
ရုပ်ဆိုးစွာသောင်းကျန်းနေသော တပ်မှာာ မြစ်ကြီးနားမြို့အတွက် ခလရ (၃၇) တပ်ရင်းဖြစ်ကြောင်း၊ ရပ်တန့်စစ်ဆေးရာတွင် ပိုက်ဆံမပေးသူများ၏ဆိုင်ကယ်တိုးဘောက် (Tools box) ဖွင့်ခိုင်းပြီး ရဲဘော်များ အသင့်ဆောင်ထားသော ဘိန်းအ၀တ်စကို ရှာတွေ့ဟန်လုပ်ပြီး မှုးယစ်မှုဖြင့်ခြိမ်းခြောက်နေကြောင်း သိရှိရပါသည်။ ငွေပေးနိုင်သူများကို လွတ်လိုက်ပြီး ငွေမပေးသူများကို ရဲခေါ်အပ်ကြသည်။ ထိုကြားမှာငွေဖြင့် မဖြေရှင်းနိုင်ပါက ထောင်ကျကြသည်။
ဤကဲ့သို့တပ်၏ ဆိုးယုတ်သော လုပ်ရပ်များကို နေ့စဉ်မြင့်တွေ့နေရသော ၄င်းတပ်ရင်းမှ အမည်မဖော်လိုသူ ဆရာကြီးတစ်ဦးမှာ တပ်မတော်မှ အမြန်ပင်ဆင်ယူချင်လှပြီဖြစ်ကြောင်း ၀မ်းနည်းစွာ ပြောပြသည်ကိုလည်း ကြားရပါသည်။
စိန်နိုင်-ရွက်လှမြိုင်
0 comments:
Post a Comment