Slideshow Image 2

ဘွမ်တောင် စခန်းတွင် ဗမာစစ်သား (၁၀) ဦးကျေသေဆုံး

ဒီဇင်ဘာ (၁၈) အင်္ဂါ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) လက်အောက် ကေအိုင်အေ တပ်ရင်း (၃) ဒေသ ကန်ပိုင်တီ သွားလမ်း၊ အရင် ကေအိုင်အေ တပ်စခန်းဖြစ်ပြီး ဗမာစစ်အစိုးရ စစ်တပ်မှ သိမ်းပိုက်ယူထားသော ဘွမ်တောင်စခန်းတွင် ဒီဇင်ဘာ (၁၈) ရက်နေ့ မနက် (၆း၅၀) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ စစ်တပ်မှ ဤဘွမ်တောင်တွင် ဂိတ်စခန်း ဖွင့်လှစ်ကာ ခရီးသွားပြည်သူများထံမှ မတရား ငွေကြေးကောက်ခံသော နေရာဖြစ်ပြီး၊ ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ အဝေးထိန်း မိုင်းဖြင့် သွားရောက် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ ဂိတ်စခန်းနှင့်အတူ ဗမာစစ်သား (၃) ဦး တစ်စစီပေါက်ခွဲသွားကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ ဗမာဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ရာ စစ်ကူရောက်လာသော ဗမာစစ်တပ်နှင့် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ကေအိုင်အေမျိုးချစ်ရဲဘော်များမှ မိုင်းများနှင့် ကေအိုင်အေလုပ် KRL လက်နက်များဖြင့် တိုက်ခိုက်ခဲ့ရာ ဗာမာစစ်သား (၁၀) ဦးကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိ ပါသည်။ ဒဏ်ရာရရှိသော ဗမာစစ်သားများကို ဒိုင်နာကားဖြင့် လာရောက်တင်ဆောင်သွားခဲ့ကြောင်း ကိုလည်း ဆက်လက် သိရှိရပါသည်။

There was a battle between KIA troops and Burmese military army in Bum Tawng post, it is the way to Kanpaiti and under KIA (5th) Brigade area, and which has been taken by Burmese Government army from KIA and it is on, at 06:50 AM 18th December according to the KIA front line officer report. Actually, Burmese army has taken money forcefully from the innocent traveler from that post, thus KIA exploded using with remote controlled mine and (3) Burmese soldiers killed in that explosion. Moreover, KIA opened fire again with Burmese army which was aimed to help at Bum Tawng event, KIA soldiers used and fired with KIA’s made KRL weapons, at least (10) Burmese soldiers were died  and many soldiers were injured  in that battle and wounded soldiers were carried with Dinar car.

19 comments:

နတ်ဆိုး said...

ဟုတ်လို့လား။

Anonymous said...

ဟုတ်ရဲ့ လားးးးးးးးးးးးးးးးး ဟုတ်ရဲ့ လားးးးးးးးးးးး

Anonymous said...

ဗမာတွေဘဲသေနေတယ် ကချင်တေက မသေဆေးများစားထားသလားမသိဘူးနော်

Anonymous said...

ဟုတ် လောက် တယ် ဆေး ကောင်း ရှိ လောက် တယ်

Anonymous said...

ဗမာစစ်သားတွေဘဲသေနေတာ မှန်တာပေါ့ကွာ.. မယုံမရှိနဲ့ ... ခင်ဗျားပြောသလို ကချင်တွေက မသေဆေးစားထား တာလဲမဟုတ်ဘူး.. ခံယူချက် မတူလို့ပါ.. ခံယူချက်မတူတော့ စိတ်ဓါတ်ပိုင်းလည်း မတူနိုင်ပါ.. ဆိုလိုချင်တာက ဗမာစစ်သားတွေက ပန်းတိုင်က ဇဝေဇ၀ါ/မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ အထက်အမိန့်ကြောင့် သွားတိုက်ရတာ.. စိတ်ဓါတ်ကကျနေပြီ၊ ကချင်တွေက ကိုယ့်မြေ ကိုယ့်ဒေသကို ကာကွယ်လိုစိတ်အပြည့်နဲ့ ဆုံးရှုံးနေတဲ့ကိုယ့်ရဲ့ မူလရပိုင်ခွင့်တွေ ရယူမှ ဖြစ်မယ်ဆိုတဲ့ တိကျသေချာသော ပန်းတိုင်ဆီ သွားနေတယ်လို့ ခံယူချက်အပြည့် စစ်တိုက်တော့ အောင်ပွဲတွေရနေတာပါ...

Anonymous said...

ဗမာစစ်သားတွေဘဲသေနေတာ မှန်တာပေါ့ကွာ.. မယုံမရှိနဲ့ ... ခင်ဗျားပြောသလို ကချင်တွေက မသေဆေးစားထား တာလဲမဟုတ်ဘူး.. ခံယူချက် မတူလို့ပါ.. ခံယူချက်မတူတော့ စိတ်ဓါတ်ပိုင်းလည်း မတူနိုင်ပါ.. ဆိုလိုချင်တာက ဗမာစစ်သားတွေက ပန်းတိုင်က ဇဝေဇ၀ါ/မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ အထက်အမိန့်ကြောင့် သွားတိုက်ရတာ.. စိတ်ဓါတ်ကကျနေပြီ၊ ကချင်တွေက ကိုယ့်မြေ ကိုယ့်ဒေသကို ကာကွယ်လိုစိတ်အပြည့်နဲ့ ဆုံးရှုံးနေတဲ့ကိုယ့်ရဲ့ မူလရပိုင်ခွင့်တွေ ရယူမှ ဖြစ်မယ်ဆိုတဲ့ တိကျသေချာသော ပန်းတိုင်ဆီ သွားနေတယ်လို့ ခံယူချက်အပြည့် စစ်တိုက်တော့ အောင်ပွဲတွေရနေတာပါ...

