Slideshow Image 2

ကေအိုင်အေ တပ်ရင်း (၃၆) တွင်တိုက်ပွဲပြင်းထန်

မေ (၄) သောကြာ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၄) ဒေသ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်ရင်း (၃၆) နယ်မြေဖြစ်သော ဖိုင်ကောန် ကျေးရွား အနီးတွင် မေ (၂) ရက်နေ့ ညနေပိုင်း (၇း၄၅) နာရီခန့်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ကွတ်ခိုင်အခြေစိုက် ဗမာအစိုးရ စစ်တပ် ခမရ (၂၄၂) တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရသည် ကေအိုင်အိုအစိုးရနှင့် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးချိန်ကာလတွင် ကေအိုင်အိုအစိုးရ ထိန်းချုပ်နယ်မြေများဖြစ်သော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် စစ်အင်းအား၊ လက်နက်အင်းအားများ ပိုမိုတို့ချဲ့ လာသည်မှာ ဗမာအစိုးရဘက်မှ ငြိမ်းချမ်းရေးကို အမှန်တကယ် မလိုလားကြောင်း ပေါ်လွင်နေသည်ဟု ဒေသခံပြည်သူများမှ ပြောဆိုနေကြသည်ကို သိရှိရပါသည်။

1 comments:

Unknown said...

ကချင်ညီကိုများတို့စိတ်ဓတ်မကျနှင့်ဗမာဖက်ဆစ်နယ်ချဲ့စစ်အုပ်စုကို။
တိုက်တာတိုက်။

Post a Comment