Slideshow Image 2

လွိုင်လောမ့်နှင့် လွိုင်ဆတ်ကြားတိုက်ပွဲပြင်းထန်

ဇွန် (၁၄) သောကြာ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ ကေအိုင်အေ တပ်မဟာ (၄) အုပ်ချုပ်နယ်မြေဖြစ်သော ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်ရင်း (၃၆) နှင့် (၃၈) ဒေသဖြစ်သော မုန်ဘော် နောင်းဟဲန် အနီး လွိုင်လောမ့်နှင့် လွိုင်ဆတ်ကြားတွင် ဇွန် (၁၄) ရက် ညနေပိုင်း (၂း၀၀) နာရီ အချိန်ခန့်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်တို့အကြား တိုက်ပွဲပြင်းထန်စွား ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ၏ ခလရ (၂၄၂)၊ (၅၀၇) ဟုယူဆရသော တပ်ရင်းများသည် ယင်းလှ ဘက်သို့ ထိုးစစ်ဆင်လာသောကြောင့် ယခုကဲ့သို့ ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ဗမာစစ်ကြောင်းများသည် ဦးနောင်ဆိုင်း ဆိုသူကိုလည်း လမ်းပြအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားသောကြောင့် မိသားစုများ စိတ်ပူပန်လျှက်ရှိကြောင်း သိရှိရပါသည်။ တိုက်ပွဲသတင်း အသေးစိတ်ကို ဆက်လက်စုံစမ်းလျှက် ရှိပါသည်။

0 comments:

Post a Comment