Slideshow Image 2

တပ်မ (၉၉) ကြောင့် မံတားကျေးရွာသားများထွက်ပြေးတိမ်းရှောင်

ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံတားကျေးရွာအနီးပတ်ဝန်းကျင်ရွာများမှ ရွာသူရွာသားများသည် KIA နဲ့ဗမာစစ်တပ်တို့ တိုက်ပွဲဖြစ်မည်စိုးရိမ်၍ တိမ်းရှောင်ရန်အတွက် ဧရာဝတီမြစ်ဆိပ်၌ စုပြုံနေကြကြောင်း၊ ဗန်းမော်မြို့သို့ ပြေးလာဖွယ်ရှိကြောင်း သတင်းရရှိပါသည်။
အဆိုပါဒေသသို့ အစိုးရတပ်မ (၉၉) ထိုးစစ်ဆင် လုပ်ရှားလာသောကြောင့် ရွာလူကြီးများမှ ထိုးစစ်မဆင်ရန် လာရောက်တောင်းပန်သော်လည်း တပ်မမှူးမှ “စစ်တိုက်ဖိုးလာတာ၊ ပြန်မဆုတ်ဘူး” ဟု တင်းမာစွာပြောလွတ်လိုက်သောကြောင့် ရွာသားများကြောက်လှန့်ပြေးကြခြင်းဖြစ်ကြောင်း သိရှိပါသည်။
ကြံ့ဖွံ့အတွင်း စကားအရ အောက်တိုဘာလ ၈-၁၀ ရက်အတွင် KIA နှင့်မြန်မာအစိုးရတို့၏ ဆွေးနွေးပွဲအဆင်မပြေပါက ကချင်ကိုအပြတ်ချေမုန်းရန် ဗမာစစ်တပ်မှ တပ်ဖြန့်အင်အား ဖြည့်တင်းထားခြင်းဖြစ်ကြောင်းသိရပါသည်။

0 comments:

Post a Comment