Slideshow Image 2

ဝင်းဆိုင်တွင် တိုက်ပွဲပြင်းထန်လျှက်ရှိ

ဇွန် (၁၈) အင်္ဂါ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) လက်အောက်၊ တပ်ရင်း (၃၆) ဒေသ မုန်ဘော်၊ ၀င်းဆိုင်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်များ ဇွန် (၁၈) ရက် ယခုသတင်းရေးသား ချိန်တွင် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ စစ်တပ်မှ ကေအိုင်အေ ထန်းချုပ်နယ်မြေများသို့ စစ်အင်အား အလုံး အရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး၊ လက်နက်ကြီးများဖြင့် ပစ်ခတ်လျှက်ရှိကြောင်း သိရှိရပါသည်။ ဗမာစစ်တပ်များ၏ လက်နက်ကြီးများဖြင့် ပယမ်းပတာ ပစ်ခတ်မှု၊ တမင်ရှို့မှုတို့ကြောင့် ၀င်းဆိုင်ရွာရှိ ပြည်သူများ၏ အိုးအိမ်များ မီးလောင်ကျွမ်းလျှက်ရှိကြောင်း သိရှိရပါသည်။ ၀င်းဆိုင်ရွာကို မီးလောင်တိုက်သွင်းလိုက်မည်ဟု ကျုံးဝါးက ရွာကို မီးရှို့နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဗမာအစိုးရ စစ်တပ်များသည် ခမရ (၂၄၂) အပါအ၀င် တပ်ရင်းများစွားဖြင့် တနင်္ဂနွေနေ့မှ စ၍ ကေအိုင်အေ ထိန်းချုပ်နယ်မြေများသို့ ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ယခုတိုက်ပွဲသည် ကေအိုင်အိုအစိုးရနှင့် ဗမာအစိုးရတို့ ကချင်ပြည်နယ် မြစ်ဇကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးပြီးနောက် အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ကြောင်းလည်း သိရှိရပါသည်။

0 comments:

Post a Comment