Slideshow Image 2

မချမ်းဘောမြို့ နယ် အင်ခါးဂါးကျေးရွာ၏ နောက်ဆုံးသတင်းရရှိသည့် အခြေအနေ

- အင်ခါးဂါးကျေးရွာမှ တပ်မတော်မှ ဖမ်းစီးရမိထားသည့် လူ(၁၀)ဦး ကိုကာ ပြန်လွတ်ပေးပြီးဖြစ်သော်လည်း နှိပ်စက်မှု တော်တော်များများပြုလုပ်ခဲ့ကြောင်းသိရသည်။

-ထိုပြန်လွတ်ပေးခဲ့သည်သူများအား မချမ်းဘောမြို့သို့ပြန်လာခိုင်းခြင်းမရှိပဲ။ အင်ခါးကျေးရွာတွင်သာ နေထိုင်ခိုင်းလျှက်ရှိသည်။

- ကလေး ()ယောက်ဖခင် ဦးခေါဒွပ့် နှင့် အသက်(၂၀)ခန့်ရှိ လူငယ်တစ်ဦးဖြစ်သူကို ယွန်ခါခင်ကိုမူ တပ်မတော်အစိုးရမှ နှိပ်စက် သတ်ထားပြီး လမ်းဘေးတွေ အပေါ်ယံ မြှပ်နှံထားပေးကြောင်းသိရသည်။

- သက်ကြီးရွယ်အိုပိုင်းနှင့် ကလေးများကိုမူ အင်းခါးဂါးကျေးရွာ စာသင်ကျောင်းတွင် စုစည်းထားကြောင်းလည်း သိရသည်။

-လူလတ်ပိုင်းများသည် အခုအချိန်အထိတောများတွင် ပုန်းရှောင်နေသေးကြောင်း သိရသည်။

- အင်းခါးဂါးကျေးရွာ ဒေသခံများအား အကယ်၍သာ မချမ်းဘော၊ ပူတာအိုသို ပြန်မည်ဆိုရင် အင်ခါးကျေးရွာအား တပ်မတော်သားများမှ မီးရှို့ ပေးလိုက်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ကြာင်းသိရသည်။

- PCG မှ တဆင့် ဗိုလ်ချုပ် မြင့်စိုး အားဒေသခံများ၏ အခြေအနေတင်ပြထားသောကြောင့် မချမ်းးဘော၊ ပူတာအို ဌာနဆိုင်ရာမှ အင်းခါးဂါးကျေးရွာသို အခြေအနေ သွားရောက် ကြည့်ရှု့ရန် စီစဉ်ထားသော်လည်းအခုထိ မသွားနိုင်သေးကြောင်းသိရသည်။

-အုပ်ချုပ်ရေးအပိုင်း တာဝန်ရှိသူများ ၊မချန်းဘော့ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဖုန်ဆန့်ကိုယ်တိုင် မချန်းဘော့သို ရောက်ရှိပြီး အင်ခါးဂါးကျေးရွာဒေသခံများအား မြို့သို့ခေါ်ဆောင်ရန် ကြိုးစားနေသော်လည်း အခုထိ ဘာ တစ်ခုမှ အကောင် အထည် မဖော်နိုင်သေးကြောင်းသိရသည်။

-ထိုကျေးရွာဒေသခံများသည် စားဝတ်ရေး၊ ဆေးဝါကအစ အခက်အခဲများစွာရှိနေသည်။

-တောင်ယာစပါးရိတ်သိမ်းချိန်ဖြစ်သော်လည်း တချိ့ မှာ မရိတ်သိမ်းနိုင်ကြပေ။

-တောင်ယာစပါးများရှိသော်လည်း ဆန်မရှိသည့်အတွက် စားစရာ အခက်အခဲဖြစ်နိုင်ကြောင်း သိရသည်။

- စက်လှေဖြင့်လည်း တပ်မှလွဲပြီးဘယ်သူမှ စီးနှင်းခွင့် မရှိကြောင်းသိရသည်။

-တပ်မတော်စစ်တပ်မှ စက်လှေလမ်းကြောင်း ပိတ်ဆို ထားသည် အတွက် ဒေသခံများ အခက်အခဲရှိနေသည်။

-ဒေသခံများ၏ စက်လှေများကိုလည်း စစ်တပ်မှ ချောဆွဲခြင်း ပြုလုပ်သည့် အတွက်ဒေသခံ စက်လှေသမားများ ပုန်းရှောင်နေရသည်။


-အခုအချိန်တွင် ပိုပိုပြီးဒေသခံများ၏ အခြေအနေစိုးရိမ်စရာဖြစ်လာကြောင်း မချမ်းဘော၊ပူတာအို ဒေသခံများမှ ဆိုသည်။
Kachinwaves

0 comments:

Post a Comment