Slideshow Image 2

ကချင်ဒေသများသို့ ဗမာစစ်အင်အားပိုမိုဖြည့်တင်းလျှက်ရှိ

ကချင်ပြည်မြောက်ပိုင်း ပူတာအိုခရိုင် ဆွမ်ပီယန်ကျေးရွာသို့ ဗမာအစိုးရစစ်တပ် အင်အား (၂၀၀) ကျော်ခန့် ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ ထိုနည်းသူ ကချင်ပြည် ဗန်းမော်မြို့သို့  ကသာ သဘောင်္ဆိပ်မှ စက်တင်ဘာလ (၂၉) ရက်နေ့ ညနေ (၆း၀၀) နာရီဝန်းကျင်တွင် သဘောင်္နှစ်စီးဖြင့် ဗမာစစ်အင်အား (၄၀၀) ကျော် ထွက်ခွာသွားပြီဖြစ်ကြောင်း ကသာဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။ ဗမာအစိုးရသည် ငြိမ်းချမ်းရေးကို ပါးစပ်မှ တတွတ်တွတ်ပြောဆိုနေသော်လည်း လက်တွေ့တွင်မူ တိုင်းရင်းသား ဒေသများသို့ စစ်အင်အား အလုံးအရင်း ပို့ဆောင်နေလျှက်ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment