Slideshow Image 2

မြစ်ဆုံရေကာတာ ဆက်လက်လုပ်ဆောင်ရန် စီပီအိုင် ပြင်ဆင်

အောင်မြင်သာကျေးရွာရှိ နှစ်ခြင်းဘုရားကျောင်း ကော်မတီအဖွဲ့နှင့် ( CPI) က (ဇွန်လ၊ ၁၄ ရက်၊ ၂၀၁၃) ရက်နေ့  မြစ်ဆုံရေကာတာ တည်ဆောက်ရာနေရာတွင် အဆောက်အဦးများကြည့်ရှု့ ရန် CPI မှ ခေါ်ယူသွားရောက် လေ့လာကြသည်။

အသင်းတော်ကော်မတီဝင် ဆရာမရစ်ဘောက်ဆန့်က CPI နှင့် အစိုးရအကြား ချုပ်ဆိုးထားတဲ့ စာချုပ်နှင့်ပတ်သက်မေးမြန်းခဲ့သည်။ CPI မှ ယခုအချိန်တွင် အစိုးရအနေနဲ့ စာချုပ်အား ပယ်ဖက်လို့မရနိုင်ကြောင်း၊ အကယ်၍ စာချုပ်သဘောတူညီမှုကို ကတိဖျက်ခဲ့မည်ဆိုလျှင်လည်း နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအား ဖြင့်ပြန်လည် လုပ်ဆောင်နိုင်ကြောင်း ပြောခဲ့သည်။

သို့သော် သမ္မတကြီးမှ စာချုပ်အား ဖျက်မည့်အကြောင်းမပြေားဘူး၊ ခဏရပ်ဆိုင်းမယ် လို့သာ ပြောသောကြောင့် CPI အနေဖြင့် ဘာမှ လုပ်ဆောင်နိုင်ခြင်မရှိပဲ သမ္မတ သက်တိုင်းကုန်မည့် ရက်ကိုသာစောင့်နေရကြောင်း ဒေသခံများအားပြောခဲ့သည်။

အောင်မြင်သာကျေးရွာကို လုပ်ဆောက်ပေးထားသော အိမ်ယာ များအပေါ် CPI အနေဖြင့် ကူညီထောက်ပံ့ပေးသည့်အရာများ ပြီးပြည့်စုံပြီးလို့ ထင်မြင်မှုရှိလာ၊ ဆက်လက်ကူညီရန်ရှိးလားဟု  ဒေသခံ ဆရာမ ဒေါ်ရွယ်တောင် မေးမြန်ခဲ့သည်။

CPI အနေဖြင့် ဆက်လက်ကူညီစရာအကြောင်းမရှိပဲ စေတနာသက်သက်ကြောင့်သာ အခုလိုကူညီထောက်ပံ့ပေးနေကြောင်းကို ဖြေခဲ့သည်။ ထို့ပြင် အခုဆောက်လုပ်ပေးထားသည့် အိမ်ယာများသည် နဂိုအိမ်ထက်ကြီးအောင်ဆောက်ထားပေးသည်။ ထိုအိမ်များ ပျက်စီးချို့ ယွင်းလာရခြင်းမှာ အိမ်ယာများဆောက်လုပ်ချိန်တွင် လူကြီးများ မြန်မြန်ဆောက်လုပ်ပေးရန် တွန်းအားပေးမှုတွေကြောင့် Asia World မှ သစ်စိုများ အဖြင့် အချိန်လောက်မှုမရှိပဲ မြန်မြန် ဆောက်လုပ်လိုက်ရခြင်းဖြစ်ကြောင့်ဖြစ်သည်။ သို့သော် Asia World မှ ကြိုးစားပြီး ပြန်လည်ပြုပြင်ပေးနေသည်ဟု CPI မှ ပြောသည်။

တဖန် (CPI)  ခန်ဘူ ဧရာဝတီမြစ်ကူး တံတားရဲ့ကုန်ကျမယ့်တန်ဖိုးနှင့် မြစ်ကူးတံတားသည် (၇၇၀) မီတာ ရှိပြီး၊ ကုန်တန်ချိန်  (၂၀၀) နှင့် (၃၀၀) ထိ ခံနိုင်ရည် ရှိသော တံတားဖြစ်ပြီး ကုန်ကျစရိတ်က တရုတ်ငွေ သန်းပေါင်း (၂၅၀) ကုန်ကျမည် ဖြစ်ကြောင်း ပြောခဲ့သည်။

ရေကာတာစီမံကိန်းကြီးသည် ဒေသခံများ ဖွံ့ဖြိုးရေးအတွက် အရေးပါးကြောင်းနှင့် မိမိတို့ (CPI) အနေဖြင့် မြစ်ဆုံရေကာတာကြီး ဆက်လက်လုပ်ဆောင်နိုင် ကြိုးစာနေသည်ဟု ပြောခဲ့သည်။ 

0 comments:

Post a Comment