Slideshow Image 2

ကေအိုင်အေ တပ်ရင်း (၇) ဒေသတွင် တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း ကေအိုအေ တပ်မဟာ (၁) လက်အောက် ကေအိုအေ တပ်ရင်း (၇) ဒေသဖြစ်သော ပူတာအိုခရိုင် အင်ခဂါးကျေးရွာအထက်တွင် အခြေစိုက်တပ်စွဲထားသော ကေအိုင်အေ အမှတ် (၂) ပြည်သူ့စစ်တပ်ရင်မှ ဗိုလ်ကြီး ပခေါင်တန်ခမ့် ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၁၂) ဦးနှင့် ဗမာအစိုးရစစ်တပ် ခလရ (၁၃၇) တပ်ဖွဲ့နှင့် တန်ဂူးတန်တပ်ဖွဲ့များပူပေါင်းပါဝင်သော အင်အား (၂၀၀) ခန့်တို့သည် စက်တင်ဘာလ (၁) ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တပ်များသည် ကေအိုင်အေများ တပ်စွဲထားသော အင်ခဂါး ဘက်သို့ ထိုးစစ်ဆင် ရောက်ရှိလာသောကြောင့် ယခုလိုတိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ တိုက်ပွဲတွင် ဗမာအစိုးရ စစ်တပ်ဘက်မှ ဗိုလ်ကြီးဇော်မျိုးဆက် နှင့် တပ်သား (၃) သေဆုံးကြောင်းနှင့် ကေအိုင်အေဘက်မှလည်း တပ်သား တစ်ဦး ကျဆုံး သွားကြောင်း သိရှိရပါသည်။

0 comments:

Post a Comment