
ထိုတွေ့ဆုံပွဲတွင် KIO ကိုယ်စားလှယ်များအား ပြည်သူလူထုမှ ရှေ့ဆက်ဆွေးနွေးမည့် ဆွေးနွေးပွဲများ အတွက် အရေးပါသည့် အကြံညဏ်များပေးခဲ့ပြီး ဒုဗိုလ်ချုပ်ဂွန်မော် မှလည်း ပြည်သူလူထုများ မေးမြန်းသော မေးခွန်းများအား ပြန်လည် ဖြေကြားပေးခဲ့သည်။
“ကမ္ဘာကိုရော မြန်မာနိုင်ငံကိုပါ ကျွန်တော်တို့ ပြောနေတာကတော့ ကျွန်တို့ လူမျိုးတွေဟာ လွတ်လပ်ရေး ကိုကြိုက်တဲ့ လူမျိုးဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်းပြော ပြခဲ့ကြောင်း၊ စစ်မှန်သော ဖယ်ဒရယ် Political Self Determination ကိုရအောင်ကြိုးစားနေတာဖြစ်ကြောင်း၊ ဒါကိုရရင် ကျွန်တော်တို့ ကျေနပ်ပြီ။” ဟု ဒုဗိုလ်ချုပ်ဂွန်မော်က ပြည်သူလူထုနှင့် တွေ့ဆုံစဉ်ပြေားကြားခဲ့ကြောင်း သိရှိရပါသည်။
UK, US နိုင်ငံတို့သည် နှစ်ဖက်အဖွဲ့မှ ဖိတ်ကြားမှ လာရောက်နိုင်မည် ဖြစ်ကြောင်း အခုဟာ KIO ဖက်မှ ဖိတ်ခေါ်ထားသော်လည်း ဗမာအစိုးရ ဖက်မှ ဖိတ်ခေါ်သည် မဖိတ်ခေါ်သည်ကို မသိရကြောင်း ဒီ့အတွက်ကြောင်း US၊ UK တို့ တွေ့ဆုံဆွေးနွေးပွဲသို့ မတက်ရောက်နိုင်ခဲ့ကြောင်း ဆက်လက်ရှင်းပြခဲ့သည်။
ဒီဆွေးနွေးပွဲမှာ အပြစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖြစ်မည် မဟုတ်ကြောင်း နိုင်ငံရေး ဆွေးနွေးပွဲကို နည်းလမ်း တကျနှင့် လုပ်ဆောင်သွားမည်ဟု ကုလကိုယ်စားလှယ်များအား ကြိုတင် ပြောထားပြီးဖြစ်ကြောင်း ဒုဗိုလ်ချုပ်ဂျွန်မော် မှ ပြည်သူလူထုကို ရှင်းပြသွားကြောင်း ကြားသိရပါသည်။
1 comments:
grai hkrak sai lo.
Post a Comment