Slideshow Image 2

ဗမာအစိုးရ စစ်ရဟတ်ယာဉ်မှ ဗမာစစ်တပ်သို့ မှားယွင်းပစ်ခတ်

ဒီဇင်ဘာ (၅) ဗုဒ္ဓဟူး
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) အုပ်ချုပ်နယ်မြေဖြစ်သော ပန်ဝါဒေသ   အင်ဒီအေကေ ဗျူဟာကုန်း (၁၀၀၂) တပ်တပ်သို့ ဗမာအစိုးရမှ စစ်ရဟတ်ယာဉ် (၇) စီးဖြင့် (၉) ကြီးတိုင် လက်နက်၊ ခဲယမ်းများ၊ စစ်အင်အားများ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ ဤဗမာအစိုးရ စစ်ရဟတ်ယာဉ်များသည် ကချင်ပြည်နှင့် တရုတ်ပြည်နယ်ခြားမှတ်တိုင် (၅) ဘက်သို့ ထိုးစစ်ဆင်လာသော ဗမာအစိုးရ စစ်တပ် စစ်ကြောင်းများကို ကေအိုင်အေ များထင်မှတ်ကာ ဝေဟင်မှ မြေပြင်ပစ် ဒုံးလက်နက်များဖြင့် မှားယွင်းပစ်ခတ်ခဲ့ကြောင်း၊ ဤသို့ မှားယွင်းပစ်ခတ်မှုကြောင့် ဗမာအစိုးရ စစ်တပ်မှ စစ်ဗိုလ်တစ်ဦးနှင့် စစ်သား အများအပြားသေဆုံး၊ ဒဏ်ရာရရှိကြောင်း ဆက်လက် သတင်းရရှိပါသည်။ ဗမာအစိုးရစစ်တပ်များသည် ရှေ့တန်းစစ်မျက်နှာပြင်သို့ တပ်အင်းအား အများအပြား ပို့ဆောင်ထားမှုကြောင့် မကြာခဏ အချင်းချင်းမှားယွင်း ပစ်ခတ်မှုများဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါသည်။ ကေအိုင်အေ မျိုးချစ်ရဲဘော်များအား ရည်ရွယ်ကာ လာရောက်ပစ်ခတ်ခြင်းဖြစ်သော်လည်း အချင်းချင်းပစ်ခတ်သွားပြီး ကေအိုင်အေမျိုးချစ်ရဲဘော်များဘက်မှ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိသောကြောင့် ကေအိုင်အေမျိုးချစ်ရဲဘော်များမှ ဘုရားရှင်ကို ကျေးဇူးတင် ချီးမွမ်းလျက်ရှိကြောင်း ဆက်လက် သိရှိရပါသည်။

6 comments:

Anonymous said...

ဘုရားသခင်ရဲ့ကရုဏာတော်ကြီးလှပါပေတယ်

Anonymous said...

Anhte myusha yawng kyu hpyi ga. Gumlau wa hpe hpaji jaw I ni hpe mung, a-ngawk I hku jaw na matu mung, shawng lam de rai nga ai ni hpe mung myi le le shangun ya na matu K. K kaw aja awa akyu hpyi ga law.... Yawng a ntsa K. K bau sin makawp maga chyeju jaw ya u ga...

Anonymous said...

Anhte myusha ni asak hkrung ai K.K hpe nawku ai myusha re hpe K.K hpe ja ja jahtau ga.Wut tawng hpe nawku ai ni man hta anhte nmai hkrat sum ai lam ja ja jahtau nga ga.anhte mung dan lu mayu sai lam ja ja jahtau nga ga.anhte hkrat sum mat yang Wut Tawng hpe nawku ai ni man hta asak hkrung ai K.K a lam sasana nmai kalaw mat sana ra ai ngu na hpyi jahtau nga ga.Moi sara Yudatan myen hpe shawng sasana sa wa yu sai rai tim shan hte nhkap la ai yu bak nga ai lam mung K.K kaw ja ja jahtau deng let kyuhpyi ga law...

Anonymous said...

ဒီလိုတော့ မကြားပါဖူး ကျနော်တို့ ကသတင်း
ကိုအမှန်အတိုင်းသိချင်တာပါ သတင်းဌာနရေ့ 
ဘက်မလိုက်ဘဲ အမှန်အတိုင်း တင်ပေးပါ အား
ပေးနေပါတယ်

Anonymous said...

K.K a chye ju re yawng kyu hpyi ding yang re nga ga.

Anonymous said...

Kabu kara shiga nan re.

Post a Comment