Slideshow Image 2

ဗမာစစ်တပ်မှ အင်ခန်ဂါးရွာသားများအား ခြိမ်းချောက် လက်မှတ်ထိုးခိုင်း

ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် အင်ခန်ဂါးကချင်ကျေးရွာတွင် ရွာသူရွာသားများ၏ ပစ္စည်းဥစ္စာ (ငွေ၊ အသုံးအဆောင်၊ ကျွဲနွားတိရစ္ဆာန်များကို တပ်မတော်စစ်ကြောင်းမှ လုယက်ခိုးယူမှုများ မပြုလုပ်ကြောင်း တပ်မတော်မှ ရွာသားများအား ခြိမ်းခြောက်၍ လက်မှတ်ရေးထိုးစေခဲ့ကြောင်းသိရပါသည်။

ဖြစ်စဉ်မှာ သြဂုတ်လ (၂၈ရက်နေ့တွင် ကေအိုင်အေနှင့် အစိုးရစစ်တပ်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် အစိုးရစစ်တပ်မှ အထိနာ၍ ရွာသားများကို ညှင်းပန်းမှုများပြုလုပ်လာသောကြောင့် ရွာသားများအားလုံးရွာမှ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း ထိုရွာကိုတပ်စစ်ကြောင်းမှ (၂) ပါတ်တာမျှ စိုးမိုးနေထိုင်ကြကြောင်း သိရပါသည်။
        
၎င်းဖြစ်စဉ်များအကြောင်း သတင်းကွန်ယက်ပေါ်ရောက်ရှိပျံ့နှံ့လာသောကြောင့် ယခုအချိန်တွင် ဗမာတပ်စစ်ကြောင်းမှ ရွာသားများကို ပြန်လည်လိုက်ခေါ်ပြီး ပြန်လာသော အခါရွာ နေအိမ်များမှ ပစ္စည်းဥစ္စာများ (စားသုံးကုန်နှင့်တိရစ္ဆာန်များအပါအ၀င်အားလုံးဖောက်ထွင်းခိုးယူထားခြင်းများတွေ့ရှိရကြောင်း ရွာသူရွာသားများအား တပ်မတော်မှ မည့်သည့်ပစ္စည်းမျှမယူကြောင်း ခြိမ်းခြောက်ကာ
လက်မှတ်ရေးထိုးစေကြောင်း၊ ရွာသားများလည်း ကြောက်ရွံ့၍ လက်မှတ်ရေးထိုးပေးခဲ့ရကြောင်း သိရပါသည်။
        
ဆက်လက်ပြီးအစိုးရတပ်မတော်သည် အင်ခါဂါးကျေးရွာမှ သင်းထောက်ဆရာဦးခေါဒုတ်နှင့် ဦးယုံဖခင် တို့ နှစ်ဦးအား  နှိပ်စက်လွနှ်ိ၍ သေဆုံးသွားသော အခါတောတွင်းတစ်နေရာတွင် ၀ှက်ထားခဲ့ရာ ယခုအခါရွာသားများပြန်လည်တွေ့ရှိကြပြီးဖြစ်ကြောင်း၊ ထို့အပြင် သင်းအုပ်ဆရာဦးရမ်မိုင်နှင့် အမျိုးသား (ဦးတို့အား ဘုရားကျောင်းတွင် ချုပ်နှောင်ထားပြီး ကြိမ်ကြိမ် ရိုက်နှက်နှိပ်စက်ကြကြောင်း ၄င်းသင်းအုပ်ဆရာမှာ ယခုထိအိပ်ယာမှ မထနိုင်သေးကြောင်းသိရပါသည်။
        
ယခုအချိန်တွင် ပူတာအိုနှင့် မချမ်းဘောမြို့မှ ကုန်းလမ်း၊ မလိခမြစ်ရေကြောင်းလမ်းများကို ဆက်လက်ပိတ်ဆို့ထားကြောင်း၊ အင်ခါဂါးဒေသတစ်ဝိုက်ရှိ ဒေသခံပြည်သူများအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီကင်းမဲ့၍ အသက်အန္တာရာယ်စိုးရိပ်ရမည့်အခြေအနေသို့ရောက်နေကြောင်းသတင်ရရှိပါသည်။
       
မြန်မာအာဏာရှင်များသည် အောက်တိုဘာလတွင် တစ်နိုင်ငံလုံးအပြစ်ရပ်စဲရေးလက်မှတ်ရေးထိုးရန် အာဘောင်အာရင်းသန်သန် ကြွးကြော်နေသော်လည်း ကချင်ပြည်သို့ထိုးစစ်များတိုးလာကြောင်း၊ ဗန်းမော် မြစ်ကြီးနားကားလမ်းတလျှောက်လည်း ဗမာ့တပ်မတော်သားတွေပဲချထားသည်။ စက်တင်ဘာလ ၁၆ ရက် ညတွင်လည်း မြစ်ကြီးနားဘူတာရုံသို့ စစ်သားများတင်ဆောင်ထားသော တွဲ (၁၀) တွဲပါ ရထား ဆိုက်ရောက်လာကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment