Slideshow Image 2

ဆိုင်းတောင်ဗမာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေဆုံးတစ်ဦးဒဏ်ရာရရှိ

ဇန်န၀ါရီ (၂၀) တနင်္ဂနွေ
ဇန်န၀ါရီလ ၁၈ ရက်နေ့ ည ၁၀ နာရီခွဲခန့်အချိန်တွင် ဆိုင်းတောင်အခြေစိုက် ခလရ ၁၆ မှ ပေါက်ကွဲသံကြားရ သဖြင့်  လူနေထူထပ်သော ရပ်ကွက်များသို့ လက်နက်ကြီး၊ ငါးကြင်းမှီးများဖြင့် ပရမ်းပတာပစ်ခတ်ခဲ့ပါသည်။ ထိုသို့ပစ်ခတ်မှုကြောင့် ဦးအောင်ပြည့် (၆၀ နှစ်) အသက်ဆုံးရှုံးခဲ့ရပြီး၊ လဖိုင်ဇော်ရိန် (၂၃ နှစ်) ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါသည်။ ဗမာစစ်တပ်သည် ဖားကန့်နှင့် ဆိုင်းတောင် အရပ်သားများ ထူထပ်စွာနေထိုင်ရာ မြို့လယ်တွင် တပ်စွဲထားပြီး အရပ်သားများအား လူသားဒိုင်းသဖွယ် အကာအကွယ်ယူထားပါသည်။ သေနတ်သံ၊ မိုင်းသံကြားတိုင်း အရပ်သားများနေထိုင်ရာ နေအိမ်များသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်လေ့ရှိပါသည်။ စစ်တပ်ဆိုသည်မှာ အရပ်သားများ နေထိုင်သည့် မြို့ကြီးများနှင့် အနည်းဆုံး ၃ မိုင်ခန့်အကွာတွင်တပ်စွဲရမည်ဖြစ်သော်လည်း ယခုကဲ့သို့ အရပ်သားများအလယ်တွင်တပ်စွဲထားခြင်းသည် စစ်တပ်၏ စည်းမျည်းစည်းကမ်းနှင့် မလျော်ညီပေ။ ဤသည်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများသိသော်လည်း မည်သူမျှမပြောဆိုရဲကြပေ။ “စစ်တပ် စစ်တပ်ချင်း၊ စစ်သား စစ်သားချင်း အရပ်သားတွေနဲ့ဝေးတဲ့နေရာမှာ ပစ်ခတ်ကြတာကိုတော့ ဘာမှမပြောလိုပါဘူး။ အခုက ဗမာစစ်တပ်က အရပ်သားတွေရဲ့ အလယ်မှာလာနေပြီး ပရမ်းပတာ ပစ်ခတ်တာတော့ သိပ်ကိုရုပ်ဆိုးလွန်းပါတယ်။ ဒါကိုတော့ ရှုတ်ချပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပြပါသည်။ ယခုအခါ ဖားကန့်ဆိုင်းတောင် ဒေသခံများသည် အိမ်တိုင်းတွင် ဂတုတ်တွင်းကိုယ်စီ တူးထားကြပြီး အသက်ဘေးလွတ်အောင် နေထိုင်နေကြရပါသည်။

At 10:00 pm on 18th January, Burmese  Government army infantry unit (16), which is based on Seng Tawng; Western Kachin state,  shelled with heavy artillery weapon to the crowded area of the civilians, according to KIA front line officer report. The Burmese Government is settled in the center of crowded area in Seng Tawng and Hpakant cities and moreover they used civilians as human shield to protect them from the KIA attacking. Whenever they heard the gun shot and mine explosions, they fired back with gun and heavy artillery weapons to the civilians’ places.  Actually, the army post should be settled (3) miles far away from the city but now the army posts in the center of the city thus it breaks the military law. But no local administrator, who knows the law, dared not to tell them. “We don’t want to tell so much that soldiers to soldiers, army troops to army troops fight each other far away from civilians, but now the Burmese army is posted among the civilians and shoot regardless shooting to everywhere is very bad figure and I rebuke it”, said one of the civilians. Now Hpa Kant and Seng Tawng’s civilians dig bunker in their house for safety.

3 comments:

Unknown said...

KIA.KIO.myu tsaw share shagan ni e dai myawk dap ni hpe lawan shagyawm kau law.

Unknown said...

KIA.KIO.myu tsaw share shagan ni e dai myawk dap ni hpe lawan shagyawm kau law.

Unknown said...

KIA.KIO.myu tsaw share shagan ni e dai myawk dap ni hpe lawan shagyawm kau law.

Post a Comment