Slideshow Image 2

ကချင်လူငယ်များအား ဘိန်းဖြူရောင်းချသူကို ကေအိုင်အိုအစိုးရမှဖမ်းဆီး

ကချင်ပြည်နယ် အတွင်း ကချင်းကျောင်းသားများနှင့် ကချင်လူငယ်များကို အဓိက ဘိန်းဖြူနှင့် မူးယစ်ဆေးဝါးများကို ရောင်းချရန် ဗမာစစ်တပ်မှ တာဝန်ပေးထားခြင်းခံရပြီး လက်တွေ့ရောင်းချနေသော ဘိန်းရောင်းသူတစ်ဦးကို ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အိုအစိုးရ၏ မူးယစ်ဆေးဝါး တားဆီး နှိပ်နင်းရေး လုပ်ဆောင်ချက်အရ ကေအိုင်အေ တပ်မဟာ (၃) လက်အောင် တပ်ရင်း (၂၇) မှ မျိုးချစ်ရဲဘော်များသည် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ ဗန်းမော်ခရိုင် မန်ဝိန်းကျေးရွာတွင် ကချင်လူငယ် လူရွယ်များ၊ ကျောင်းသားများအား ဘိန်းဖြူနှင့် မူယစ်ဆေးဝါးများကို အဓိကရောင်းချပေးသောသူကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဖမ်းဆီးထားသော ဘိန်းရောင်းချသူအား ကေအိုင်အိုအစိုးရမှ စစ်ဆေးမေးမြန်းမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရှိရပါသည်။


0 comments:

Post a Comment