Slideshow Image 2

မေးပါရစေ

-       ကချင်ပြည်နယ်ကို လက်လွှတ်လို့ မဖြစ်ဘူး၊ ဆက်တိုက်ရမယ်။
-       ကချင်ကို ဖြစ်တဲ့နည်းနဲ့ အမျိုးကို ပြုတ်စေရမယ်။ ဒါသူ့ ပေါ်လစီလေ။
-       အမှန်တကယ် အကောင်အထည်ဖေါ်နေတယ်။
-       ဗန်းမော်ဘက်လမ်း တလျှောက်လုံးက ရွာတွေ၊ အစိုးရစစ်သားနဲ့ ပြည့်နက်နေပြီ။
-       လူ ၈၀ ဆန့် လေယာဉ်ကြီးနဲ့ ခေါက်တုံ့ခေါက်ပြန် ဗန်းမော်မှာ စစ်သားတွေ ပို့ ထားတယ်။
-       ရှမ်းပြည်ဘက်က အစိုးရစစ်သားများကို လိုင်ဇာဘက်သို့ ရွှေ့ပြောင်းထားတယ်။
-    ရေတပ်မှ စစ်သား နှစ်သောင်းကို ကချင်ပြည် တောင်ကုန်းဆီသို့ ထရန်ဆဖါ ပို့ထားတယ်။(ပင်လယ်ပြင်မှ တောင်တန်းဒေသ သို့မဟပ် မစပ်)
-  မြို့ထဲမှာ ပြည်သူလူထုကို အဓ္ဓမ ဖမ်းဆီးလွန်းလို့ ညနေ ၆:၀၀ နာရီဆိုရင် လူတိုင်း အပြင် မထွက်ရဲတော့ဘူး။
-       အဲဒီတော့ နေ့လည်ကြောင်တောင်မှာလည်း၊ ဗြောင်ဗြောင်ဘဲ လူ တွေကို လိုက်ဖမ်းနေတော့တယ်။

-      တကယ်ဘဲ အပြောမဟုတ် လက်တွေ့၊ အရပ်သားတွေကို အရူးဆေးထိုးပေးပြီး၊ တိုက်ပွဲမှာ ရှေ့ဆုံးက ကာဗါ ဖြစ်ဖို့အရင် လွှတ်တယ်။ လက်နက် မပါတဲ့အရပ်သားတွေကို KIA ကျည်ဆံ ကုန်လောက်အောင် တမင်သက်သက် အရူးလုပ်တယ်။ KIA ဟာ ပစ်ရခက် မပစ်ရခက်နဲ့ အရူးလုပ်ခံရတာပေါ့။ KIA ရဲဘော် တဦးဟာ အတင်းချီတက်လာတဲ့ အရပ်သားအယောက် ၄၅ ဦးကို ပစ်သတ်မိပြီးသား ဖြစ်နေလို့ စိတ်ထိခိုက်ပြီး ငိုကြွေး   ခဲ့ရတယ်။

-       အမျိုးပြုတ် စစ်ဆင်ရေး အမည်တပ်ပြီး တကယ်လုပ်ချလိုက် တော့တယ်။
-   ၂၁,၁,၂၀၁၃ နေ့ ညနေက ဗန်းမော်မြို့မှာ တက္ကသိုလ် ကျောင်းသားတဦးနဲ့ ကျောင်းသူတဦးကို စစ်ကားဖြင့် နှစ်ပိုင်းပိုင်းပြီး အလောင်း ၂ လောင်းပေါ်အောင် တိုက်သတ်ခဲ့တယ်။

-    စစ်ပွဲတိုင်းမှာ လေယာဉ်နဲ့ အဆိပ်ငွေ့ သုံးတဲ့အတွက်ကြောင့် ယခုအခါ လိုင်ဇာမြို့နဲ့ ဂျေယန်းခ ဒုက္ခသည် စခန်းမှာ ကလေး အမြောက်အများ ဝေဒနာခံစားနေကြရတယ်။ ၉ လ ကလေးတဦး ၂၁.၁.၂၀၁၃ နေ့မှာ ကွယ်လွန်ခဲ့တယ်။

¬  ဒါတွေဟာ ဖြစ်သင့်ရဲ့လား?
¬  ကချင်ဟာ တိုင်းတပါးရန်သူလား?
¬  သိန်းစိန် တကယ် ရူးသွားပြီလား?
¬  ကချင်ကို ဘယ်ဘဝကတည်းက ရန်ညှိုးထားတာလဲ? ဘာအတွက် ရန်ညှိုးမကျေတာလဲ?
¬  စစ်သားတွေလည်း အထက်ကအမိန့်ပေးတိုင်း တက်ရသလား? အတွေးအခေါ် မရှိတော့ဘူးလား?
¬  အမိန့်ပေးသူ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ချ တောါမှာလား?

                                                                  မနောမြေ - စိန်

0 comments:

Post a Comment