Slideshow Image 2

နယ်ခြားမှတ်တိုင် (၄၃) အနီး တိုက်ပွဲဖြစ်ပွား

မတ် (၁၂) အင်္ဂါ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အရှေ့ပိုင်းတိုင်း တပ်မဟာ (၁) အုပ်ချုပ်နယ်မြေဖြစ်သော ကေအိုင်အေ တပ်ရင်း (၂၁) ဒေသ၊ ကချင်နှင့် တရုတ်ပြည်နယ်ခြားမှတ်တိုင် (၄၃) ဘက်သို့ ထိုးစစ်ဆင်လာသော မုဘွမ် အခြစိုက် ဗမာစစ်တပ် ခမရ (၄၃၇) နှင့် ကေအိုင်အေ မျိုးချစ်ရဲဘော်များ မတ်လ (၉) ရက်နေ့ မနက်ပိုင်း (၇း၅၀) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ကေအိုင်အေတပ်စခန်းရှိရာသို့ ပစ်ခတ်ခဲ့ကြောင်း ဆက်လက် သတင်းရရှိပါသည်။

0 comments:

Post a Comment