မောင်ရယ် - မောင်တို့ခေတ်ကလို မဟုတ်တော့ဘူးကွဲ့။
အခုခေတ်ဟာ- အင်တာနက်ခေတ်လေ။
မေ့နေပြီလား? မောင်ရဲ့။
ရှက်လိုက်တာနော် -
တကယ့်ကိုမှ - ဂွကျတာဘဲ။
“KIO ကို ငါတို့ ထိုးစစ်မဆင်ပါဘူး။
KIO က ငါတို့ကို လာတိုက်လို့၊
တပ်မတော်က ခုခံရတာ။
ကချင်ရွာတွေကို ငါတို့မီးမရှို့ရပါဘူး။
ပစ္စည်းလည်းမလု ၊ မခိုး ၊ မကြုံးပါဘူး။
စော်ကားမော်ကား မတရားလည်းမလုပ်ဘူး။
မုဒိမ်း ဆိုတာ ဝေလာဝေး။
တပ်မတော်သားများ
လိုက်နာရမည့် ဝတ္တရားများကို
တသွေမတိမ်း လိုက်နာပြီး
ပြည်သူများ အိုးအိမ် စည်းစိမ်များကို
အတတ်နိုင်ဆုံး ကူညီစောင့်လျှောက်မြဲပါ။
KIO ကို ရဟတ်ယာဉ် ၊ လေယာဉ်တွေနဲ့
အမြောက်ကြီးငယ်တွေနဲ့ မပစ်ပါဘူး။
တခါတရံ တပ်မတော်သားများ စခန်းအတွက်
ရိက္ခာ ပို့တဲ့အခါ ရဟတ်ယာဉ်သုံးတာပါ။
တပ်မတော်မှာ အဆိပ်ဓါတ်ငွေ့
လက်နက်ဆိုတာ မရှိပါဘူး။
တန်ဘိုးကြီးလွန်းလို့ မသုံးနိုင်တဲ့အတွက်
KIO နဲ့ စစ်ဖြစ်ချိန် တခါမှ မသုံးဘူးပါဘူး။
တပ်မတော်ဟာ ထာဝရ ငြိမ်းချမ်းရေးကို
လွန်စွာ လိုလားကြသူများ ဖြစ်သောကြောင့်
KIO နဲ့ ငြိမ်ချမ်းရေး ဆွေးနွေးဖို့
ဆန္ဒစောနေကြသူများသာ ဖြစ်ပါကြောင်း”
အစဉ်အမြဲ တင်ပြခဲ့တယ်နော်။
တော်ပါတော့ မောင်ရယ် - မောင်တို့ ပလီပလာစကားတွေ
ဘယ်သူက ယုံမှာတုံး။
ဘာမှမပြောတာတောင် ၊
တော်အုံးမယ်ထင်တယ်မောင်ရယ်။
မနောမြေ - စိန်
အခုခေတ်ဟာ- အင်တာနက်ခေတ်လေ။
မေ့နေပြီလား? မောင်ရဲ့။
ရှက်လိုက်တာနော် -
တကယ့်ကိုမှ - ဂွကျတာဘဲ။
“KIO ကို ငါတို့ ထိုးစစ်မဆင်ပါဘူး။
KIO က ငါတို့ကို လာတိုက်လို့၊
တပ်မတော်က ခုခံရတာ။
ကချင်ရွာတွေကို ငါတို့မီးမရှို့ရပါဘူး။
ပစ္စည်းလည်းမလု ၊ မခိုး ၊ မကြုံးပါဘူး။
စော်ကားမော်ကား မတရားလည်းမလုပ်ဘူး။
မုဒိမ်း ဆိုတာ ဝေလာဝေး။
တပ်မတော်သားများ
လိုက်နာရမည့် ဝတ္တရားများကို
တသွေမတိမ်း လိုက်နာပြီး
ပြည်သူများ အိုးအိမ် စည်းစိမ်များကို
အတတ်နိုင်ဆုံး ကူညီစောင့်လျှောက်မြဲပါ။
KIO ကို ရဟတ်ယာဉ် ၊ လေယာဉ်တွေနဲ့
အမြောက်ကြီးငယ်တွေနဲ့ မပစ်ပါဘူး။
တခါတရံ တပ်မတော်သားများ စခန်းအတွက်
ရိက္ခာ ပို့တဲ့အခါ ရဟတ်ယာဉ်သုံးတာပါ။
တပ်မတော်မှာ အဆိပ်ဓါတ်ငွေ့
လက်နက်ဆိုတာ မရှိပါဘူး။
တန်ဘိုးကြီးလွန်းလို့ မသုံးနိုင်တဲ့အတွက်
KIO နဲ့ စစ်ဖြစ်ချိန် တခါမှ မသုံးဘူးပါဘူး။
တပ်မတော်ဟာ ထာဝရ ငြိမ်းချမ်းရေးကို
လွန်စွာ လိုလားကြသူများ ဖြစ်သောကြောင့်
KIO နဲ့ ငြိမ်ချမ်းရေး ဆွေးနွေးဖို့
ဆန္ဒစောနေကြသူများသာ ဖြစ်ပါကြောင်း”
အစဉ်အမြဲ တင်ပြခဲ့တယ်နော်။
တော်ပါတော့ မောင်ရယ် - မောင်တို့ ပလီပလာစကားတွေ
ဘယ်သူက ယုံမှာတုံး။
ဘာမှမပြောတာတောင် ၊
တော်အုံးမယ်ထင်တယ်မောင်ရယ်။
မနောမြေ - စိန်
0 comments:
Post a Comment