Slideshow Image 2

သူတို့ အခေါ်

ဗမာ လက်နက်ကိုင်ရင် အစိုးရတဲ့။ ကချင်တွေ လက်နက်ကိုင်ရင် သူပုန်တဲ့။

ကချင်တွေကို သူပုန်လို့ ခေါ်တာ ရှမ်းလဲ မဟုတ်၊ ရခိုင်လဲ မဟုတ်၊ ချင်းလဲ မဟုတ်၊ ကယားလဲ မဟုတ်၊ ကရင်လဲ မဟုတ်၊ ဗမာ စစ်တပ်သာ ဖြစ်တယ်။

အဆိုပါ တိုင်းရင်းသားတွေ မပြောဘူးလို့ ဆိုလိုခြင်းဟာ ဗမာ စစ်တပ် လက်အောက်ခံ လက်ကိုင်တုတ် (သို့) အတင်းအကျပ်ပြောခိုင်းတဲ့ တိုင်းရင်းသားများကို မဆိုလိုပါ။ စစ်မှန်တဲ့ တိုင်းရင်းသား နိုင်ငံရေး သမားတိုင်း ဘယ်တော့မှ ကချင်တွေကို သူပုန်လို့ မသတ်မှတ်ပါ။

ဗမာ စစ်တပ်နဲ့ အပေါင်းအပါများဟာ သူတို့ကိုယ် သူတို့ တရားတဲ့ စစ်တိုက်တယ် ဆိုပြီး ဗမာ အင်ပါယာကို တရားဝင် ဖြစ်အောင် လုပ်ဖို့ ကြိုးစားနေခြင်းသာ ဖြစ်ပါတယ်။

ဗမာ စစ်တပ်ဟာ ဗမာ မဟုတ်တဲ့ တိုင်းရင်းသား ပြည်သူတွေ ထောက်ခံထားခြင်း မဟုတ်သလို၊ ကချင်စစ်တပ်ဟာလဲ ဗမာ ပြည်သူတွေ မထောက်ခံတာ အဆန်းတော့မဟုတ်။ သို့သော် ကျန်တိုင်းရင်းသားများ ထောက်ခံတယ်။

ပြည်သူ့ တပ်မတော်ဆိုတာ အဆိုပါ လူမျိုးနဲ့ပဲ ဆိုင်တယ်၊ ဆိုရင် ကေအိုင်အေ စစ်တပ်ဟာလဲ ကချင်ပြည်ရဲ့ တရားဝင် စစ်တပ် ဖြစ်တယ်။

ဒူဝါကချင်

19 comments:

Anonymous said...

အင်း....မျှတပါတယ်...

Anonymous said...

ကချင်စစ်တပ်ကြီးက ကချင်လူမျိုးကို မကာကွယ်ပဲ ဘာလို့ ကချင်လူမျိုးတွေ နေ့တိုင်း အေးအေးချမ်းချမ်းတဲ့ သွားလာ လုပ်ကိုင်စားသောက်နိုင်အောင် အစိုးရက စေတနာနဲ့ တည်ဆောက်ပေးထားတဲ့ ရထားလမ်းကို ဘာလို့ မိုင်းထောင်ပြီး ဖျက်စီးရတာလဲ ။ တံတားတွေ ဘာလို့ ဖျက်စီးရတာလဲ ။ဗျူဟာအရဆိုရင်လည်း ပြည်သူတွေကို မငှဲ့ပဲ မိမိတို့ သူပုန်တပ် မှောင်ခိုကောင်းစွာ လုပ်ကိုင်နိုင်ဖို့ ဓါးမြကောင်းစွာ တိုက်နိုင်ဖို့ ကိုပဲ ဦးစားပေးရတာလဲ ။ အလင်းဝင်ပါ ။ ကချင် ဗမာ ရှမ်း မခွဲခြားပါနဲ့ ငါတို့ ပြည်ထောင်စု စည်းစည်းလုံးလုံးရှိပါစေ ။အစိုးရက ခွဲခြားအုပ်ချူပ်မယ်ဆိုရင်လည်း ကချင်ပြည်နုယ်မှာ ဆေးရုံးတွေ ၊ လမ်းတွေ ဈေးတွေ ၊ လေယာဉ်ကွင်းတွေ ၊ တံတားတွေ ဆောက်ပေးစရာ အကြောင်းမရှိဘူး ။
တိုင်းပြည်တစ်ပြည်လုံး တိုးတတ်ဖို့ လုပ်နေတာ ။ တစ်ပြည်လုံးကို မကူညီချင်နေ ကချင်ပြည်နယ် တစ်ခုတည်းကိုပဲ ကူညီချင်တယ်ဆိုရင်တောင် နည်းပညာဖွံဖြို့းတိုးတတ်အောင်လုပ်၊ အတန်းပညာသင် ၊ ကြိုးစား ပြီးရင် စက်ရုံတွေ ဆောက် ဒါဆိုရင် မင်းတို့ကို အစိုးရကတင် မဟုတ်ဘူး ကမ္ဘာကပါ အသိမှတ်ပြုလိမ့်မယ်။ သေနတ်ပစ်တတ်ရုံ မိုင်းထောင်တတ်ရုံနဲ့တော့ မတိုးတက်ဘူး ။ အစိုးရဆိုတာလည်း ဗမာလူမျိုးပဲ အစိုးရဖြစ်ရမယ်လို့ မသတ်မှတ်ထားဘူး။ အားလုံးက လူမျိုးစွဲတွေ ဂိုဏ်စွဲတွေကို ဖျက်ပြီး ကြိုးစားရမယ် ။အမေရိကန်နိုင်ငံမှာတောင် ငါတို့လို့ လူမျိုးတူ မဟုတ်ဘူး။နိုင်ငံပေါင်းစုံကတွေ ။ အေး လူမဲ အုပ်ချူပ်နေလို့ လူဖြူတွေ ဆန္ဒမပြဘူး ။ လူဖြူ အုပ်ချူပ်နေလို့လဲ လူမဲတွေ မယုတ်မာဘူး ။ ညီညီညွတ်ညွတ်နဲ့ပဲ ။ တရားဥပဒေစိုးမိုးပြီး တိုးတတ်နေတယ် ။

Anonymous 2 said...

ဗမာစစ်တပ်ကြီးက ဗမာလူမျိုးကို မကာကွယ်ပဲ ဘာလို့ လူမျိုးအားလုံး နေ့တိုင်း အေးအေးချမ်းချမ်းတဲ့ သွားလာ လုပ်ကိုင်စားသောက်နိုင်အောင် တည်ဆောက်ထားတဲ့ ရထားလမ်းကို ဘာလို့ KIA နာမည်ခံပြီး မိုင်းထောင်ပြီး ဖျက်စီးရတာလဲ။ တံတားတွေ ဘာလို့ ဖျက်စီးရတာလဲ ။ KIA လို လိုအပ်လို့ခွဲတယ်လို့ ဗြောင်ပြောပါလား။

ခုတော့ ဘယ်သူ့မျက်နှာမှ မငှဲ့ပဲ မိမိတို့ ဗမာသူပုန်တပ်တွေ တစ်ပြည်လုံးမှာ မှောင်ခိုကောင်းစွာ လုပ်ကိုင်နိုင်ဖို့ ဓါးမြကောင်းစွာ တိုက်နိုင်ဖို့ ကိုပဲ ဦးစားပေးရတာလဲ ။ တိုင်းရင်းသား တပ်တွေဆီ အလင်းဝင်ပါ ။ ကချင် ဗမာ ရှမ်း မခွဲခြားပါနဲ့ ငါတို့ ပြည်ထောင်စု စည်းစည်းလုံးလုံးရှိပါစေ ။ KIA က ခွဲခြားအုပ်ချူပ်မယ်ဆိုရင်လည်း ကချင်ပြည်နုယ်မှာ ဆေးရုံးတွေ ၊ လမ်းတွေ ဈေးတွေ ၊ ဓါတ်အားပေး စက်ရုံတွေ ၊ တံတားတွေ ဆောက်ပေးစရာ အကြောင်းမရှိဘူး ။
ကိုယ့်ဒေသ တိုးတတ်ဖို့ လုပ်နေတာ ။ တစ်ပြည်လုံးကို ကူညီဖို့ မဖြစ်နိုင်ပေမယ့် ကချင်ပြည်နယ် တစ်ခုအတွက်တော့ ကြိုးစားနေတယ်။

