ဖေဖော်ဝါရီ (၇) ကြာသာပတေး

စုဝေးနေကြသော လူစုမှာ အိမ်ခြေ (၁၅၆) အိမ် ဖြစ်ပြီး (၅၆) အိမ်အတွက် သာတဲထိုးနိုင် သေးသော အချိန်၊ အမြန်ဆုံး ပြောင်း ရွှေ့ရန်၊ မနက်ဖြန် ၁၀ နာရီ နောက်ဆုံးပြောင်းကြရန်၊ ၁၀ နာရီ နောက်ပိုင်းမြင်တွေ့ရပါက ပစ်သတ် မည်ဖြစ်ကြောင်း ချိန်းခြောက် ပြောဆိုခဲ့ ကြောင်းသိရသည်။ စုဝေးနေကြသော သူများ မှာ ကချင်၊ ရှမ်း၊ ဗမာ၊ ရခိုင် လူမျိုးစုံဖြစ်ကြောင်း၊ လောလောလတ်လတ် အလွန်ဆိုးဝါးစွာဒုက္ခရောက်နေ ကြောင်း ဒေါ် ရှမ်းမ မှ ပြော ကြားပါသည်။
၎င်းမြေစာပုံ စုဝေးနေ ကြသော ဒုက္ခသည် များသည် လွန်ခဲ့သော တစ်ပတ်ခန့်က ဖားကန်း၊ လုံးခင်းပတ်ဝန်းကျင်ဒေသ တစ်ခုလုံးစစ်ရေးပြင်းထန်လာကြသော ကြောင့်မြို့ရွာများသို့ ထွက်ပြေး တိမ်းရှောင်ရန် မစွမ်းသာသော အလုပ်သမား၊ ဆင်းရဲသားများ ဖြစ်ကြာင်း သိရသည်။
0 comments:
Post a Comment