Slideshow Image 2

လီဆူးပြည့်သူ့စစ်ဖွဲ့ကာ လက်နက်တပ်ဆင်ပေးရန် ဗမာစစ်တပ်ကြိုးပမ်း

ဖေဖော်ဝါရီ (၁၉) ကြာသာပတေး
ကေအိုင်အို၊ ကေအိုင်အေကို အမြစ်ပြတ်ချေမုန်းရန်အတွက်၊ ဗမာ့တပ်မတော်၏ နောက်ဆုံး ကြိုးပမ်းချက်အနေဖြင့် ကချင်ပြည်နယ် အရှေ့မြောက်ဖက် ဖီမော် ဒေသတွင် လီဆူးတိုင်းရင်းသားများအား အစိုးရ စစ်တပ်မှ လက်နက်တပ်ဆင်ပေးပြီး ပြည်သူ့စစ် တပ်ဖွဲ့ကို ဖွဲ့စည်းပေးကာ အိမ်ကြက်ချင်း အိုးမဲသုတ် ခွတ်ခိုင်းမည့်အစီအစဉ်ကို ကာကွယ်ရေးဦးစီးချုပ်မှ စီစဉ်ဆောင်ရွက်နေသည်။

ပြည်သူ့စစ် (လီဆူး) ဖွဲ့စည်းရန် ကာကွယ် ရေးဦးစီးချုပ်မှ ခွင့်ပြုခဲ့ကြောင်းသိရသည်။ ကချင်ပြည်နယ် အရှေ့မြောက်ဖက် ဖီမော် ဒေသတွင် ဖေဖ၀ါရီလကုန်တွင် လက်နက်များ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရပါသည်။

လီဆူးလူမျိုး လူငယ်အယောက် (၁၀၀) ကျော်ကိုစုဆောင်းထားပြီးဖြစ်ကြောင်း သိရပါသည်။ ဖေဖ၀ါရီလ ကုန်တွင် လက်နက် တစ်ရာကျော် ပေးပို့ရန် ကာချုပ် မှခွင့်ပြုပြီးဖြစ်ကြောင်းသိရသည်။

လီဆူး ပြည်သူ့စစ်ဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်မှာ ကေအိုင်အို ကေအိုင်အေကို အမြစ်ပြတ်ချေမုန်းရေး အစီအစဉ်တွင် အထောက်အကူဖြစ်ဖို့ရန်ဖြစ် နိုင်ကြောင်းသိရသည်။

ကချင် တိုင်းရင်းသားညီနောင်များကြား သွေးခွဲ သပ်သျှို ရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်းသိရပါသည်။

8 comments:

poe said...

ဘယ်သူပဲဖြစ်ဖြစ် လက်နက်ကိုင်ပြီး လူသတ်မည့် လမ်းစဉ်ကို ရှုတ်ချတယ်
ဘယ်လက်နက်ကိုင်အုပ်စုကမျှ မကောင်းဘူးဆိုတာလဲ အသိပဲ

Unknown said...

ကချင်အနွယ်ဝင်ဖြစ်သော လီဆှုးညီအကိုများ သမိုင်းရာဇဝင်ကို ကြည့် ပြီး နယ်ချဲ့ ဗမာအမိုးအကြောင် ဘာဖြစ်လို့ဒီလောက်ကြီးအနေကြတာလည်း
မင်းတို့ သားသမီး အနာဂတ် တခုလုံး ဖြတ်စီးခံရလိပ်မည်။

Unknown said...

ကချင်အနွယ်ဝင်ဖြစ်သော လီဆှုးညီအကိုများ သမိုင်းရာဇဝင်ကို ကြည့် ပြီး နယ်ချဲ့ ဗမာအမိုးအကြောင် ဘာဖြစ်လို့ဒီလောက်ကြီးအနေကြတာလည်း
မင်းတို့ သားသမီး အနာဂတ် တခုလုံး ဖြတ်စီးခံရလိပ်မည်။

Unknown said...

inpossible

Unknown said...

ဒီသတင်းတင် တဲ့ရက်စွဲ(ဖေ ဖော်ဝါရီ ၁၉)ကကြာဿပတေးနေ့မဟုတ်ပါ။အင်္ဂါနေ့ပါ။blog တစ်ခုမှာသတင်းတင် ရင် အ သေးအမွှားကအစတိကျမှန်ကန်ဖို့လိုပါတယ်။မဟုတ် ရင် လုပ်ဇာတ်သတင်းဖြစ်သွားလိမ့်မယ်။

Unknown said...

ဒီသတင်းတင် တဲ့ရက်စွဲ(ဖေ ဖော်ဝါရီ ၁၉)ကကြာဿပတေးနေ့မဟုတ်ပါ။အင်္ဂါနေ့ပါ။blog တစ်ခုမှာသတင်းတင် ရင် အ သေးအမွှားကအစတိကျမှန်ကန်ဖို့လိုပါတယ်။မဟုတ် ရင် လုပ်ဇာတ်သတင်းဖြစ်သွားလိမ့်မယ်။

poe said...

ကျွန်တော် သိသလောက် လေ့လာပြီးပြီ။ သတင်းက တစ်ဝက်မှားနေတယ်။ သတင်းရေးနည်းလေး တတ်မြောက်အောင်သင်ပြီး ခိုင်လုံတဲ့ အချက်အလက်၊ ကိုးကားချက်တွေနဲ့ ရေးပေးစေချင်ပါတယ်။

Lisustar said...

ဒါငါတို.အတွက်အထူးအခွင်.အရေးတစ်ခုပါပဲ။ ကချင်စစ်သားတွေငါတို.လီဆူတွေလူမျိုးတွေကိုနိပ်စက် သတ်ဖြတ်တာမနေးတော.ဘူး။ ရရာလက်နက်ဆွဲကိုင်ပြီး ကေအိုင်အေကို
အပြတ်ချေမှူန်းမယ်။

Post a Comment