Slideshow Image 2

ဖားကန့်မော်ကလုန် ရွာသားများအား ဗမာစစ်တပ် မှ ဖမ်းဆီးနှိပ်စက်

ဇန်န၀ါရီ (၂၃) ဗုဒ္ဓဟူး
ဇန်န၀ါရီလ၂၃ ရက်နေ့ နံနက် ၆ နာရီမှစ၍ ဆိုင်းတောင်မှ ဂွေခါသွားရာ လမ်းရှိ မော်ကလုန်ကျေးရွာသို့ ဗမာစစ်တပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ ရွာသားအချို့အား ဖမ်းဆီးနှိပ်စက် ခဲ့ကြောင်း ဒေသခံမျက်မြင်သက်သေများက ပြောပြပါသည်။ ထိုပစ်ခတ်မှုကြောင့် ရွာသား ၃ ဦးပွဲချင်းပြီးသေဆုံးကာ ရွာသားတစ်ဦးအား ကေအိုင်အေဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ပါသည်။ ဆက်လက်၍ ထိုစစ်ကြောင်းမှ မော်ဖီ ကျောက်စိမ်းမှော် သို့သွားကာ လူနေအိမ်များအား ရွာလုံးကျွတ်မီးရှို့ခဲ့ကြောင်း၊ ကျောက်စိမ်းကုမ္မဏီ တစ်ခုလည်းမီးထဲ ပါဝင်ကြောင်း ဒေသခံတစ်ဦးက ဖုန်းဖြင့် သတင်းပေးလာပါသည်။ ကေအိုင်အေများသည် ဂွေခါရွာအနီးတွင် အခိုင်အမာ တပ်စွဲထားသော်လည်း ဗမာစစ်တပ်သည် လူနေရွာများသို့ဝင်ရောက်ဖျက်ဆီးကာ ငွေများ၊ ဖုန်းများနှင့် ကျောက်စိမ်းများအား ယူဆောင်သွားပါသည်။ ယခုအခါ ဗမာစစ်တပ်၏ စည်းလွတ်ဝါးလွတ် လုပ်ရပ်အား ဖားကန့်ဒေသခံအများစုမှာ နာကျည်းခါးသီးလျှက်ရှိပါသည်။ ကချင်လူမျိုးများ၏ စိတ်တွင် ဗမာလူမျိုးများအား လူမျိုးရေးမုန်းတီးစိတ် ပိုမိုပြင်းထန်လာပြီး ပြဿနာများပိုမိုကြီးထွားလာနိုင်ပါသည်။

4 comments:

Unknown said...

KIA .KIO myu tsaw share shagan ni e hpa rai gap hkat jahkring nga ma ta ti nang mung dan a matu lawan a grawp kau mu dai myu sha ni hpe shakyin sha ai asuya ma su hpyen la ni hpe langai mi mung n.ngam hka sat kau mu karai mung nra na re myu tsaw ni n.gun lu marai lu mu ga kyu hpi ya nga ga ai yaw.

Unknown said...

mung masha ni e anhte mung mau nga n mai sai hpe dum ga law

Unknown said...

mung masha ni e anhte mung mau nga n mai sai hpe dum ga law.

aung aung said...

n'dai myen ni shan hte na sha ni,shagu pru Myanmar alin hkan majoi masu ka bang taw nga ma ai ...hpyen yen ni hpe mung shan hte she garum ai zawn zawn...tsitsi ya nga ai zawn zawn sumla ni sha sa gayet la na ..shiga ni sha praw nga ma ai...sha hte chahkring mi gan sa gayet la na gaw shan hte she masha kaja zawn zawn grai hkyet rung dik ai...ndai myen asuya lawan si htum ma yang kaja dik ai..

Post a Comment