Slideshow Image 2

ဗမာစစ်တပ်မှ အပြစ်မဲ့ယူသူများကို ဓါးစာခံအဖြစ် ဖမ်းဆီးအသုံးပြု

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ ကေအိုင်အေတပ်မဟာ (၄) နယ်မြေဖြစ်သော ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်ရင်း (၃၆) ဒေသ လွိုင်ဆာနှင့် ယိန်းဆိုင်ရွာကြားတွင် ဇွန် (၁၈) ရက်နေ့ နေ့လည် (၁၂း၀၀) နာရီခန့် အချိန်မှ ကေအိုင်အေမျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ် ခလရ (၁၂၈) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ စစ်တပ်မှ (၆၀မမ) လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင်း ၀င်းဆိုင်ရွာမှ ဦးမရစ်ဘရန်၊ ဦးအင်ဒုပ်ခွန်ဖုန်း၊ ဦးဂျိန်ဖော့လတို့၏ နေအိမ်များ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် မီးလောင်ပြာကျသွားကြောင်း သိရှိရပါသည်။

ဗမာအစိုးရ စစ်တပ်များမှ ၀င်းဆိုင်ရွာတွင် လယ်လုပ်နေသော အသက် (၂၃) နှစ် အရွယ် မောင်မရန်ယော် ကိုလည်း လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်ပြီး၊ ဇွန် (၁၄) ရက်နေ့တွင်လည်း ကလေး (၆) ယောက်ဖခင် ဦးဇခုံလွမ်းခေါင်းကို ဖမ်းဆီးခေါ်ဆောင်သွားကာ ပစ်သတ်ခဲ့ကြောင်း သိရှိရပါသည်။ ဇွန် (၁၆) ရက်နေ့တွင်လည်း ဟူးန ရှမ်းရွာမှ ရှမ်းအမျိုးသား (၁၂) ဦးကို လမ်းပြအဖြစ်ခေါ်ဆောင်သွားကာ ဇွန် (၁၇) ရက်နေ့ နေ့လည်း (၁း၀၀) နာရီအချိန်ခန့်တွင် ကျပ်ငွေ (၁၀၀၀) စီပေးကာ ပြန်လွှတ်လိုက်ကြောင်း၊ ဤသို့ ရွာသားများကို ခေါ်ဆောင်သွားပါက ကေအိုင်အေဘက်မှ ပစ်ခတ်ခြင်းမရှိသည်ကို အခွင့်ကောင်းယူ၍ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ပြန်လွှတ်လာသူများ၏ ပြောပြချက်အရ သိရှိရပါသည်။

1 comments:

Unknown said...

ဖက်စစ်ဗမာစစ်အုပ်စုနှင့်အခါပေါ်င်တရာမက၊ဆွေးနွေးပါ၊
ဘာအကီူးမှထှုးမှာမဟုတ်ဘူး၊နယ်ချဲ့ဗမာစစ်အုပ်စုကဆုံးဖြတ်
ပြီးသား။မိမိတို့ရှိသမျှမုသာစကား၊ရိုသမျှညာဏ်နိ၊ညာဏ်နက်
သုံးပြီး၊ရှိသမျှလူအင်အား၊လက်နက်အင်အားနှင့်၊တိုင်းရင်းသား
များအား၊ချေမုန်းသွားမယ်၊ဒါဟာနယ်ချဲ့ဗမာစစ်အုပ်စုရဲ့ပြတ်သား
သောင်္ဆုးဖြတ်ချက်ဖြစ်တယ်။

Post a Comment