Slideshow Image 2

ဒေါက်တာရွှေခါးနှင့် မလေးရှားရောက်လူငယ်များတွေ့ဆုံ

မတ် (၁၇) တနင်္ဂနွေ
မလေးရှားနိုင်ငံသို့ ခတ္တရောက်ရှိလာသော ချင်းအမျိုးသားတပ်ဦး (CNF – Chin National Front) က ဒေါက်တာရွှေခါး နှင့် မလေးရှားရောက် တိုင်းရင်းသားမျိုးချစ်လူငယ်များ မတ်လ (၁၆) ရက်နေ့ ညနေ (၈း၀၀) နာရီအချိန့်ခန့်တွင် Saigon စားဆိုင်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ ဤတွေ့ဆုံ ဆွေးနွေးမှုကို မလေးရှားရောက် မျိုးချစ် ကချင်လူငယ်များမှ ကမကထ ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် မလေးရှားနိုင်ငံရောက် တိုင်းရင်းသားအဖွဲ့အစည်း များမှ ခေါင်းဆောင်များကိုလည်း ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရပါသည်။ တွေ့ဆုံဆွေးနွေးမှုတွင် တိုင်းရင်းသားလူငယ်များမှ ပြည်တွင်း ငြိမ်းချမ်းရေး အခန်းကဏ္ဍ တွင် UNFC အရေးပါအရာရောက်မှု၊ UNFC ၏ရပ်တည်မှု နှင့် လုပ်ဆောင်နေမှု များနှင့်ပါတ်သက်ပြီး ဒေါက်တာရွှေခါးနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ 

0 comments:

Post a Comment