Slideshow Image 2

မင်းတို့ရဲ့ ပြည်ထောင်စု

တိုင်းရင်းသားများက ပြည်ထောင်စုကို ဒီလို၊ ဒီလိုတည်ဆောက်မည်ဟု ပြောသည်။ ပြည်မက ဟိုလို၊ ဟိုလို တည်ဆောက်မှ ပြည်ထောင်စုဟု ပြောသည်။ နှစ်ဦးနှစ်ဘက်လုံးက ပြည်ထောင်စု အကြောင်းပြောနေပါလျက်နှင့် ညှိလို့ မရခြင်းသည် ပြည်ထောင်စုနှစ်ခု မတူလို့ပင် ဖြစ်ရမည်။

လက်ရှိပြည်ထောင်စုကြီးကို ကြည့်ရတာ ဗမာအနံ့အသက်ချည်းသာ ဖြစ်သည်။ ကျန်တဲ့ တိုင်းရင်းသားများရဲ့ အရိပ်အယောင် ဘာမှ မတွေ့ရ။ ဗမာတို့ရဲ့နိုင်ငံမှာ ကျန်တိုင်းရင်းသားများ လာရောက်နေထိုင်နေသလို ခံစားနေရတာ မဆန်းပါ။ နေပြည်တော်ဟုခေါ်သော မြို့ကြီးမှ ဗမာမင်းများ၏ လွှတ်တော်သဖွယ် နန်းပြသာဒ်ဆောင်များတွင် လွှတ်တော်တက်ရသည်။ ရှေးဗမာမင်းများ၏ အဆောင်အယောင် ကျိုင်းဆိုတာကြီးကို ထမ်းပြီး ဗမာတိုက်ပုံနှင့်လူ ၀င်လာလျင် မတ်တပ်ရပ်ပေးကြရသည်။ “မှန်ပါ့ ဘုရား” မထူးရသည်ပင် ကံကောင်းလှပြီ။

မိမိတို့ကိုယ်တိုင်က မဟာဗမာဝါဒစွဲကိုင်ပြီး၊ ဗမာယဉ်ကျေးမှုများဖြင့် နိုင်ငံတည်ဆောက်ထားပါလျက် ပြည်ထောင်စုဖြစ်ချင်သေးသည်။ ဒီပြည်ထောင်စုထဲမှာ တိုင်းရင်းသားတို့နှင့် ဆိုင်တာ ဘာမှ မတွေ့ရ။ ဗမာနှင့် တခြားတိုင်းရင်းသားများ၏ အမျိုးသားရေး အခွင့်အရေးကလဲ မိုးနှင့်မြေလို့ ကွာသည်။ တိုင်းရင်းသားများ၏ စိတ်ထဲတွင် မင်းတို့ရဲ့ပြည်ထောင်စုဟု သတ်မှတ်ထားသည်မှာ မဆန်းတော့ချေ။

သဗ္ဗေသတ္တာ ကမ္မတကာ။
မောင်ရေခဲ

0 comments:

Post a Comment