ခုလည်း ကိုယ့်အားကိုယ်ကိုးပြီး နည်းပညာဖွံဖြို့းတိုးတတ်အောင်လုပ်၊ အတန်းပညာသင် ၊ ကြိုးစား ပြီးရင် စက်ရုံတွေ ဆောက်နေတယ်။ မင်းတို့ကို အစိုးရကလွဲရင် ကမ္ဘာက အသိမှတ်ပြုထားတယ်။ သေနတ်ပစ်တတ်ရုံ မိုင်းထောင်တတ်ရုံ မုဒိမ်းကျင့်တတ်ရုံ ဘုန်းကြီးသတ်တတ်ရုံနဲ့တော့ မတိုးတက်ဘူး ။ အစိုးရဆိုတာလည်း ကချင်လူမျိုးပဲ အစိုးရဖြစ်ရမယ်လို့ မသတ်မှတ်ထားဘူး။ အဓိက မင်းတို့ရဲ့ လူမျိုးစွဲတွေ ဂိုဏ်းစွဲတွေကို ဖျက်ပြီး ကြိုးစားရမယ်။

အမေရိကန်နိုင်ငံမှာတောင် နိုင်ငံပေါင်းစုံက စုနေကြတာ။ ဘာပြဿနာမှ မရှိဘူး ။ အေး လူမဲတွေ တရားမျှတအောင် အုပ်ချူပ်နေလို့ လူဖြူတွေ ဆန္ဒမပြဘူး ။ လူဖြူတွေလည်း အများဆန္ဒအရ တရားဥပဒေနဲ့အညီ အုပ်ချူပ်နေလို့လဲ လူမဲတွေ မယုတ်မာဘူး ။ ညီညီညွတ်ညွတ်နဲ့ပဲ ။ တရားဥပဒေစိုးမိုးပြီး တိုးတတ်နေတယ် ။ နောင်တရပါ ။

Anonymous said...

မိုင်းထောင်တယ်ဆိုတာက ကချင်လူမျိုးကို အမြစ်ပြတ် တိုက်ခိုက်ဖို့ စစ်အင်အား လက်နက်အင်အား စစ်တိုက် အားရှိဖို့ရိပ်ခါသည်တင်လို့ မှိုင်းခွဲတာနေမှာပေါ့ လေယာဉ် ကွင်း ဆေးရုံ ကျောင်းကဆောက်ရမှာက အစိုးရတာဝန် ဘဲ ကချင်ပြည်က သယံစာတ ကျောက်မျက်ရတနာ အဲ ဒီလောက်ရောင်းစားထားတာ အဲဒါတောင်မဆောက်နိုင် ရင်ဘာလုပ်မလဲ ဗမာစစ်အစိုးရက ပါးစပ်တာမပြောဘူး စိတ်ထဲမှာ လူမျိုးသတ်ဖြတ်ချင်တဲ့ စိတ်ဓါတ်ရှိတယ် စိတ်မရှိရင် ဘာဖြစ်လို့ကချင်ပြည်သူသည်ကို နှိပ်စစ်ရတာ လည်း ကချင်စစ်သားက ဗမာကိုလည်းမနှိပ်စက်ဘူး ကရင် ချင်း ကယား ဘယ်လူမျိုးကိုမှ သတ်ဖြတ်နှပ်စစ် ခြင်းမရှိဘူး ဒီအကြောင်းကို ဗမာလူမျိုးကိုတောင်သွားမေး ကြည့်ပါ ဗမာစစ်သားနှင့်ကချင်စစ်သားက ဘယ်စစ်သား ကိုပိုချစ်လည်းလို့မေးကြည့်ပါ အမှန်တရားဖြေလိမ့်မယ် အမေရိကန်က လူမည်းအုပ်ချူပ်သော်လည်း လူမျိုးမခွဲ ခြားဘဲနဲ့ အုပ်ချူပ်တဲ့ အတွက်ကြောင်း ဘာပြသနာမှမရှိ ဘူး ကောင်းကောင်းမှတ် မင်းမျက်စိစွေစောင်းတာ workshop မှသွားဖြောင့်လိုက်ပါအုံး

Anonymous said...

ငါတို့ က ဗမာ စစ်တပ် လဲ မချစ်ဘူး ကချင်စစ် တပ်လဲ မချစ် ဘူး မြန်မာစစ် တပ် ပဲ သဘော ကျတယ် ။ မင်း တို့ ကောင်တွေ ကသာ ကချင် ဗမာ ခွဲ ခြာတဲ့ လူမျိုး ကြီး စိတ်ဓာတ် ဝင် နေကြတာ ငါတို့ ဗမာတွေ က မင်းတို့ ကို ရန်သူလို့ လဲ သဘောမထားဘူး ။ ဗမာ ဆိုတာ ငါတို့ ကိုအမြဲ တမ်းနှိမ်နေတယ် သတ်ဖို့ ပဲ လုပ်နေတယ် ဆိုတဲ့ အတွေး အခေါ် ဖြစ်နေတဲ့ မင်းတို့ရဲ့ စိတ်ဓာတ် ကြောင့် မင်းတို့ ဒုက္ခ ရောက်နေတာ ။

Anonymous said...

အမေရေိကန် မှာ အင်ဒီးယန်း ပြင်သစ် ဂျပန်

စပိန် အင်္ဂလိပ် ဂျာမနီ လူမျိုးစုံ ရှိတယ် ။ ဒါပေ

မယ့် အမေရိကန်မှာ ပြင်သစ် စစ်တပ်

အင်ဒီးယန်းစစ်တပ် အင်္ဂလိပ်စစ်တပ် စပိန်

စစ်တပ်မရှိဘူး United State Army လို့ ခေါ်

တဲ့ အမေရိကန် တပ်မတော်ပဲ ရှိ တယ် ။ အဲဒီ

လူမျိုးစုတွေ က သူတို့ ဘာသာ သူတို့ ပြည်

ထောင်စုနိုင်ငံ သား အဖြစ်ခံယူ ချက်ရှိတယ် ။

ကချင်တွေ လို ကိုယ် အသုံးမကျ လို့ နေရာမ

ရ တာကို ဗမာတွေ က ငါတို့ ကိုနှိမ် နေတယ်

အမြဲ တမ်းသတ်ဖို့ လုပ်နေ တယ် ဆိုပြီး

အတွေးချော် ကိုယ်ပိုင် စစ်တပ် ဖွဲ့ ပြီး လူတွေ

လိုက်ဒုက္ခ ပေးနေတာမဟုတ်ဘူး ။ မင်းတို့

အမေရိကန် မှာ သွား လက်နက် ကိုင်ပြီး KIA

သွားလုပ်ကြည့် ပါလား Obama က ဖင်တောင်

လိုးလွတ် လိုက်မှာ ။ ပြောပြ ရင် ဒေါပွ နေကြ

အုံးမယ်

Anonymous said...

ချီးဘဲ အမေရိကန်နဲ့လာမနှိင်းနဲ့ အမေရိကန်စိတ်ဓါတ်နဲ့ဗမာစိတ်ဓါတ်မတူဘူး ဗေါင်လိမ်တတ်တဲ့ဗမာကို အယုံအကြည်မရှိဘူး မြန်မာ့တပ်မတော်ဆိုတာ ကချင်ဘယ်လောက်ပါ လို့လဲ ဗိုလ်ချုပ်ပိုင်းကချင်ပါသလား အဲဒီလိုဖြစ်အောင်အကွက်ကျကျစီစဉ်ခဲ့တာနှစ်ပေါင်း များစွာစီစဉ်ခဲ့ပြီးပြီ

Anonymous said...

အော် ဗမာတွေ...
ကိုယ့် လူမျိုးတွေ လယ်မဲ့ ယာမဲ့ နဲ့ ငတ်ပြတ် လာနေတာကိုတော့ မမြင်ကြဘူး...
နောက်ပြီး ဗမာတွေပါပဲ ဘုရားနဲ့ တစ်ဂိုဏ်းတည် ဆိုလားထားပြီး ရှိခိုးပူဇော် တဲ့ ဘုရားသားတော်ဆိုတဲ့ ဘုန်းကြီးးတွေကိုတော့ ရဲရဲဝံ့ဝံ့ သတ်ဖြတ်နေတာကို တော်တော် သဘောကျ ကြတယ်ထင်ပါ့...
အဲ အမျိုးယုတ်တစ်ကောင် နှစ်ကောင် ကြောင့် ဗမာလူမျိုးတွေ အားလုံး ပါနေဦးမေယ်... ပြောတော့ပါဘူး.....
ပြောလည်း နားလည်မဲ့ လူမျိုးတွေ မဟုတ်ပါဘူး....
ကိုယ်ကိုးကွယ်တဲ့ ဘုန်းကြီးကို ပြန်သတ်တဲ့ အမျိုးတွေကြီးကို

hkunman said...

Jinghpaw Kasa e...., COMMENT.. Ka ai Masha n-kaw Myi hpe yu yang..,Kaja wa.., Theinsin..,a-masha ni dat bang tawn ai zawn nga she kanga ma ai.., Dai re Majaw gaw..,Nang KIO..,KIA.. Myutsaw share shagan ni.., gara ram Ningtawn. ram ai Aungdang dip la lu ai lam hpe.,n-yet n-hprai ai shani shagu tang mara tik tik di nga u..,hkum sha yawm....,

Anonymous said...

အဲဒီ စိတ်ဓာတ် ကြောင့် ပဲမင်း တို့ ပြည်နယ် မတိုးတက်တာ ။ ဒီလိုစိတ် ဓာတ်မျိုး မင်းတို့ ထာနေသရွေ့ မင်းတို့ ဗမာ နဲ့ တင်မက ဘူး ဘယ်လူမျိုး နဲ့ မှ အဆင်ပြေ မှာ မဟုတ်ဘူး

Anonymous 2 said...

အဲဒီ ဗမာ စိတ်ဓာတ်တွေ ကြောင့် ပဲ တို့ တစ်နိုင် ငံလုံး မတိုးတက်တာ ။ ဒီလိုစိတ် ဓာတ်မျိုး မင်းတို့ ထားနေသရွေ့ မင်းတို့ ဗမာတွေ ဘယ်လူမျိုး နဲ့ မှ အဆင်ပြေ မှာ မဟုတ်ဘူး ။

Anonymous said...

ဥပဒေမဲ့လုပ်ရင် ဘုန်းကြီးဆိုလဲ အရေးယူ
ရမှာဘဲ ဒါကိုဘဲပြောမနေနဲ့ လေ
သင်းအုပ်ဆရာတွေ မတရားလုပ်ရင်ရော
မင်းတို့ ခံမှာလား ဘာသာရေးအကြောင်းတော့
မပြောချင်ပါဖူး ဒါကိုဘဲခလုတ်တိုက်နေလို့ 
ပြောရတာပါ

Anonymous said...

ဗမာ ဆိုတာ လဲ တိုင်းရင်း သား ပဲ ကချင် ဆို
တာလဲ တိုင်းရင်းသား ပဲ ။ မင်းတို့ ကချင်တွေ
ကိုဘယ်သူ မှ မဖိနှိပ်ဘူး ။ မင်းတို့ ဘာသာ လူ
မျိုး ရေး ခွဲ ခြား တဲ့ သံသယ စိတ်ဓာတ်တွေ နဲ့
အဆိပ်သင့် နေကြ တာ ။ မင်းတို့ သာတကယ်
လက်တွဲ ညီညီ နဲ့ အားလုံးပေါင်းပြီး ကြိုး စား
ရင် တိုင်းပြည် ပိုပြီးတော့တောင် တိုးတက် အုံး
မယ်။ မကြိုးစား ပဲ တောထဲမှာ သေနတ် ကိုင်ပြီး နေလို့ ကတော့ မင်းတို့ ကချင် တိုင်းရင်း သား မျိုး နွယ်စုက မြန်မာ နိုင်ငံ က တိုင်းရင်းသား တွေ ထဲမှာ အနိမ့် ကျဆုံး ဖြစ် လိမ့်မယ် ။ စစ်ဖြစ်တာ နှနှစ် ပြည့်တော့ မယ်။ ကိုယ့်လူမျိုး အခြေအနေ လဲ ကိုယ်ပြန် ကြည့် အုံး ။ သိပ်ပြီးတော့ စွတ်တင်မနေနဲ့ ။ မင်းတို့ ပြည်နယ် က လူတွေပဲ ဒုက္ခ ရောက်နေ ကြ တာ ။ ငါတို့ တခြားလူတွေ လဲ ပျော်နေတယ် ထင်လို့ လား

Anonymous said...

ဥပဒေ နဲ့မညီရင်တော့ဘာဖြစ်ဖြစ် လုပ်မှာပဲ သိပြီလား

Anonymous said...

ဥပဒေ နဲ့မညီရင်တော့ဘာဖြစ်ဖြစ် လုပ်မှာပဲ သိပြီလား

goodmind said...

အေးပါအားလုံးတော်တော့။၇န်ကုန်မှာကချင်ဘိန်းသထေးတွေအများကြီးပဲ။အားလုံးလေ့လာအုန်း။

goodmind said...

အေးပါအားလုံးတော်တော့။၇န်ကုန်မှာကချင်ဘိန်းသထေးတွေအများကြီးပဲ။အားလုံးလေ့လာအုန်း။

Anonymous said...

ဥပဒေမဲဟုတ်လားဘုန်းကြီးတွေဥပဒေမဲဘာများလုပ်မိလုပ်လည်းသေနတ်ကိုင်ပြီးတောင်ကျန်းနေလို့လားဒါမှမဟုတ်ခိုးဆိုးလုရက်တောင်းကျန်းနေလို့လားကိုယ့်မြေကိုယ့်ဒေသကာကွယ်တာဥပဒေမဲတာလားပြည်သူတွေနဲ့အတူငြိမ်းချမ်းစွာသဘောထားဆန္ဒထုတ်ဖော်တာဥပဒေမဲတဲ့လားစစ်အစိုးရကတဖဲ့နဖဲ့ပေးကမ်းလို့စိတ်ကြီးဝင်ပြီးဘုရားနဲ့တဂိုဏ်းထဲထားတဲ့ဘုန်းကြီးတွေကိုတောင်သတ်ရဲတဲ့တချို့ဗမာတွေကြောင့်တို့ဗမာအားလုံးသိက္ခကျအောင်မလုပ်ကြပါနဲ့အမှန်ကိုအမှန်တိုင်းဂုဏ်ရှိရှိပြောရဲတဲ့ဗမာသတ္တိဘယ်ရောက်သွာပြီလည်းဟုတ်ရင်ဟုတ်တယ်ပြောကြပါအမှန်ကိုသိပြီးမပြောရဲရင်တို့ဗမာအားလုးံသိသိကြီးနဲ့မြင်ပါရဲ့နဲစစ်အစီုးရသက်စိုးရှည်နေပါအုန်းမယ်စဉ်စားပြီးမှreplyပါနော်ကမ္ဘာပေါ်ရှိမြန်မာအားလုံးသေသေချာချာစဉ်းစားကြပါ

Supernatural said...

ဗမာ စိတ်ဓာတ် ထက် ဗမာအစိုးရအထဲ မှာ ရှိနေတဲ့ နတ်ဆိုးကြီး က ချုပ်ကိုင်ထားတာ.....
အဲဒါကြောင့်.....အဲဒီလို....ဖြစ်နေတာ...

Post a Comment