Slideshow Image 2

ဗမစစ်တပ် ကားအစီး (၁၀၀) ခန့် ၀ါးရှောင်ဘက်ထွက်ခွာ

မတ် (၁၀) တနင်္ဂနွေ
ကချင်ပြည်နယ် မြစ်ကြီးနား အရှေ့ဘက်ကမ်း ၀ိုင်းမော်မြို့မှ ဗမာစစ်တပ် စစ်ကား အစီး (၁၀၀) ခန့် မတ်လ (၁၀) ရက်နေ့မနက် (၇း၄၅) နာရီအချိန်ခန့်တွင်ဝါးရှောင် ဘက်သို့ ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။ ဤဗမာအစိုးရစစ်ကားများတွင် စားနပ်ရိက္ခာများ၊ လက်နက်ပစ္စည်းများနှင့် စစ်သားများ အပြည့် တင်ဆောင်ထားကြောင်း သိရှိရပါသည်။ ၀ိုင်းမော်မြို့မှ ဒေသခံပြည်သူတစ်ဦးက "ကျွန်နော်က စစ်ကားအစီး (၈၉) စီးအထိပဲ ရည်တွက်လိုက်နိုင်တယ်၊ အားလုံးတော့ မရည်တွက်လိုက်နိုင်ဘူး၊ ကျွန်နော့် အထင် ကားအစီး (၁၀၀) ခန့်ရှိမယ်၊ နောက်ပြီး ဒီစစ်ကားတန်းတွေဟာ ကေအိုင်အို အစိုးရ ထိန်းချုပ်နယ်မြေဖြစ်သော ကေအိုင်အေ တပ်မဟာ (၅)၊ တပ်ရင်း (၃) ဆဒုံး ဒေသနှင့် ကေအိုင်အေ တပ်မဟာ (၁) လက်အောက် ချီဖွေဘက်သို့ သွားတာပဲဖြစ်မယ်" ဟု သူ၏ အမြင်ကို ပြောပြလာပါသည်။

0 comments:

Post a Comment