Slideshow Image 2

ကေအိုင်အေ တပ်ရင်း (၂၇) တွင် တိုက်ပွဲဖြစ်ပွား

ဇူလိုင် (၁၃) စနေ
ကချင်ပြည် ကေအိုင်အိုအစိုးရ အရှေ့ပိုင်းတိုင်း ကေအိုင်အေ တပ်မဟာ (၃) လက်အောက် တပ်ရင်း (၂၇) နယ်မြေဖြစ်သော ဆင်ခေါင်းတောင် (မဂွေဘွမ်) တွင် ဇူလိုင် (၁၂) ရက်နေ့ည (၇း၀၀) နာရီ အချိန်ခန့်တွင် ကေအိုင်အေ တပ်ရင်း (၂၇) မှ ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ၏ တပ်ရင်း ခလရ (၆၉) နှင့် ကေအိုင်အေမျိုးချစ်ရဲဘော်များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဗမာအစိုးရ စစ်တပ်ဘက်မှ (၂) ဦး သေဆုံးကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment