
ကျွန်တော်တို့ ပြည်နယ်ကိုယ်စားပြုထားတဲ့လူမျိုးတွေက မိမိစိတ်ကြိုက် ဥပဒေ ပြဌဋ္ဌာန်းပြီး အုပ်ချုပ်သွားမဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်မျိုးကိုဆို လိုတာဖြစ်တယ်။ ခင်ဗျားပြောတဲ့ အတုအယောင်ကိုယ်ပိုင်ပြဌာန်းခွင့်မျိုးကို ဆိုလိုချင်တာလုံးဝမဟုတ်ပါ။ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အသစ်ပြန်ရေးဆွဲဖို့ကိစ္စကိုလည်း ကြောက်ကန်ကန်ငြင်းဆိုပြီး ဘယ်အာဏာရအစိုးရမှ မိမိရဲ့ အာဏာစွတ်လွတ်ဖို့ကို အသာတကြည် လက်ခံမယ်မဟုတ်ဘူး၊ လုပ်ရဲရင်လုပ်ကြည့်ပါဆိုတဲ့ ပုံစံမျိုးနဲ့ ခြိမ်းခြောက် ပြောနေခြင်းသည် ရုပ်ပျက်ဆင်းပျက် စစ်ဗိုလ်ဇာတိပြနေခြင်းသာဖြစ်သောကြောင့် ပြည်ထောင်စုလွှတ်တော်ဥက္ကဌ တစ်ဦးအနေနဲ့ တာဝန်ယူထမ်းဆောင်ရန် မသင့်တော်ကြောင်း၊ ဒီလိုအယူအဆအတွေးအခေါ်မျိုးနဲ့ လွှမ်းမိုးထား ခြင်းခံနေရတဲ့လူကို သမ္မတအဖြစ်နဲ့ ရွှေးချယ်ခန့်ထားရန် မဲပေးဖို့ဆိုသည်မှာ ပိုပြီးတော့လုံးဝမဖြစ် သင့်ကြောင်းနှင့် 2008 စာအုပ်ကို မူလပိုင်ရှင်ဖြစ်တဲ့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ၄င်းစာအုပ်ရေးဖို့ တာဝန်ပေးခြင်းခံခဲ့တဲ့ ဥပဒေပညာရှင်ဆိုသူကို အပြင်မှာရောင်းပန်းမလှလို့ အပြီးအပိုင်ပြန်အပ်ပါတယ်ဆိုပြီး ပြန်လည် အပ်နှံလိုက်ခြင်းသည် အကောင်းဆုံးသော နည်းလမ်းဖြစ်ကြောင်းပြောကြားလိုပါသည်။
ပြည်သူ့တမန်
0 comments:
Post a Comment