Slideshow Image 2

တလုံးတဝတည်း

ချစ်ခြင်းအကြီးစား
ဒို့ကချင် အမျိုးသား။
စည်းလုံးညီညွှတ်သည်
ဆွဲထုတ်မရပြီ။

တဦးထိရင် တဦးနာ
ဆက်၍ အထိမခံပါ။
ယနေ့ ဂေါ့မော့်ချန်းယိန်း
နှစ်နှစ် ပြည့် မှတ် အထိန်း။

“လပ်ဂီ” တဲ့ တရစ်ဆရာ
ရာစု ချီ၍ မမေ့နိုင်ပါ။
စာတန်နှင့် စစ်ပြန်ဖြစ်တာ
နှစ်နှစ် တင်းတင်း ပြည့်ပြီနော် - ဗျာ။

လွန်ခဲ့တဲ့ အပါတ်က
ပြည်နယ်မှာ ဆွေးနွေးကြ။
မြစ်ကြီးနား ပြည်သူလူထု
ကျယ်ပြန့်စွာ ကြိုဆိုသမှု။

လူဦးရေ ငါးသောင်းမျှ
သောင်းသောင်း ဖြဖြ ကြိုဆိုကြ။
လှိုက်လှိုက် လှဲလှဲပါဘဲလေ
သမိုင်းမှတ်တိုင် တခုပေ။

ချစ်ခြင်းကို ဖော်ပြကြတာ၊
အူအသည်းထဲ ကပါဘဲဗျာ………..။
စာတန်တောင် လက်မှိုင်ချ
ကြိမ်းမောင်းတွန်းပစ် ချိန်မရ။

KIO ဟာ ကချင်ပါ
ကချင် ချစ်ခြင်းမခမ်းနိုင်စရာ။
တလုံးတဝတည်း ခွဲမရမှန်း
စည်းလုံးခြင်းသည် မခွဲစတမ်း။

နောင်ဆို လိမ်လို့မရတော့
စာတန်လည်း သိရှာပြီပေါ့။
ချစ်ခြင်းနဲ့ ချစ်ခဲ့ကြရင်
ဘယ်သူခွဲခွဲ မရဘူးထင်။

ကျစ်ကျစ်လစ်လစ် ချစ်လေတော့
ကြားလေသွေးလို့ မရဘူးပေါ့။
ဒို့တွေ သိပ်ချစ်ကြသောအခါ
လေစိမ်း တိုက်လို့ မရရှာ။

လပ်ဂီဂေါ့မော့်ချန်းယိန်းရယ် -
စာတန် မင်းကို မှတ်မိနေ။
သူမှားခဲ့တာ သိပေမယ့်
နောင်တရပြီး ငြိမ်နေလေရဲ့။

အပြစ်ကို ဝန်မခံနိုင်ရှာဘူး
သူစမှားတာ - ဘုရားစူး။
မင်းရှေးဦး ဇာနည်မောင်
မင်းကြောင့် ဒို့လေ - တိုက်တိုင်းအောင်
ဒို့ကချင်မှန်လေသောခါ
ထင်ရှားပြီပေါ့ ကချင်ကမ္ဘာ…….။

                                                                              မနောမြေ - စိန်

0 comments:

Post a Comment