Slideshow Image 2

KIO ကိုယ်စားလှယ်များအား လိုင်ဇာဒေသခံများ (၄) ထောင်ခန့်ကြိုဆို

မြစ်ကြီးနားမှ ယနေ့ ဇွန် ၁ ရက်နေ့ နံနက် ၉ နာရီခန့်မှ စတင်ပြီ ထွက်ခွာလာသော KIO ကိုယ်စားလှယ်များ ညနေ (၃) နာရီခန့်တွင် လိုင်ဇာမြို့သို့ရောက်ရှိကာ ဒေသခံများ (၄) ထောင် ခန့်အားပါးတရ ကြိုဆိုခဲ့ကြသည်။

KIO ကိုယ်စားလှယ်များမှ လည်း ဒေသခံများနှင့် တွေ့ဆုံကာ ဆွေးနွေးပွဲရလာဒ်များအား ရှင်းလင်းပြောပြခဲ့သည်။

မြစ်ကြီးနားမှ ယနေ့ ဇွန် ၁ ရက်နေ့ နံနက် ၉ နာရီခန့်မှ စတင်ပြီ KIO ဆွေးနွေးပွဲ ကိုယ်စားလှယ်များအား ကုလအထူးကိုယ်စားလှယ် Mrs. Maria၊ လွတ်တော်အမတ် နှစ်ဦး ဦးခက်ထိန် နန် နှင့် ဒေါ်ဒွဲဘူ၊ PCG အဖွဲ့၊ ကချင်ရပ်မိရပ်ဖများနှင့် ကချင်လူငယ်များ အင်းအား ၈၀၀ ခန့်သည် နမ်ဆန်ယန်အထိ လိုက်လည်လိုက်ပို့ခဲ့ကြသည်။

လူငယ်များမှာ မြစ်ကြီးနားမှ ဆိုင်ကယ်အောင်မြေ (၂) အထိလိုက်ပို့ ခဲ့ပြီး ကချင်ရပ်မိ ရပ်ဖအချို့ မှာ နမ်ဆမ်ယန်အထိ ကားများဖြင့် လိုက်လည် လိုက်ပို့ခဲ့သည်။ မြစ်ကြီးနားမြို့မှ အောင်မြေ (၂) အထိ လမ်းတစ်လျှောက် ဒေသခံများ စောင့်ကြို နှုတ်ဆက်ခဲ့ကြသည်။ မြစ်ကြီးနားမြို့မှဆိုင်ကယ်အစီးရေ (၃၀၀) ခန့်နှင့် ကားအစီးရေး (၁၀၀) ခန့်ရှိသော ကားတန်းများဖြင့် မြစ်ကြီးမှ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

2 comments:

Unknown said...

ကချင်ပြည်၌နေထိုင်ကြသောတိုင်းရင်းသားများသိစေအပ်ပါသည်။ကချင်ပြည်၌စစ်မှန်သောငြိမ်ချမ်းရေးဖြစ်ပေါ်စေချင်ရင်၊စစ်ရေးနိုင်ငံရေး၌ KIO.., KOA..နှင့်,စိတ်တလုံးတဝတည်းပူးပေါ်င်းဆောင်ရွက်ပါ၊ဒါပေမဲ့မကူညီချင်နေ၊မနောက်ရှက်နှင့်၊မစော်ကားနှင့်၊ကချင်ပြည်ကိုလာနယ်ချဲ့၊လာစော်ကားတာ၊အနိုင်ကျင့်တာ၊ဖက်ဆစ်ဗမာစစ်လက်နက်ကိုအုပ်စုဆိုတာလူတိုင်းသိတယ်။

Unknown said...

myen ni gaw mau dik na sai , KIO gaw Jing hpaw wun pawng a myu sha ni yawng a gawng malai re gaw dum chye lu na sai ngu kam ai ,mung masha ni ndai daram ngun jaw ai gaw majan amajaw re ,KIA/ KIO ni tsawm ai majaw nre, majan jahkring - Mung masa mung bai aten garawt nna sai katsi mat ai rai yang mung masha ni nju mat na hpe bai dum ga ,maigan mungdan shagu kaw nga nga ai myu sha ni yawng a myit mada ai lam gaw awmdawm ahkaw ahkang lu na matu re, MYEN wa a matu mungkan rap daw aman ,lam hpaw ya ai lamang nbyin u ga kyu hpyi ya n ngai ,mai byin yang gaw majan baw nna lamu ga ni law malawng lu la ai hpang mung masa bawng yang grau mai na kun?ya gaw lai wa sai majan MYEN wa grai si ai nga tim lamu ga gaw grai shayaw kau sai ,Dung (6) hte sin praw hkran lamu ga ni,MYEN ni gaw grai wa myit nsu ai ngu hpe dum ai majaw hpaji jaw shadum dat ai ,

Post a Comment