွားရာ နယ်ခြားစောင့်တပ်မှ အရာခံဗိုလ် ယိန်းကျန်း တိုက်ပွဲတွင် ကျဆုံးသွားကြောင်း သတင်းရရှိပါသည်။ တိုက်ပွဲတွင် ဒဏ်ရာပြင်းထန်စွာရရှိပြီး ပန်ဝါဆေးရုံသို့ရောက်ရှိလာသော ဗမာစစ်သား (၃) ဦးလည်း ဒီဇင်ဘာ (၁၂) ရက်နေ့တွင် သေးဆုံးသွားကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာစစ်တပ်များသည် နေ့စဉ်ရက်ဆက် ပန်ဝါဒေသတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment