Slideshow Image 2

ဗမာအစိုးရမှ ဆဒုံ၊ ဆဂပါဒေသများတွင် ခေါင်မိုးများကို ဆေးသုတ်ခိုင်း

ဒီဇင်ဘာ (၂၉) စနေ
ကချင်ပြည်နေ ကေအိုင်အိုအစိုးရ တပ်မဟာ (၅) လက်အောက် ကေအိုင်အေ တပ်ရင်း (၃) ဒေသဖြစ်သော ဆဒုံ၊ ဆဂပါ ဒေသများရှိ ပြည်သူများကို ဗမာအစိုးရမှ အတင်းအကျပ် ဘုရားကျောင်း၊ ကျောင်း နှင့် ဆေးရုံ ဆေးခန်းများ၏ ခေါင်မိုးများကို ဆေးသုတ်လိမ်းခိုင်းနေကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရမှ ဤသို့ ခေါင်မိုးများကို ဆေးသုတ်လိမ်းခိုင်းရာ ဘုရားကျောင်းခေါင်မိုးများတွင် အပြာရောင်သုတ်လိမ်းခိုင်းပြီး အဖြူရောင်ဖြင့် လက်ဝါးကပ်တိုင်ပုံ များကို ရေးဆွဲထားခိုင်းပြီး၊ ကျောင်း နှင့် ဆေးရုံ၊ ဆေးခန်းများ၏ အမိုးများတွင် အနီရောင် သုတ်လိမ်းခိုင်းပြီး ဆေးဖြူဖြင့် စာလုံးများ ထင်ထင်ရှားရှား ရေးထိုးထားရန် ညွန်ကြားထားကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရမှ ပြည်သူများကို သတိပေးပြောဆိုရာတွင် စစ်လေယာဉ်များဖြင့် တိုက်ခိုက်သွားမည်ဟု ပြောကြားကြောင်း ဒေသခံများမှ သိရှိရပါသည်။

0 comments:

Post a Comment