Slideshow Image 2

မြစ်ဆုံဒေသမှ ပြောင်းရွှေ့ခံပြည်သူများ တောင်ဆိုမှုပြုလုပ်


ကမ္ဘာ့မြစ်ချောင်းများနေ့ အထိမ်းအမှတ် အစီအစဉ်တွင် ဒေသခံများ မိမိအရင်နေရပ်သို့ ပြန်လည် နေထိုင်နေရဲတောင်းဆိုခဲ့ကြ ကြောင်း သတင်းရရှိပါသည်။ ဒေသခံအဖွဲ့အစည်းများနှင့် မြစ်ဆုံ ဒေသခံပြည်သူများ မြစ်ဆုံကမ်းခြေတွင် ကမ္ဘာ့မြစ်ချောင်းများနေ့ အထိမ်းအမှတ် အစီအစဉ် ယနေ့မတ်လ ၁၄ ရက်နေ့တွင် ကျင့်ပခဲ့သည်။

ထိုအစီအစဉ်တွင် မြန်မာ့လူမှု့ဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်မှ ကိုနေမျိုးဇင် နှင့် လွှတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ဂီတအဖွဲ့ဝင်များ အပါအ၀င် ဒေသခံများ အယောက် ၁၀၀ ခန့်တက်ရောက်ခဲ့သည်။ ထိုအစီအစီအစဉ်တွင် ပြောင်းရွှေ့ခဲ့ရသော ဒေသခံများ မိမိနေရပ်သို့ ပြန်လည် နေထိုင်နိုင်ရေး၊ မြစ်ဆုံစီမံကိန်းလုံးဝ ရပ်ဆိုင်းရေးနှင့် ဧရာဝတီ မြစ်တလျှာက် ရွှေတူးဖော်ရေးး မပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။  အခုအစီအစဉ်အား KDNG, MRJ, KBC နှင့် ဒေသခံပြည်သူများမှ ပူးပေါင်းကျင့်ပခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment