သူလေ - အပြောနဲ့အလုပ်
ဘယ်တော့မှမဟုတ်
ယုံရခက်တဲ့ - သူဘဲလေ။
သူလေ - ဂုဏ်ရှိလျက်နဲ့ သိက္ခာမရှိ
မင်းဖြစ်လျက်နဲ့ သစ္စာမသိ
လူဖြစ်လျက်နဲ့ ကတိမတည်
သားသမီးရှိလျက် ဖခင်မပီ။
သူလေ - အတ္တသမားကြီး ဖြစ်သွားပြီ။
ရှက်ကြောတွေလည်း ပြတ်နေပြီ။
နှာခေါင်းသွေးလည်း ယိုနေပြီ။
နောက်က သွားလည်း ယိုင်ရှာပြီ။
သူလေ - စစ်ဦးထုပ်ကို အတင်းချွတ်
ကျက်သရေ ခေါင်းပေါင်းဇွတ် စွပ်တော့
အမှောက်မှောက် အမှားမှား
ကို့ယို့ကားယား ဖြစ်တာပေါ့။
သူလေ - လူကြီးလူကောင်း မပီသ
ဒီအသက် ဒီအရွယ် ကျကာမှ
ထိုင်နေရင် အကောင်းသား
ထသွားမှ ကျိုးမှန်းသိရပါတကား --။
သူလေ - နှမျောဖို့ကောင်း လေစွ။
ဗိုလ်လုပ်နေရင် အကောင်းသား
မထိုက်မတန် အုပ်ချုပ်တော့
စစ်ဘဲ တိုက်ချင်ရှာမှာ ပေါ့--။
သူလေ - စကားအရာ မလိမ္မာ
မထိုင်တတ်ရင် ဖြဲသလို
မပြောတတ်ရင် ဆဲသလို - တဲ့
စီမံကိန်းနဲ့ ကိုပြောချတာ
မျိုးပြုတ် စစ်ဆင်ရေးတဲ့ဗျာ - ။
မနောမြေ - စိန်
ဘယ်တော့မှမဟုတ်
ယုံရခက်တဲ့ - သူဘဲလေ။
သူလေ - ဂုဏ်ရှိလျက်နဲ့ သိက္ခာမရှိ
မင်းဖြစ်လျက်နဲ့ သစ္စာမသိ
လူဖြစ်လျက်နဲ့ ကတိမတည်
သားသမီးရှိလျက် ဖခင်မပီ။
သူလေ - အတ္တသမားကြီး ဖြစ်သွားပြီ။
ရှက်ကြောတွေလည်း ပြတ်နေပြီ။
နှာခေါင်းသွေးလည်း ယိုနေပြီ။
နောက်က သွားလည်း ယိုင်ရှာပြီ။
သူလေ - စစ်ဦးထုပ်ကို အတင်းချွတ်
ကျက်သရေ ခေါင်းပေါင်းဇွတ် စွပ်တော့
အမှောက်မှောက် အမှားမှား
ကို့ယို့ကားယား ဖြစ်တာပေါ့။
သူလေ - လူကြီးလူကောင်း မပီသ
ဒီအသက် ဒီအရွယ် ကျကာမှ
ထိုင်နေရင် အကောင်းသား
ထသွားမှ ကျိုးမှန်းသိရပါတကား --။
သူလေ - နှမျောဖို့ကောင်း လေစွ။
ဗိုလ်လုပ်နေရင် အကောင်းသား
မထိုက်မတန် အုပ်ချုပ်တော့
စစ်ဘဲ တိုက်ချင်ရှာမှာ ပေါ့--။
သူလေ - စကားအရာ မလိမ္မာ
မထိုင်တတ်ရင် ဖြဲသလို
မပြောတတ်ရင် ဆဲသလို - တဲ့
စီမံကိန်းနဲ့ ကိုပြောချတာ
မျိုးပြုတ် စစ်ဆင်ရေးတဲ့ဗျာ - ။
မနောမြေ - စိန်
0 comments:
Post a Comment