စိမ်းလန်းစိုပြေ - ဒို့ကချင်မြေ
တောင်တွေအထပ်ထပ် - ကာလို့ရပ်
တောင်မြင့်တောင်နိမ့် အသွယ်သွယ်
တောင်တန်းငယ်များ ရှုစဖွယ်။
ဒါဒို့ပြေ - ဒါဒို့မြေ
ချစ်သူတို့ရဲ့မြေ
ငါတို့ဘိုးဘွားစဉ်ဆက်က
နှစ်ပေါင်းထောင်ချီ နေခဲ့ကြ။
ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ရိုးရာ
ကိုယ့်ယဉ်ကျေးမှု အစဉ်အလာ
ကိုယ့်အစားအစာ နဲ့ကိုယ်
ကိုယ့်စတိုင် နဲ့ကိုယ်။
မြစ်ဖျားခံတဲ့ ဧရာဝတီ
ချစ်သူတို့ တိုင်းပြည်
ဘယ်ရန်သူမှ မလာစဖူး
ဘယ်သူ့လက်အောက်မှ မခံစဖူး။
အင်္ဂလိပ် ကိုလိုနီခေတ်က
အောက်မြန်မာပြည် ကျွန်ဖြစ်စ
ငါတို့ ကချင် အညံ့မခံ
နှစ်ပေါင်း သုံးဆယ် ဒို့ခုခံ။
သမိုင်း သက်သေရှိသေးတယ်
အင်္ဂလိပ် စစ်ဦးစီး သင်္ချိုင်းမြေ
နောက်မှ အားမသန် - ဒို့မာန်လျှော့
ကျွန်စော ဖြစ်တာ မြန်မာပေါ့။
ဒါဒို့မြေ - ဒါဒို့ပြေ
ငါတို့ချစ်တဲ့မြေ
သမိုင်းပြောင်းပြန် မလှန်ကောင်း
ချစ်သူတို့ရဲ့ မြေ အကြောင်း။
မနောမြေ - စိန်
တောင်တွေအထပ်ထပ် - ကာလို့ရပ်
တောင်မြင့်တောင်နိမ့် အသွယ်သွယ်
တောင်တန်းငယ်များ ရှုစဖွယ်။
ဒါဒို့ပြေ - ဒါဒို့မြေ
ချစ်သူတို့ရဲ့မြေ
ငါတို့ဘိုးဘွားစဉ်ဆက်က
နှစ်ပေါင်းထောင်ချီ နေခဲ့ကြ။
ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ရိုးရာ
ကိုယ့်ယဉ်ကျေးမှု အစဉ်အလာ
ကိုယ့်အစားအစာ နဲ့ကိုယ်
ကိုယ့်စတိုင် နဲ့ကိုယ်။
မြစ်ဖျားခံတဲ့ ဧရာဝတီ
ချစ်သူတို့ တိုင်းပြည်
ဘယ်ရန်သူမှ မလာစဖူး
ဘယ်သူ့လက်အောက်မှ မခံစဖူး။
အင်္ဂလိပ် ကိုလိုနီခေတ်က
အောက်မြန်မာပြည် ကျွန်ဖြစ်စ
ငါတို့ ကချင် အညံ့မခံ
နှစ်ပေါင်း သုံးဆယ် ဒို့ခုခံ။
သမိုင်း သက်သေရှိသေးတယ်
အင်္ဂလိပ် စစ်ဦးစီး သင်္ချိုင်းမြေ
နောက်မှ အားမသန် - ဒို့မာန်လျှော့
ကျွန်စော ဖြစ်တာ မြန်မာပေါ့။
ဒါဒို့မြေ - ဒါဒို့ပြေ
ငါတို့ချစ်တဲ့မြေ
သမိုင်းပြောင်းပြန် မလှန်ကောင်း
ချစ်သူတို့ရဲ့ မြေ အကြောင်း။
မနောမြေ - စိန်
0 comments:
Post a Comment