Anonymous said...

ဗမာပဲသေတာမယုံဘူးဆိုရင်ခင်ဗျားကိုယ်တိုင်တပ်ထဲဝင်ပြီးလာတိုက်ကြည့်ပေါ့ကွာ။ခင်ဗျားတို့ကပါးစပ်ပဲရှိတာပါ။တကယ်အဖြစ်ရှိကြတဲ့ကောင်တွေမဟုတ်ပါဘူး။

Anonymous said...

ဟိုအပေါ်ကသူငယ်ချင်းများရဲ့အမျိုးတွေပါနေအုန်းမယ်သတိလေးပါလေးပေးလိုက်ကြပါကွာသနားပါတယ်ကွာ

Anonymous said...

ဘယါ လောက် ထိ ဒါ မျိုး ရေး နိုင် မ လဲ ကြည့် ရ သေး တာ ပေါ့ လေ ။

Anonymous said...

အတူတူဘဲ နှစ်ဖက်စလုံးကစစ်သားတွေကောက်စားနေကြတာ။(....?....) စားစရာမှမရှိတာ

Anonymous said...

ကချင်မြေက လှပြီး သယံဇာတပေါတယ်..တိုးတက်အောင်လုပ်ကြပါ.. ကချင်ပြည်သူသားတွေကို ငဲ့ငြာပေးပါ..

Anonymous said...

ဆွီဒင်လုပ် တင့်ကားပစ် လက်နက်အကြောင်းပြောပြပါလား...ဘယ်သူရောင်းတာလဲ

Anonymous said...

ကချင်ကဘယ်သေမလဲ.. ဟူစိန်ဘော့ ထက်အပြေးသန်တာ..ပစ်ပြေးလေ

Anonymous said...

့ဒါဆို နင်ဒို့က ကိုယ်ပစ် ကိုယ်ခံပေါ့......

GOLD FINGER said...

ချီးစားပြီပြောတောင် ကြိုက်လို့မှတ်မယ် မင်းတို့KIA ရဲ့ခံယူချက် ယုံကြည်ချက် စစ်သားတွေ ခံယူချက်မကောင်းတာမဟုတ်ဘူး အမိန့် နာခံနေတာ သတ္တိ မရှိလို့ ရှေ့ကမတိုက်တာပေါ့ ခိုးပြီးမိုင်းခွဲတိုက် တာ ကkia KIA ကိုအပြိးချေမှုန်တော့ လို့သမ္မတကြီး အမိန့်ပေးကြည့် စစ်သားတွေရဲ့ အရည်အချင်းခံယူချက် ပြကြလိမ့်မယ် ပြန်စမ်းစစ်ကြည့် kiaတွေ KNUလောက်မာရဲ့လား လို့ ဗူးသီးလည်ပင်းလို သောင်းရင်းမြစ်ကပတ်ပြီးထိုင်းကို အကာအကွယ်ယူ ထားတဲ့ KNUစခန်းတွေတောင် ကျအောင်ဆော်ခဲ့တာ kiaလောက်တော့ သမ္မတကြီး အမိန့်မပေးပါစေနဲ့လို့ ဆုတောင်းထား

Anonymous said...

မတရားငွေကြေးကောက်ခံနေတယ်တဲ့ကွယ်။မကန နဲ့ဖားကန့်လမ်းမှာkiaများကောက်တဲ့ပိုက်ဆံကတော့kiaများငတ်ပြီးမသေရအောင်ကောက်တဲ့ပိုက်ဆံဖြစ်ပါတယ်။ညနက်လျှင်ကချင်လေးယောက်လောက်စုဓားကိုင်ပြီးလူသိပ်မရှိတဲ့နေရာမှာပိုက်ဆံလုကြသေးတာ။အရက်လေးကလည်းသောက်ထားသေး။သူငယ်ချင်းတို့ရေပြောပြဦးမယ်။ဖားကန့်လမ်းကြောင်းပေါ်မှာလေခရီးသွားတစ်ယောက်ဆီကနေkiaက S3 handsetကိုသိမ်းယူသွားတယ်ကွဲ့။နာမည်မပြောတော့ဘူးနော်။တေ

Anonymous said...

ကဲ ပြောစရာတွေတော့များလွန်းလို့။ငါ့ကိုဆက်ပြီးဝေဖန်လေကန်မည့်သူတောင်းစားkiaဘက်တော်သားများအားဆောက်ဂရုမစိုက်ပါ

Anonymous said...

ရ လို မှု အ တော် များ တဲ့ကောင် တွေ ဘဲ။လို ရင် လု ဒမြ တိုက် တဲ့ အလုပ် ကသူတို့ အလုပ်ဘဲ။kia ကို အပြတ် ရှင်း မှ အေး မယ်။

Unknown said...

ဘယ်သူမပြုမိမိမှု တဲ့ကိုယ်လုပ်တဲ့ကံ ကို့ထံပြန်တယ်မှတ်ပါ။

Post a Comment