ကမ္ဘာသူ ကမ္ဘာသား အရပ်ကတို့!
လက်ပိုက်ကြည့်နေမှာလားလို့!
ကချင်နည်းနည်းလေးဘဲကို
ကြောက်အားပိုနေကြသလို
ကမ္ဘာစစ်လိုဘဲ သူကြေငြာ
တကယ်တိုက်ခိုက် နေကြတာ
ကြည့်မကောင်းရှုမကောင်းစရာပါ။
လေယာဉ်မပါလို့ ကတော့
ကချင်ကိုနိုင်မှာ မဟုတ်ဘူးပေါ့။
လေယာဉ်လေးငါးခြောက်စင်းနဲ့
တင့်ကားတောင် လေးစီးတဲ့။
စစ်သားပေါင်း အထောင်သောင်း
အသေခံဖို့ ချီတက်ကြောင်း။
စိတ်ကြွဆေးအမျိုးပေါင်းစုံ
အားဆေးတွေလည်း အဖုံဖုံ
ရဲဘော်များကို တိုက်ကြွေးခြင်း
ရက်ရက်စက်စက် ဇွတ်အတင်း
မိုက်ရှုးရဲ ဇါတ်တွေခင်းကြလေရဲ့။
စစ်ကရိယာ အဆာပလာ
ပြည့်စုံနေတာ အားမရရှာ
ဓါတုလက်နက်ပါ သုံးလို့
ကြည့်ကြပါအုံး--- အရပ်ကတို့!
အရှေ့တရုတ်က တဖက်
မီးလောင်ရာ သူ - လေပင့်ရက်
ကေအိုင်အေ ကို ထောက်ပံ့တာ
ကချင်ပြည်သူပြည်သားပါ။
ပြည်သူတွေကို ရှင်းပစ်မှ
ကေအိုင်အေကို နိုင်မှာဗျ - တဲ့လေ။
ကချင်လက်တဆုပ်စာ
စာတန်က ထောင်သောင်းများစွာ
သိက္ခာ မရှိလည်းကိစ္စမရှိ
နိုင်ရင်ပြီးရော သဘောရှိ
ကချင်ကို နိုင်လည်းဂုဏ်တွေမဲ့
အောင်နိုင်သူရဲ့ အရှုံးဘဲကွဲ့။
မနောမြေ - စိန်
လက်ပိုက်ကြည့်နေမှာလားလို့!
ကချင်နည်းနည်းလေးဘဲကို
ကြောက်အားပိုနေကြသလို
ကမ္ဘာစစ်လိုဘဲ သူကြေငြာ
တကယ်တိုက်ခိုက် နေကြတာ
ကြည့်မကောင်းရှုမကောင်းစရာပါ။
လေယာဉ်မပါလို့ ကတော့
ကချင်ကိုနိုင်မှာ မဟုတ်ဘူးပေါ့။
လေယာဉ်လေးငါးခြောက်စင်းနဲ့
တင့်ကားတောင် လေးစီးတဲ့။
စစ်သားပေါင်း အထောင်သောင်း
အသေခံဖို့ ချီတက်ကြောင်း။
စိတ်ကြွဆေးအမျိုးပေါင်းစုံ
အားဆေးတွေလည်း အဖုံဖုံ
ရဲဘော်များကို တိုက်ကြွေးခြင်း
ရက်ရက်စက်စက် ဇွတ်အတင်း
မိုက်ရှုးရဲ ဇါတ်တွေခင်းကြလေရဲ့။
စစ်ကရိယာ အဆာပလာ
ပြည့်စုံနေတာ အားမရရှာ
ဓါတုလက်နက်ပါ သုံးလို့
ကြည့်ကြပါအုံး--- အရပ်ကတို့!
အရှေ့တရုတ်က တဖက်
မီးလောင်ရာ သူ - လေပင့်ရက်
ကေအိုင်အေ ကို ထောက်ပံ့တာ
ကချင်ပြည်သူပြည်သားပါ။
ပြည်သူတွေကို ရှင်းပစ်မှ
ကေအိုင်အေကို နိုင်မှာဗျ - တဲ့လေ။
ကချင်လက်တဆုပ်စာ
စာတန်က ထောင်သောင်းများစွာ
သိက္ခာ မရှိလည်းကိစ္စမရှိ
နိုင်ရင်ပြီးရော သဘောရှိ
ကချင်ကို နိုင်လည်းဂုဏ်တွေမဲ့
အောင်နိုင်သူရဲ့ အရှုံးဘဲကွဲ့။
မနောမြေ - စိန်
1 comments:
သေချာတယ်ပြည်ပစစ်က်ုဆင်နွဲနေကြတာ ပြည်တွင်းစစ်မဟုတ်ဘုး။မြန်မာစစ်ခေါင်းဆောင်တွေမလုပ်သင့်တဲ့အရာလုပ်နေကြတယ်။ပြည်တွင်းစစ်မှာမသုံးရတဲ့လေယာဉ်ပျံ တင့်ကား ဓာတုလက်နက် ဒါတွေဟာပြည်ပရန်ကာကွယ်မှသုံးတာ အခုတော့စည်းဆိုတာမရှိ အာဏာတည်မြဲဖို့အရေးလုပ်ချင်ရာလုပ်နေကြပြီ။ရှုံ့ချပါတယ်။စက်စုတ်ဖွယ်ကောင်းလှပါတယ်။
Post a Comment